ျမန္မာစာ: Open Bible Stories

Updated ? hours ago # views See on DCS

၂၈။ပစ္စည်းဥစ္စာကြွယ်ဝသောအရာရှိငယ်တစ်ဦး

Frame 28-01

တစ်နေ့သောအခါတွင် ငယ်ရွယ်၍ချမ်းသာသော အရာရှိငယ်တစ်ဦးသည် ကိုယ်တော်ယေရှုထံသို့ လာ၍ “ကောင်းမြတ်တော်မူသောဆရာ၊ ကျွန်ုပ်သည် နိစ္စထာဝရအသက်ကိုရရှိရန် မည်ကဲ့သို့လုပ်ဆောင်ရမည် နည်း”ဟု မေးမြန်းခဲ့ပါသည်။ကိုယ်တော်ယေရှုက ထိုသူအား “သင်ငါ့အားအဘယ်ကြောင့် ကောင်းမြတ်သည်ဟုဆိုရသနည်း။ လောကတွင်ကောင်းမြတ်သူတစ်ဦးသာရှိ၍ ထိုသူမှာ ထာဝရဘုရားရှင်ပင်ဖြစ်သည်။ သို့သော်သင်သည် နိစ္စထာဝရအသက်ကိုရလိုပါက ဘုရားရှင်၏ပညတ် တော်များကို စောင့်ထိန်းလိုက်နာရမည်”ဟု ပြန်လည်မိန့်တော်မူလိုက်လေသည်။

Frame 28-02

“မည်သည့်ပညတ်တော်များကို ကျွန်ုပ်လိုက်နာရမည်နည်း”ဟု ထိုသူကပြန်လည်မေးလျှောက်လိုက် လေသည်။ ထိုအခါတွင် ကိုယ်တော်ယေရှုက “လူ့အသက်ကိုမသတ်ရ၊သူ့အိမ်ရာကိုမပြစ်မှားရ၊ သူ့ဥစ္စာကိုမခိုးရ၊ မုသားမပြောရ၊ မိဘနှစ်ပါးအား ရိုသေမြတ်နိုးရမည်၊သင်၏အိမ်နီးချင်းအား မိမိကိုယ်ကိုချစ်ခင်သကဲ့သို့ ချစ်ခင်ရမည်”ဟု ပြန်လည်မိန့်တော်မူလိုက်ပါသည်။

Frame 28-03

သို့သော်ထိုလူငယ်မှာ “ကျွန်ုပ်သည်ထိုပညတ်တော်များအား ငယ်စဉ်ဘဝကပင်စောင့်ထိန်း လိုက်နာခဲ့ပါသည်။ ကျွန်ုပ်သည် နိစ္စထာဝရအသက်ကိုရယူရန် မည်သည့်အရာများကို ထပ်မံပြုလုပ်ရပါမည်နည်း”ဟု ပြန်လည်လျှောက်တင်လေသည်။ ထိုအခါတွင်ကိုယ်တော်ယေရှုသည် ထိုလူအားကြည့်၍ ချစ်ခင်တော်မူလေသည်။

Frame 28-04

ကိုယ်တော်ယေရှုက “သင်ပြီးပြည့်စုံသူတစ်ဦးဖြစ်လိုလျှင်သင်ပိုင်ဆိုင်သောပစ္စည်းဥစ္စာများအားလုံးအားရောင်းချ၍ ဆင်းရဲသူများ အားပေးကမ်းစွန့်ကြဲလိုက်ပါ။ ပြီးလျှင်ငါ၏နောက်တော်သို့လိုက်ခဲ့ပါ။ ဤသို့ပြုလျှင် သင်သည် နိဗ္ဗာန်ရွှေမြို့တော်၌ လည်းစည်းစိမ်ဥစ္စာများပေါကြွယ်စွာရရှိပါလိမ့်မည်။"ဟုဖြေကြားတော်မူလေသည်။

Frame 28-05

ထိုလူငယ်သည် ကိုယ်တော်ယေရှုမိန့်တော်မူသည်ကို ကြားသောအခါ အလွန်အမင်းစိတ်မကောင်း ဖြစ်သွားခဲ့လေသည်။ အဘယ်ကြောင့်ဆိုသော် သူသည်အလွန်ချမ်းသာသောသူတစ်ဦးဖြစ်၍ သူ၏ပိုင်ဆိုင်မှုများကို တစ်ခြားလူများအားမပေးလိုသောကြောင့်ဖြစ်သည်။ထို့ကြောင့်သူသည်ကိုယ်တော် ယေရှုအားကျောခိုင်းကာထွက်ခွါသွားလေသည်။

Frame 28-06

ထို့နောက်ကိုယ်တော်ယေရှုသည် သူ၏တပည့်တော်များအား “ချမ်းသာသောသူများသည် နိဗ္ဗာန်ရွှေ မြို့တော်သို့သွားရန် အလွန်ခက်ခဲသည်။ ကုလားအုပ်တစ်ကောင်သည် အပ်နဖါးပေါက်ထဲသို့ ဝင်ရန်လွယ်ကူနိုင်သော်လည်း ချမ်းသာသောသူမှာမူ နိဗ္ဗာန်ရွှေမြို့တော်သို့ဝင်ရောက်နိုင်ရန် အလွန်ပင်ခဲယဉ်းလှ၏” ဟု ဆုံးမတော်မူလေသည်။

Frame 28-07

ကိုယ်တော်ယေရှု၏ တပည့်တော်များသည် ထိုစကားအားကြားသောအခါတွင် အလွန်အံ့ဩတုန်လှုပ်သွားကြပြီး “ဤသို့ဆိုလျှင် ဘုရားရှင်သည် မည်သို့သောသူအားကယ်တင်နိုင်ပါမည်နည်း”ဟူ၍ မေးလျှောက်ကြလေသည်။

Frame 28-08

ကိုယ်တော်ယေရှုသည် တပည့်တော်များအားကြည့်၍ “လူတို့သည်မိမိကိုယ်ကိုကယ်တင်ရန် မတတ်နိုင်သော်လည်း ဘုရားရှင်သည်အရာခပ်သိမ်းတို့အားတတ်နိုင်ပေ၏”ဟု မိန့်တော်မူ လေသည်။

Frame 28-09

ပေတရုက ကိုယ်တော်ယေရှုအား “တပည့်တော်များဖြစ်သော ကျွန်ုပ်တို့သည် ကိုယ်တော်၏နောက်တော်သို့အရာအားလုံးအားစွန့်လွှတ်၍ လိုက်ပါခဲ့ကြပါပြီ။ ကျွန်ုပ်တို့မည်သည့်အကျိုးများခံစားရပါ မည်နည်း”ဟု မေးလျှောက်ကြလေသည်။

Frame 28-10

ကိုယ်တော်ယေရှုက “ငါ့အတွက်ကြောင့်အိမ်မြေ၊ မိဘ၊ ညီအစ်ကိုမောင်နှမများ၊ သားသမီးများနှင့် ပိုင်ဆိုင်မှုများအားစွန့်သောသူသည်ရှိမည့်အပြင် ထိုသို့စွန့်ခဲ့သောအရာများထက်အဆတစ်ရာမကသော ဆုလာဒ်တို့ကို ရရှိမည့်အပြင် နိစ္စထာဝရအသက်ကို ပါရရှိပါလိမ့်မည်။ သို့သော်ယခုအရေးပါအရာရောက်သူတို့သည် အသုံးမဝင်သူများဖြစ်သွားပြီး၊ ယခုအ‌ရေးမပါသောသူတို့သည်အသုံးဝင်သောသူများ ဖြစ်လာကြလိမ့်မည်”ဟု ပြန်လည်မိန့်တော်မူလေသည်။

မဿဲ၁၉း၁၆-၃၀; မာကု ၁၀:၁၇-၃၁; လုကာ ၁၈:၁၈-၃၀