ဗမာစာ: tn

Updated ? hours ago # views See on DCS

Proverbs

Proverbs 1

Proverbs 1:1-3

ယေဘုယျအချက်အလက်၊

အခန်းငယ် ၂-၃၃ သည် ကဗျာဖြစ်သည်။ (ရှု၊ writing_peotry)

ပညာတရားနှင့် နည်းဥပဒေသကို သွန်သင်ရန်

ဤနေရာတွင် အခြားစကားလုံး အသုံးပြုနိုင်သောကြောင့် စိတ္တဇနာမ်ဖြစ်သော "ပညာတရား" နှင့် "သွန်သင်ခြင်း" တို့ကို နာမဝိသေသန သို့မဟုတ် ကြိယာဖြင့် ဖော်ပြနိုင်သည်။ အခြားသောဘာသာပြန်၊ "ဉာဏ်ရှိသောသူဖြစ်မည်အကြောင်း သွန်သင်ရန်နှင့် အကျင့်သိက္ခာရှိစွာ မည်ကဲ့သို့ နေထိုင်ရမည်အကြောင်း လမ်းညွှန်ရန်" (ရှု၊ figs_abstractnouns)

ဉာဏ်နှင့်ယှဉ်သော စကားကို သွန်သင်ရန်

ဤနေရာတွင် "စကားများ" သည် အာဘော်နှင့် သွန်သင်ခြင်းကို ကိုယ်စားပြုသည်။ အခြားသောဘာသာပြန်၊ "ဉာဏ်နှင့်ယှဉ်သော သွန်သင်ခြင်းများကို နားလည်မည်အကြောင်း ကူညီရန်" (ရှု၊ figs_metonymy)

သင်သည် ပြည့်စုံမည်အကြောင်း

ဤနေရာတွင် "သင်" သည် စာဖတ်သူကို ရည်ညွှန်းသည်။ ၎င်းသည် သင်တို့၏စကားတွင် သာမန်ဖြစ်ပါက "ကျွန်ုပ်တို့" ဟူ၍လည်း ဖော်ပြနိုင်သည်။ အခြားသောဘာသာပြန်၊ "ကျွန်ုပ်တို့သည် ပြည့်စုံမည်အကြောင်း" (ရှု၊ figs_you နှင့် figs_inclusive)

အသက်ရှင် နေထိုင်ရန် သွန်သင်ခြင်းကို လက်ခံရမည်အကြောင်း

ဤနေရာတွင် အခြားစကားလုံး အသုံးပြုနိုင်သောကြောင့် စိတ္တဇနာမ် "သွန်သင်ခြင်း" ကို ကြိယာကဲ့သို့ ဖော်ပြနိုင်သည်။ အခြားသောဘာသာပြန်၊ "မည်ကဲ့သို့ နေထိုင်ရန် သွန်သင်ရမည်အကြောင်း" (ရှု၊ figs_abstractnouns)

Proverbs 1:4-6

ပညာတရားကို အတွေ့အကြုံမရှိသောသူအားလည်းကောင်း ပေးမည်ဖြစ်သည်

ဤနေရာတွင် အခြားစကားလုံး အသုံးပြုနိုင်သောကြောင့် စိတ္တဇနာမ်ဖြစ်သော "ပညာတရား" ကို နာမဝိသေသန "ပညာရှိသော" ဟူ၍ ဖော်ပြနိုင်သည်။ ကတ္တားကိုလည်း ခံရသူအဖြစ် ဖော်ပြနိုင်သည်။ အခြားသောဘာသာပြန်ချက်၊ "အတွေ့အကြုံမရှိသောသူအား ပညာရှိသောသူဖြစ်လာစေရန်လည်းကောင်း သွန်သင်ပါ" (ရှု၊ figs_abstractnouns နှင့် figs_activepassive)

အတွေ့အကြုံ မရှိသော

"မကျွမ်းကျင်သော၊ ရင့်ကျက်မှု မရှိသော"

ပျိုရွယ်သောသူတို့ကို ပညာအတတ်နှင့် ကိုယ်ပိုင်ဆုံးဖြတ်ခွင့် ပေးရန်

စိတ္တဇနာမ်ဖြစ်သော "ပညာအတတ်" နှင့် "ကိုယ်ပိုင်ဆုံးဖြတ်ခွင့်" ကို ကြိယာဖြင့် ဖော်ပြနိုင်သည်။ အခြားသောဘာသာပြန်၊ ပျိုရွယ်သောသူတို့အား မည်သည်ကို သိရန်လိုကြောင်းနှင့် မှန်ကန်သောအမှုကို မည်ကဲ့သို့ ပြုရမည်အကြောင်း သွန်သင်ပေးရန်" (ရှု၊ figs_abstractnouns)

ပညာရှိသောသူသည် နားထောင်သဖြင့်၊ ပညာ အတတ်တိုးပွားပါစေ

"ပညာရှိသောသူတို့ စိတ်ပါဝင်စား၍ ပိုမို၍သင်ယူကြပါစေ"

ဉာဏ်ကောင်းသောသူတို့သည် နိဿရည်းဆရာအဖြစ်သို့ ရောက်ပါစေ

"ဤသုတ္တံစကားများမှှ ကောင်းမွန်သောဆုံးဖြတ်ချက်ကို မည်ကဲ့သို့ ချမှတ်ရမည်အကြောင်း နားလည်သောသူတို့သည် သင်ယူကြပါစေ"

စကားထာများ

အကြောင်းအရာကို စဉ်းစားပြီးမှသာ သဘောပေါက်နားလည်နိုင်သော အဆိုအမိန့်များ

Proverbs 1:7-9

ယေဘုယျအချက်အလက်၊

ဖခင်သည် သူ၏သားသမီးကို သွန်သင်သည်။

ထာဝရဘုရားကို ကြောက်ရွံ့သောသဘောသည် ပညာ၏ အချုပ်အခြာဖြစ်သည်

စိတ္တဇနာမ်ဖြစ်ကြသော "ကြောက်ရွံ့ခြင်း၊" "အစပြုခြင်း၊" နှင့် "ပညာ" စသည်တို့ကို ကြိယာအဖြစ် ဖော်ပြနိုင်သည်။ အခြားသောဘာသာပြန်၊ "ပညာကို စတင်၍ သိရှိရန်အတွက် သင်သည် ထာဝရဘုရားကို ရှေးဦးစွာ ကြောက်ရွံ့ရမည်" သို့မဟုတ် "ပညာကို ဆည်းပူးရန်အတွက် သင်သည် ထာဝရဘုရားကို ရှေးဦးစွာ ရိုသေလေးစားရမည်" (ရှု၊ figs_abstractnouns)

ထာဝရဘုရား

ဤအမည်မှာ ဓမ္မဟောင်းကျမ်းထဲမှ သူ့လူမျိုးတို့ကို ဖွင့်ပြတော်မူသော ဘုရားသခင်၏နာမတော်ဖြစ်သည်။ ထာဝရဘုရားအကြောင်း မည်ကဲ့သို့ အနက်ပြန်ရမည်ကိုမူ စကားလုံးဘာသာပြန် စာမျက်နှာတွင် ကြည့်ရှုပါ။

လူမိုက်တို့သည် ပညာနှင့် ဥပဒေသကို မထီမဲ့မြင်ပြုတတ်ကြသည်

"ပညာနှင့်ဥပဒေသကို တန်ဖိုးမထားတတ်သောသူတို့သည် လူမိုက်များဖြစ်ကြသည်။

မပယ်နှင့်

ဤဥပစာအသုံးသည် "မသိကျိုးကျွန်မပြုနှင့်" သိုမဟုတ် "မငြင်းပယ်နှင့်" ဟု အဓိပ္ပာယ်ရသည်။ (ရှု၊ figs_idiom)

ထိုအရာတို့သည် သင်၏ခေါင်း၌ တင့်တယ်သော ဦးရစ်၊ သင်၏လည်ပင်း၌ ပတ်ရစ်သော လည်ဆွဲဖြစ်ကြလိမ့်မည်

မိဘများက သားသမီးများကို သွန်သင်ပေးသော စည်းကမ်းနှင့် လမ်းညွှန်မှုတို့သည် အလွန်ပင် အရေးကြီးသည်သောကြောင့် လူဆင်မြန်းသော လည်ဆွဲ သို့မဟုတ် ဦးရစ်အဖြစ် တင်စားပြောဆိုခြင်းဖြစ်သည်။ အခြားသောဘာသာပြန်၊ "ယင်းတို့မှ သင်တို့၏ ခေါင်းပေါ်၌ ဦးရစ်တင်ထားသကဲ့သို့လည်းကောင်း၊ သင်တို့၏ လည်ပင်းတွင် လှပစေရန် ဆင်မြန်းထားသော လည်ဆွဲကဲ့သို့လည်းကောင်း သင်တို့ကို ပညာဉာဏ်နှင့် ပြည့်စုံစေလိမ့်မည်" (ရှု၊ figs_metaphor)

ဦးရစ်

သစ်ရွက် သို့မဟုတ် ပန်းများ အသုံးပြု၍ အဝိုင်းပုံသဏ္ဌာန် ရက်လုပ်ထားသော

လည်ဆွဲ

လည်ပင်းတွင် ဆွဲ၍ဝတ်ဆင်ရသော လက်ဝတ်ရတနာ

Proverbs 1:10-11

လူဆိုးတို့သည် သင့်ကိုသွေးဆောင်လျှင်

"သူတို့ပြုသည်အတိုင်း အပြစ်ကျူးလွန်ရန် သင့်ကို သွေးဆောင်ဖြားယောင်းလျှင်"

ဝန်မခံနှင့်

"ထိုသူတို့အား ငြင်းပယ်ပါ" သိုမဟုတ် "ထိုသူတို့အား နားမထောင်ပါနှင့်"

ထိုသူတို့က ပြောဆိုခဲ့လျှင်

ဤနေရာတွင် စကားပြောသောသူက လူဆိုးတို့သည် တစ်စုံတစ်ယောက်ကို အပြစ်ကျူးလွန်ရန် သွေးဆောင်နိုင်ကြောင်း ဥပမာပေးထားသည်။ (ရှု၊ figs_hypo)

စောင့်ကြစို့

"အခွင့်ကောင်းကို ချောင်းမြောင်း၍ စောင့်ကြစို့"

Proverbs 1:12-14

ယေဘုယျအချက်အလက်၊

အခန်းငယ် ၁၂-၁၄ သည် အခြားလူတို့အား အပြစ်သို့ သွေးဆောင်သော လူဆိုးများကို စိတ်ကူးထဲတွင် ပုံဖော်ချက်ဖြင့် အဆုံးသတ်သည်။

အသက်ရှင်လျက်ရှိသော ထိုသူတို့ကို မရဏာ နိုင်ငံမျိုသကဲ့သို့ မျိုကြစို့

သူတို့သည် မရဏာနိုင်ငံ၌ ရှိနေကြသကဲ့သို့၊ သူတို့သည် အသက်ရှင်ကျန်းမာလျက်ရှိသောသူကို သေသောသူလားရာအရပ်သို့ ခေါ်ဆောင်မည်အကြောင်း လူဆိုးတို့သည် အပြစ်လွတ်သောသူတို့ကို သတ်အံ့သောငှာ ပြောဆိုကြသည်။ (ရှု၊ figs_metaphor)

မရဏာနိုင်ငံ မျိုသကဲ့သို့ ... မျိုကြစို့

တစ်စုံတစ်ယောက်သည် လူသားတို့ကို မျိုချကာ လူသေများရှိသောအရပ်သို့ ခေါ်ဆောင်နေသကဲ့သို့ သင်္ချိုင်းတွင်းအကြောင်းကို ပြောဆိုသည်။ (ရှု၊ figs_personification)

အသက်ရှင်လျက်ရှိသော ထိုသူတို့ကို မရဏာ နိုင်ငံမျိုသကဲ့သို့

ဆိုးမိုက်သောသူသည် သူတို့၏သားကောင်ကို သူသေများနေသောအရပ် မရဏာနိုင်ငံ၌ ပြုကြသည်အတိုင်း အသက်ရှင်လျက်ရှိသောသူတို့ကို ဖျက်ဆီးရန် မျှော်လင့်သည်။

သင်္ချိုင်းတွင်းသို့ ဆင်းသောသူတို့ကဲ့သို့ ပြုကြစို့

ဖြစ်နိုင်သော အဓိပ္ပာယ်များမှာ ၁) မည်သူကမျှ ရှာမတွေ့သောနေရာ တွင်းနက်ထဲသို့ ပြုတ်ကျသော ခရီးသွားများကို ရည်ညွှန်းသည် သို့မဟုတ် ၂) ဤနေရာတွင် "တွင်း" သည် မရဏာနိုင်ငံ သို့တည်းမဟုတ် သေသောသူတို့ လားရာအရပ်ဟူ၍ အဓိပ္ပာယ်ရသည့် အခြားသော စကားလုံးဖြစ်သည်။

ငါတို့နှင့် ပေါင်းဖော်လော့

ဥပစာအသုံးဖြစ်သည်။ အခြားသောဘာသာပြန်၊ "ကျွန်တော်တို့နှင့် လာပေါင်းပါ" (ရှု၊ figs_idiom)

ရသောဥစ္စာကို အညီအမျှ ပိုင်ကြစို့

ဤနေရာတွင် ရသောဥစ္စာ (ပိုက်ဆံအိတ်) သည် ခိုး၍ရလာသမျှသော ပစ္စည်းဥစ္စာအလုံးစုံတို့နှင့် အလားတူပင်ဖြစ်သည်။ အခြားသောဘာသာပြန်၊ "ခိုး၍ ရသမျှသောဥစ္စာတို့ကို အညီအမျှ ခွဲဝေကြမယ်" (ရှု၊ figs_metonymy)

ဥစ္စာ (ပိုက်ဆံအိတ်)

ပိုက်ဆံထည့်ရန် အိတ်

Proverbs 1:15-17

သူတို့နှင့်အတူ မလိုက်နှင့်၊ သူတို့သွားသောလမ်းကို ရှောင်လော့

လူဆိုးတို့ပြုသည်အတိုင်း လိုက်၍ပြုမူခြင်းကို ရှောင်ရှားရမည်အကြောင်း သားကို ထိုကဲ့သို့ မလိုက်ဘဲ ရှောင်ရှားရန် သို့မဟုတ် လူဆိုးတို့ သွားသောလမ်းကို ရှောင်ရန်ပြောဆိုခြင်းဖြစ်သည်။

သူတို့ခြေသည် ဒုစရိုက်ပြုရာ သို့ပြေး၍

သူတို့သည် ဒုစရိုက်ပြုရာသို့ ပြေးသကဲ့သို့ လူဆိုးတို့သည် မကောင်းသောအမူ ပြုခြင်း၌ စိတ်အားထက်သန်လျက် ရှိကြကြောင်း ပြောဆိုခြင်းဖြစ်သည်။ အခြားသောဘာသာပြန်၊ "သူတို့သည် ယုတ်မာသောအမှုများကို စိတ်ထက်သန်စွာ ပြုလုပ်ကြခြင်း ဖြစ်သည်" (ရှု၊ figs_metaphor)

သူတို့ခြေသည် ပြေး၍

ဤနေရာတွင် "ခြေ" သည် ခန္ဓာကိုယ် တစ်ခုလုံးကို ကိုယ်စားပြုသည်။ အခြားသောဘာသာပြန်၊ "သူတို့သည် ပြေး၍" (ရှု၊ figs_synecdoche)

သွေးမြေကျစေရန်

ဤနေရာတွင် "သွေး" သည် လူ့အသက်တစ်ချောင်းဖြစ်သည်။ "သွေးမြေကျ" စေရန် ဆိုသည်မှာ လူတစ်‌ယောက်ကို သတ်ရန်ဟု အဓိပ္ပာယ်ရသည်။

... မျက်မှောက်၌ ပိုက်ကွန်ကို ဖြန့်ထားလျှင် အကြံမမြောက်ရာ

ဤကျမ်းပိုဒ်သည် အခန်း ၁:၁၈ တွင် အဆုံးသတ်သော နှိုင်းယှဉ်ခြင်းတစ်ခုကို အစပြုသည်။ မျက်မှောက်တွင်ရှိသော ပိုက်ကွန်ကို ရှောင်ရှားသော ငှက်၏ ဉာဏ်ပညာနှင့် မိမိကိုယ်တိုင် ဆင်ထားသောထောင်ချောက်၌ မိတတ်သော လူဆိုးတို့၏ မိုက်မဲမှုကို နှိုင်းယှဉ်ထားသည်။

Proverbs 1:18-19

လူဆိုးတို့သည် ကိုယ်အသွေးကို သွန်အံ့သောငှာ စောင့်၍—ကိုယ်အသက်ကို သတ်အံ့သောငှာ ချောင်းမြောင်းတတ်ကြ၏

ဤနေရာတွင် ကျမ်းချက် ၁:၁၅ မှ စတင်သော နှိုင်းယှဉ်ခြင်းသည် အဆုံးသတ်သည်။ သူတို့ကိုယ်သူတို့ ထောင်ချောက်ဆင်၍ သတ်သေသကဲသို့ လူတို့သည် သူတို့ကိုယ်ကိုသူတို့ ဒုစရိုက်အမှုပြုခြင်းအားဖြင့် ဖျက်ဆီးနေကြကြောင်း ပြောဆိုခြင်းဖြစ်သည်။ အခြားသောဘာသာပြန်၊ "သို့သော် ဤလူတို့သည် ငှက်များထက် ပို၍မိုက်မဲကြသည်။ ကိုယ်တိုင်ဆင်ထားသော ထောင်ချောက်များ၌ သူတို့ကိုယ်ကိုသူတို့ မိလျက် သေတတ်ကြသည်" (ရှု၊ figs_metaphor)

ထိုသို့သော အကျိုးကို အယောက်စီတိုင်း ခံရမည်

ဤသည်မှာ လူတစ်ယောက် လျှောက်ရမည့် လမ်းကဲ့သို့ တစ်စုံတစ်ယောက်၏ ကံကြမ္မာ သို့မဟုတ် ကံတရားကို ဆိုလိုခြင်းဖြစ်သည်။ အခြားသောဘာသာပြန်၊ "ဤသည်မှာ အယောက်စီတိုင်း တွေ့ကြုံရမည်အရာဖြစ်သည်" (ရှု၊ figs_metaphor)

မတရားသောစီးပွားသည် မိမိ အရှင်၏အသက်ကို သတ်တတ်၏

မတရားသောစီးပွားသည် အရှင်ကို သတ်တတ်သကဲ့သို့ အတင်းအဓ္ဓမ ပြုခြင်း၊ ခိုးယူခြင်းနှင့် လိမ်လည်ခြင်းတို့မှ ဥစ္စာရတတ်ရန်ကြိုးပမ်း၍ လူသည် သူ့ကိုယ်သူ ဖျက်ဆီးနေကြောင်း ဆိုလိုသည်။ အခြားသောဘာသာပြန်၊ "မတရားသော ဥစ္စာကိုရတတ်ခြင်းသည် သူ့အရှင်၏အသက်ကို သတ်တတ်သကဲ့သို့" (ရှု၊ figs_metaphor)

Proverbs 1:20-22

ယေဘုယျအချက်အလက်၊

ကျမ်းချက် ၁:၂၀-၁:၃၃ အထိသည် ပညာအကြောင်းကို အမျိုသမီးတစ်ဦးမှ လူအများတို့ကို ပြောကြားနေသကဲ့သို့ ပြောဆိုဖော်ပြသည်။ (ရှု၊ figs_personification)

ပညာသည် ပြင်မှာ ကြွေးကြော်၍

သင်တို့၏ သာသာစကားတွင် ပညာကို မြို့ထဲ၌ လူအများတို့အား ကြွေးကြော်သော အမျိုးသမီးတစ်ဦးကဲ့သို့ မှတ်ယူခွင့် မရှိလျှင်၊ "အဘွား ပညာသည် ပြင်မှာ ကြွေးကြော်၍" သို့မဟုတ် "ဂုဏ်သရေရှိ သမီးပျိုကညာ ပညာသည် ပြင်မှာ ကြွေးကြော်၍" သို့မဟုတ် "ပညာသည် ပြင်မှာ ကြွေးကြော်သော အမျိုးသမီးတစ်ဦးကဲ့သို့ဖြစ်သည်" ဟူ၍ အနက်ပြန်နိုင်သည်။ (ရှု၊ figs_personificaiton)

သူမ၏ အသံကို မြှင့်၍

ဥပစာအသုံးဖြစ်သည်။ အခြားသောသာသာပြန်၊ "ကျယ်လောင်သောအသံဖြင့် ပြောဆိုသည်" (ရှု၊ figs_idiom)

ပြင်အရပ်များမှာ

လူအများ စုဝေးနေကြသောအရပ် ဟူ၍ အဓိပ္ပာယ်ရသည်။ အခြားသောဘာသာပြန်၊ "လေဟာပြင် ဈေးတွင်" သို့မဟုတ် "မြို့လယ်ကောင်ရှိ လေးထောင့်ကွက်လပ်တွင်" (ရှု၊ figs_explicit)

လူစည်းဝေးရာလမ်းများ အဦး၌

ဖြစ်နိုင်သော အဓိပ္ပာယ်များမှာ ၁) "ဦး" သည် လူအများစုဝေးရာ လမ်းဆုံလမ်းဝအရပ်ကို ရည်ညွှန်းသည် သို့တည်းမဟုတ် ၂) "ဦး" သည် မြို့ရိုးထိပ် ပညာရှိတို့ ဆိုဆုံးမနေသည့် လူစည်ကားရာ လမ်းများကို မြင်နိုင်ကြားနိုင်သောအရပ်ကို ဆိုလိုသည်။

အိုလူမိုက်တို့၊ သင်တို့သည်မိုက်သောအကျင့်ကို အဘယ်မျှကာလပတ်လုံး နှစ်သက်ကြမည်နည်း

ပညာသည် ဤမေးခွန်းကို မိုက်မဲသောသူတို့အား အပြစ်တင် ကြိမ်းမောင်းရန် အသုံးပြုသည်။ အခြားသောဘာသာပြန်၊ "လူမိုက်ဖြစ်သော သင်သည် မိုက်သောအကျင့်ကို နှစ်သက်ခြင်းမှ အဆုံးသတ်ရပ်ရပါမည်" (ရှု၊ figs_rquestion)

မိုက်သော

"အတွေ့အကြုံ မရှိသော၊ ရင့်ကျက်မှု မရှိသော"

သင်တို့သည်မိုက်သောအကျင့်ကို နှစ်သက်လျက်၊ ကဲ့ရဲ့သောသူတို့သည် ကဲ့ရဲ့ခြင်း၌ မွေ့လျော်လျက်၊ မိုက်မဲသောသူတို့သည် ပညာအတတ်ကို မုန်းလျက်၊ အဘယ်မျှကာလပတ်လုံး နေကြလိမ့်မည်နည်း

ပညာသည် ဤမေးခွန်းကို ကဲ့ရဲ့ခြင်း၌ မွေ့လျော်သူနှင့် မိုက်သောသူတို့အား ပြစ်တင်ကြိမ်းမောင်းရန် အသုံးပြုသည်။ အခြားသောဘာသာပြန်၊ "ကဲ့ရဲ့တတ်သော သင်သည် ကဲ့ရဲ့ခြင်း၌ မွေ့လျော်ခြင်းမှလည်းကောင်း၊ မိုက်သောသူသည် ပညာအတတ်ကို မုန်းခြင်းမှသော်လည်းကောင်း ရပ်ရပါမည်" (ရှု၊ figs_rquestion)

Proverbs 1:23-25

ယေဘုယျအချက်အလက်၊

ပညာအကြောင်း ဆက်လက်ပြောဆိုဆွေးနွေးသည်။ (ရှု၊ figs_personification)

ဂရုစိုက်ပါ

"သေချာစွာ နားထောင်ပါ"

ငါ့ဝိညာဉ်ကို သင်တို့အပေါ်သို့ ငါသွန်းလောင်း၍

ပညာသည် လူတို့အား သူမတွေးခေါ်စဉ်းစား၍ရသမျှအကြောင်း ပြောဆိုနေခြင်းကို သူမ၏ အတွေးများသည် သွန်းလောင်း၍ရသော အရည်ဖြစ်သကဲ့သို့ ပြောဆိုသည်။ (ရှု၊ figs_metaphor)

ငါ့စကား၏ အနက်အဓိပ္ပာယ်ကို နားလည်စေမည်

ဤနေရာတွင် "စကား" သည် စဉ်းစားတွေးခေါ်သမျှကို ရည်ညွှန်းသည်။ အခြားသောဘာသာပြန်၊ "ငါ မည်ကဲ့သို့ ထင်မှတ်သည်ကို ပြောပြမည်" (ရှု၊ figs_metonymy)

ငါ့လက်ကို ဆန့်၍

ဤပုဒ်စုသည် ဥပစာအသုံးတစ်ခုဖြစ်ပြီး လာရောက်ရန် လက်ယပ်ခေါ်သည် သို့မဟုတ် ဖိတ်ခေါ်သည်ဟု အဓိပ္ပာယ်ရသည်။ အခြားသောဘာသာပြန်၊ "ကျွနု်ပ်ထံသို့ လာရောက်ရန် ဖိတ်မန္တကပြုပါသည်" (ရှု၊ figs_idiom)

Proverbs 1:26-27

ယေဘုယျအချက်အလက်၊

ပညာအကြောင်း ဆက်လက်ဆွေးနွေးပြီး သူမကို ပယ်သောသူတို့၌ မည်သို့ဖြစ်ပျက်မည်ကို ဖေါ်ပြသည်။

ငါ ရယ်မည်

စကားလုံး "ထို့ကြောင့်" ဟူ၍လည်း အမျိုသမီးပညာမှသူတို့ကို ရယ်သွမ်းသွေးသည်ကို ဖေါ်ပြရန် ရေးသားတင်ပြနိုင်သည် အဘယ်ကြောင့်ဆိုသော် ထိုသူတို့မှ သူမကို ပယ်ကြသည်။ (ရှု၊ writing_connectingwords)

သင်တို့သည် ဘေးဥပဒ်နှင့် တွေ့ကြုံသောအခါ

"သင်တို့ထံ ဆိုးသောအမှု ရောက်သောအခါ"

ကြောက်မက်ဖွယ်သောအမှု ရောက်သောအခါ

စိတ္တဇနာမ် "ထိတ်လန့်ကြောက်ရွံ့ခြင်း" ကို နာမဝိသေသနအဖြစ် ဖေါ်ပြနိုင်သည်။ အခြားသောဘာသာပြန်၊ "သင်တို့သည် ကြောက်လန့်တကြား ဖြစ်နေကြသောအခါ" (ရှု၊ figs_abstractnouns)

သင်တို့ ပျက်စီးခြင်းအမှုသည် လေပြင်းမုန်တိုင်းကဲ့သို့ရောက်လာသောအခါ ...

လူတို့၌ ထိတ်လန့်စရာအကြောင်းများ ဖြစ်ပျက်သည်ကို လေပြင်းမုန်တိုင်းမှ သူတို့အား ရိုက်ခတ်၍ ကြောက်ရွံ့ခြင်းနှင့် ပူပန်ဆင်းရဲခြင်းများ ခံစားရသကဲ့သို့ နှိုင်းယှဉ်တင်ပြထားသည်။ (ရှု၊ figs_simile)

လေပြင်းမုန်တိုင်း

ပျက်စီးစေတတ်သည့် အလွန်ပြင်းထန်သော လေမုန်တိုင်း

Proverbs 1:28-30

ဆက်စပ်မှုဖေါ်ပြချက်၊

ပညာအကြောင်းကို ဆက်လက်၍ ပြောဆိုဆွေးနွေးသည်။ (ရှု၊ figs_personification)

သူတို့သည် ငါ့ကို ခေါ်ကြလိမ့်မည်

"ငါ့ကို ပယ်သောသူတို့သည် အကူအညီအတွက် ကျွန်ုပ်ကို အော်ဟစ်တောင်းဆိုကြလိမ့်မည်"

အဘယ်ကြောင့်ဆိုသော် သူတို့သည် ပညာအတတ်ကိုမုန်းကြ၏

စိတ္တဇနာမ် "ပညာအတတ်" ကို ကြိယာ "သင်ယူသည်" ဟု ဖေါ်ပြနိုင်သည်။ အခြားသောဘာသာပြန်၊ "အဘယ်ကြောင့်ဆိုသော် သူတို့သည် ပညာရှိဖြစ်ဖို့အလို့ငှာ သင်ယူရန် ငြင်းဆန်ကြသည်" (ရှု၊ figs_abstractnouns)

ထာဝရဘုရားကို ကြောက်ရွံ့သော သဘောကို အလိုမရှိကြ

စိတ္တဇနာမ် "ကြောက်ရွံ့ခြင်း" ကို ကြိယာအဖြစ် ဖေါ်ပြနိုင်သည်။ အခြားသောဘာသာပြန်၊ "ထာဝရဘုရားကို မကြောက်ကြ" သို့မဟုတ် "ထာဝရဘုရားကို ရိုသေလေးမြတ်ခြင်း မရှိကြ" (ရှု၊ figs_abstractnouns)

ငါသတိပေးခြင်းကို အလျှင်းနားမခံကြ

"ငါ့ညွှန်ကြားချက်ကို လက်မခံကြ" သို့မဟုတ် "ငါ့အကြံပြုချက်ကို ပယ်ချကြသည်"

Proverbs 1:31-33

ယေဘုယျအချက်အလက်၊

အခန်းကြီး ၃၃ တွင် ကျမ်းချက် ၁:၂၀ မှစတင်လာသည့် ပညာအတတ်အကြောင်းဖေါ်ပြချက် ပြီးဆုံးသည်။

သူတို့လျှောက်လှမ်းကြသောလမ်း၏ အသီးကို စား၍

ဤနေရာတွင် ပုဂ္ဂိုလ်တစ်စုံတစ်ယောက်၏ အပြုအမူကို လျှောက်လှမ်းသော လမ်းခရီးတစ်ခုကဲ့သို့ ပြောဆိုထားသည်။ လူတစ်ယောက်သည် သူတို့ပြုသော ကိုယ်ကျင့်တရား၏ အကျိုးရလဒ် ရရှိခံစားမည်အကြောင်းကိုလည်း တစ်စုံတစ်ယောက်က ကိုယ်ကျင့်ခြင်း၏ အသီးကို စားရမည်ကဲ့သို့ ပြောဆိုသည်။ အခြားသောဘာသာပြန်၊ "သူတို့ပြုသည်အတိုင်း အကျိုးအဆက်ကို ခံစားတွေကြုံရမည်" (UDB) (ရှု၊ figs_metaphor)

ကိုယ်ကြံသော အကြံတို့နှင့် ဝကြလိမ့်မည်

"သူတို့သည် ဝလင်သည်အထိ ကိုယ်ကြံစည်သော အသီးကို စားကြလိမ့်မည်။" သူတို့ကိုယ်တိုင် ကြံစည်သည့် ဆိုးယုတ်သောစီမံချက်၏ အကျိုးရလဒ် တွေ့ကြုံခံစားရမည်အကြောင်းကို ကိုယ်ကြံစည်သော အသီးကို စားသုံးခြင်းကဲ့သို ပြောဆိုထားသည်။ အခြားသောဘာသာပြန်၊ "ထိုသူတို့ကိုယ်တိုင် ပိုင်ဆိုင်သည့် ဆိုးယုတ်သောအကြံအစည်၏ အကျိုးအဆက်ကို တွေ့ကြုံခံစားကြလိမ့်မည်" (ရှု၊ figs_metaphor)

ဉာဏ်တိမ်သောသူ

"အတွေ့အကြုံ မရှိသော၊ ရင့်ကျက်မှုမရှိသော"

လမ်းလွဲသဖြင့် အသက်ဆုံးတတ်ကြ၏

တစ်စုံတစ်ယောက်မှ ပညာအတတ်ငြင်းပယ်ခြင်းကို လူတစ်ဦးသည် ခန္ဓာကိုမှ ပညာအတတ်ကို နှင်ထုတ်သကဲ့သို့ ပြောဆိုထားသည်။ အခြားသောဘာသာပြန်၊ "သူတို့သည် သင်ယူရန် ငြင်းဆန်သောကြောင့် သေဆုံးကြသည်" (ရှု၊ figs_metaphor နှင့် figs_activepassive)

မိုက်သောသူတို့သည် သတိလစ်သောအားဖြင့် ပျက်စီးခြင်းသို့ ရောက်တတ်ကြ၏

စိတ္တဇနာမ် "ဥပေက္ခာပြုခြင်း" ကို ကြိယာကဲ့သို့ ဖော်ပြနိုင်သည်။ အခြားသောဘာသာပြန်၊ "မိုက်သောသူတို့သည် လုပ်ဆောင်မည့်အရာပေါ်တွင် စိတ်မဝင်စားကြသောကြောင့် သေဆုံးခြင်းသို့ရောက်လိမ့်မည်" (ရှု၊ figs_abstractnouns)

သတိ လစ်သော

တစ်စုံတစ်ရာကို စိတ်ဝင်စားမှု ကင်းမဲ့ခြင်း

Proverbs 2

Proverbs 2:1-2

ယေဘုယျအချက်အလက်၊

ဖခင်တစ်ဦးမှ ကဗျာလင်္ကာဖြင့် သူ၏သားကို သွန်သင်သည်။ (ရှု၊ figs_parallelism)

သင်သည်ပညာစကားကို နားထောင်၍

ဤနေရာတွင် "စကား" သည် သွန်သင်ခြင်းကို ကိုယ်စားပြုသည်။ အခြားသောဘာသာပြန်၊ "ကျွန်ုပ်သွန်သင်ပေးသောအရာကို သင်သည် နားထောင်ခဲ့လျှင်" (ရှု၊ figs_metonymy)

သင်သည် လက်ခံနားထောင်လျှင်

ကျမ်းချက် ၂:၅ တွင် အဆုံသတ်ထားသည့် ခြွင်းချက်သဘောဆောင်သော ရေးသားဖွဲ့နွဲ့ပုံ အစဉ်လိုက်ကို ဤနေရာတွင် အစပြုသည်။ သင်တို့၏ ဘာသာစကားတွင် သာမန်အသုံးမျှသာ ဖြစ်ခဲ့လျှင်၊ သင်တို့သည် ဤခြွင်းချက်သဘောဆောင်သော ရေးသားဖွဲ့နွဲ့ပုံကို UDB ထဲမှ အမိန့်ပေးစေခိုင်းသကဲ့သို့ အနက်ပြန်နိုင်သည်။

ငါ့ပညတ်တို့ကို ကိုယ်အထဲ၌ သွင်းမိလျှင်

ပညတ်ထားသောအရာများ တန်ဖိုးထားသည်ကို ပညတ်တော်များအား ရတနာကဲ့သို့လည်းကောင်း၊ လူကို ရတနာသိမ်းဆည်းရာ သိုက်အဖြစ်သို့လည်းကောင်း ပြောဆိုသည်။ အခြားသောဘာသာပြန်၊ "ကျွန်ုပ်၏ ပညတ်တော်များကို တန်ဖိုးကြီးသော ရတနာကဲ့သို့ မှတ်ယူပါ" (UDB) (ရှု၊ figs_metaphor)

စေတနာစိတ်နှင့် ဉာဏ်ကို ရှာဖွေသည်တိုင်အောင်၊ ငါ့စကားကို နားခံ၍၊

သင်သည် ကျမ်းချက် ၂:၁ ကို အမိန့်ပေးစေခိုင်းသကဲ့သို့ အနက်ပြန်လျှင်၊ ကျမ်ချက် ၂:၂ ကိုလည်း UDB အတိုင်း အမိန့်ပေးစေခိုင်းသကဲ့သို့ အနက်ပြန်နိုင်သည်။ သင်သည် ကျမ်းချက် ၂:၁ ကို ခြွင်းချက်သဘောကဲ့သို့ အနက်ပြန်လျှင်၊ ကျမ်ချက် ၂:၂ ကိုလည်း UDB အတိုင်း ခြွင်းချက်သဘောကဲ့သို့ အနက်ပြန်နိုင်သည်။ အခြားသောဘာသာပြန်၊ "စေတနာစိတ်နှင့် ဉာဏ်ကို ရှာဖွေသည်တိုင်အောင်၊ ငါ့စကားကို နားခံ၍၊ ငါ့ပညတ်တို့ကို ကိုယ်အထဲ၌ သွင်းမိလျှင်" (ရှု၊ figs_imperative)

နားခံ၍

ဥပစာအသုံးတစ်ခုဖြစ်သည်။ အခြားသောဘာသာပြန်၊ "ဂရုတစိုက် နားထောင်ရန် သင့်ကိုယ်သင် အကျပ်ကိုင်ပါ" (ရှု၊ figs_idiom)

ဉာဏ်ပညာ

ဤစိတ္တဇနာမ်ကို ကြိယာကဲ့သို့ ပြောဆိုရေးသားနိုင်သည်။ အခြားသောဘာသာပြန်၊ "ကျွန်ုပ်သင်ပေးသော ပညာအရာများကို နားထောင်ပါ" (ရှု၊ figs_abstractnouns)

စေတနာစိတ်နှင့် ဉာဏ်ကို ရှာဖွေသည်တိုင်အောင်

ဤနေရာတွင် "နှလုံး" သည် လူ၏စိတ်ကို ကိုယ်စားပြုသည်။ "သင်၏စိတ်နှလုံး တိမ်းညွတ်ပါ" ဟူသောပုဒ်စုသည် ဥပစာအသုံးဖြစ်ပြီး တစ်စုံတစ်ယောက်၏စိတ်ကို အလုပ်တစ်ခု၌ ဆက်ကပ်၍ လုံးဝနှစ်မြှှပ်ထားသည်ကို ဆိုလိုသည်။ အခြားသောဘာသာပြန်၊ "ဉာဏ်ပညာဟူသည်မှာ အဘယ်နည်းဟူ၍ နားလည်ရန် ကြိုးပမ်းသည်" (UDB) သို့မဟုတ် "ဉာဏ်ကူသောသင်ကြားမှုများကို နားလည်သဘောပေါက်ရန် သင့်ကိုယ်သင် လုံးဝနှစ်မြှပ်ထားသည်" (ရှု၊ figs_metonymy နှင့် figs_idiom)

Proverbs 2:3-5

သိပ္ပံအတတ်ကိုခေါ်၍၊ ဉာဏ်နောက်သို့ အသံကိုလွှင့်လျှင်

ဤရေးသားပုံနှစ်မျိုးတို့သည် တူညီသောအဓိပ္ပာယ်ရှိကြသည်။ တစ်စုံတစ်ယောက်သည် ဉာဏ်ပညာရှိရန်အလို့ငှာ ထာဝရဘုရားထံ စိတ်ပြင်းပြစွာ တောင်းလျှောက်နေခြင်းကို သွယ်ဝိုက်ညွှန်းဆိုသည်။ အခြားသောဘာသာပြန်၊ "သင်သည် ထာဝရဘုရားထံ အရေးတကြီး တောင်းလျှောက်၍ ဉာဏ်ပညာအတွက် အသနားခံလျှင်" (ရှု၊ figs_parallelism နှင့် figs_explicit)

သင်သည် ခေါ်လျင် ... သင်သည် ရှာလျှင်

ကျမ်းချက် ၂:၁ မှ အစပြုသည့် ခြွင်းချက်သဘောဆောင်သော ရေးသားချက် အကြောင်းအရာ အစဉ်လိုက်များကို ဆက်လက်တင်ပြခြင်းဖြစ်သည်။ အကယ်၍ သင်သည် ကျမ်းချက် ၁:၁-၂ မှ ရေးသားချက်ကို အမိန့်ပေးစေခိုင်းသကဲ့သို့ အနက်ပြန်လျှင်၊ သင်သည် UDB ကဲ့သို့ ဤကျမ်းချက်ကိုလည်း အမိန့်ပေးစေခိုင်းသကဲ့သို့ အနက်ပြန်ရပါမည်။

အသံကို လွှင့်

ဥပစာအသုံးတစ်ခုဖြစ်ပြီး ကျယ်လောင်စွာ ပြောဆိုသည် သို့မဟုတ် ဟစ်ကြွေးသည်ဟု အဓိပ္ပာယ်ရသည်။ (ရှု၊ figs_idiom)

ငွေကိုရှာတတ်သကဲ့သို့ ပညာကိုရှာ၍၊ ဝှက်ထားသောဘဏ္ဍာကို စူးစမ်းတတ်သကဲ့သို့၊ ဉာဏ်ကို စူးစမ်းလျှင်

ဤရေးသားပုံနှစ်မျိုးတို့သည် တူညီသောအဓိပ္ပာယ်ရှိကြသည်။ ဤဥပမာတို့သည် လူတစ်ယောက်က ဉာဏ်ပညာကို နားလည်သဘောပေါက်ရန်အတွက် ပြုသင့်သမျှ ပြင်းထန်စွာ ကြိုးပမ်းအားထုတ်မှုကို အသားပေးသည်။ အခြားသောဘာသာပြန်၊ "သင်သည် ပညာကိုရှာရာ၌ တန်ဖိုးကြီးသော ဘဏ္ဍာကို ရှာဖွေသကဲ့သို့ တတ်စွမ်းသမျှ ကြိုးပမ်းလျှင်" (ရှု၊ figs_parallelism and figs_simile)

သင်သည် ရှာ၍ ... ဉာဏ်ကို စူးစမ်း

ဉာဏ်ဟူသောအရာကို နားလည်သဘောပေါက်ရန် လွန်စွာကြိုးပမ်း စူးစမ်းခြင်းကို ဉာဏ်သည် လူတစ်ဦးမှ ရှာဖွေရမည့် ဘဏ္ဍာကဲ့သို့ ပြောဆိုရေးသားထားသည်။ (ရှု၊ figs_metaphor)

ဘုရားသခင်ကိုသိသော ဉာဏ်နှင့် ပြည့်စုံလိမ့်မည်

ထာဝရဘုရားကိုသိခြင်းနှင့် ပြည့်စုံရမည်ကို ဘုရားသခင်၏ ဉာဏ်ပညာတော်ကို ရှာဖွေစူးစမ်းပြီးမှ ရတတ်သော ဘဏ္ဍာကဲ့သို့ ပြောဆိုရေးသားထားသည်။ (ရှု၊ figs_metaphor)

Proverbs 2:6-8

နားလည်နိုင်သော ဥာဏ်သည် နှုတ်ကပတ်တော်အားဖြင့်သာ ဖြစ်တတ်၏

ဤနေရာတွင် "နှုတ်ခမ်း" သည် ထာဝရဘုရားကိုသော်လည်းကောင်း သူ၏နှုတ်ကပတ်တော်ကိုလည်းကောင်း ဖော်ပြသည်။ အခြားသောဘာသာပြန်၊ "ဉာဏ်ပညာနှင့် နားလည်သဘောပေါက်ခြင်းတို့သည် ထာဝရဘုရားထံမှလာသည်" သိုမဟုတ် "ထာဝရဘုရားသည် ကျွန်ုပ်တို့သိရှိ၍ နားလည်သဘောပေါက်ရမည့်အရာတို့ကို မိန့်ကြားတော်မူသည်" (ရှု၊ figs_metonymy)

ဖြောင့်မတ်သောသူတို့အဘို့ ပညာရတနာကို သိုထားတော်မူ၏

ဘုရားသခင်မှ လူတို့အား ဉာဏ်ပညာ ပေးသနားတော်မူသည်ကို ဉာဏ်ပညာသည် ထာဝရဘုရားမှ သိမ်ဆည်း၍ လူတို့အား ပေးသနားတော်မူနိုင်သော အရာတစ်ခုကဲ့သို့ ပြောဆိုထားသည်။ အခြားသောဘာသာပြန်၊ "သူသည် ဖြောင့်မတ်၍ စိတ်တော်တွေ့သောသူကို သွန်သင်ပေးတော်မူသည်" (ရှု၊ figs_metaphor)

ယုတ္တိတန်သော

ယုံကြည်အားထားလောက်သော

တရားသဖြင့်ကျင့်သောသူတို့ကို ကွယ်ကာတော်မူ၏

ဘုရားသခင်သည် သူ၏လူတို့အား ကာကွယ်စောင့်ရှောက်နေသည်ကို သူသည် ဒိုင်းတစ်ခုကဲ့သို့ဖြစ်ကြောင်း ပြောဆိုသည်။ အခြားသောဘာသာပြန်၊ "ထိုသူတို့ကို ဘုရားသခင် ကွယ်ကာတော်မူသည်" (ရှု၊ figs_metaphor)

တရားသဖြင့်ကျင့်သောသူတို့ကို

တရားသဖြင့် ကျင့်ကြံပြုမူနေသောသူကို ဂုဏ်သိက္ခာဖြင့်လျှောက်လှမ်းနေသကဲ့သို့ ပြောဆိုသည်။ အခြားသောဘာသာပြန်၊ "သမာဓိရှိစွာဖြင့် ပြုမူသောသူ" သို့မဟုတ် "သူတို့၏အသက်တာကို သူတို့ပြုသင့်သည်အတိုင်း ရှင်သန်နေထိုင်သောသူ" (ရှု၊ figs_metaphor)

တရားလမ်းကို စောင့်ရှောက်မည်

ဖြစ်တန်ရာသော အနက်အဓိပ္ပာယ်များမှာ ၁) တရားမျှတခြင်းကို လမ်းတစ်ခုကဲ့သို့ ပြောဆိုသည်။ အခြားသောဘာသာပြန်၊ "ဘုရားသခင်သည် တရားသဖြင့် ကျင့်သောသူတို့ကို သေချာအောင် ကြည့်ရှုစစ်ဆေးသည်" သိုမဟုတ် ၂) တစ်စုံတစ်ယောက်၏ အသက်တာကို လမ်းခရီးတစ်ခုကဲ့သို့ ပြောဆိုသည်။ အခြားသောဘာသာပြန်၊ "ဘုရားသခင်သည် တရားမျှတစွာ ကျင့်ကြံပြုမူသောသူအား ကွယ်ကာတော်မူသည်" (ရှု၊ figs_metaphor)

သူတို့၏ လမ်းခရီးကို လုံခြုံစေတော်မူ၏

တစ်စုံတစ်ယောက်၏ အသက်တာကို ခရီးတစ်ခု သို့မဟုတ် လမ်းတစ်လမ်း ဖြစ်သကဲ့သို့ ပြောဆိုသည်။ အခြားသောဘာသာပြန်၊ "ထိုသူတို့ကို ကွယ်ကာသည်" (ရှု၊ figs_metaphor)

Proverbs 2:9-10

လျစ်လျူစွာ ဆုံးဖြတ်ခြင်း

"တရားမျှတခြင်း"

ကောင်းသောလမ်း ရှိသမျှ

ပညာရှိစွာသော်လည်းကောင်း ဘုရားသခင်၏ စိတ်တော် တွေ့စေရန်သော်လည်းကောင်း ပြုမူကျင့်ကြံခြင်းကို ကောင်းသောလမ်းကဲ့သို့ ဖြစ်ကြောင်း ပြောဆိုသည်။ အခြားသောဘာသာပြန်၊ "ဘုရားသခင်ကို စိတ်တော်တွေ့စေမည့် လမ်းကြောင်းပေါ်၌ နေထိုင်ရန်" (ရှု၊ figs_metaphor)

ပညာသည် သင်၏နှလုံးထဲသို့ ဝင်၍

ဤနေရာတွင် "နှလုံး" သည် တစ်စုံတစ်ယောက်၏ အတွင်းစိတ်ကို ရည်ညွှန်းသည်။ လူတစ်ယောက် ဉာဏ်ပညာနှင့်ပြည့်ဝလာသည်ကို လူတစ်ယောက်၏ နှလုံးထဲ၌ ပညာဝင်သကဲ့သို့ ပြောဆိုသည်။ အခြားသောဘာသာပြန်၊ "သင်သည် ပညာများစွာ ရရှိလိမ့်မည်" သို့မဟုတ် "သင်သည် မည်ကဲ့သို့ အမှန်အကန်ပညာတတ်ဖြစ်မည်အကြောင်း သင်ယူရလိမ့်မည်" (ရှု၊ figs_metonymy နှင့် figs_metaphor)

သင့်ဝိညာဉ်သည် သိကြားခြင်း၌ မွေ့လျော်သောအခါ

ဤနေရာတွင် "ဝိညာဉ်" သည် လူတစ်ကိုယ်လုံးကို ရည်ညွှန်းသည်။ အခြားသောဘာသာပြန်၊ "သင်သည် ပျော်မွေ့သောအခါ" သို့မဟုတ် "သင်သည် ပျော်ရွှင်သောအခါ" (ရှု၊ figs_synecdoche)

Proverbs 2:11-13

သမ္မာသတိသည် သင့်ကို ထိန်းသိမ်း၍၊ ဉာဏ်သည်လည်း စောင့်ရှောက်သဖြင့်

ဤနေရာတွင် "သမ္မာသတိ" နှင့် "ဉာဏ်" တို့အား တစ်စုံတစ်ယောက်ကို စောင့်ကြည့်နိုင်သော လူပုဂ္ဂိုလ်များကဲ့သို့ ပြောဆိုသည်။ အချက်အလက်နှစ်ခုစလုံး၏ အဓိပ္ပာယ်မှာ အခြေခံအားဖြင့် တူညီကြသည်။ အခြားသောဘာသာပြန်၊ "သင်သည် သေချာစွာစဉ်းစားလျက် အမှားအမှန်ကို ပိုင်းခြားနားလည်သဖြင့် လုံခြုံလိမ့်မည်" (ရှု၊ figs_personification နှင့် figs_parallelism)

သမ္မာသတိ

ပြုမူခြင်းနှင့် ပြောဆိုခြင်းတို့တွင် သတိထားနေထိုင်တတ်သည့် အရည်အချင်း

စောင့်ရှောက်

ကြည့်ရှုစောင့်ရှောက်၊ ကွယ်ကာ သို့မဟုတ် တစ်စုံတစ်ယောက်သော်လည်းကောင်း၊ တစ်စုံတစ်ခုကိုလည်းကောင်း ပြုစုစောင့်ရှောက်သည်

ဆိုးသောလမ်းမှ ကယ်တင်လိမ့်မည်

"ထိုသူတို့က" ဟူသောစကားလုံးသည် သမ္မာသတိနှင့် ဉာဏ်တို့အား တစ်စုံတစ်ယောက်ကို ကယ်တင်နိုင်သည့် လူပုဂ္ဂိုလ်တစ်ဦးကဲ့သို့ ရည်ညွှန်းသည်။ အခြားသောဘာသာပြန်၊ "မကောင်းသောအမှုတို့ကို ဝေးစွာရှောင်ကြဉ်ရမည်အကြောင်း သင်သည်သိရှိလာလိမ့်မည်" (ရှု၊ figs_personification)

ဆိုးသောလမ်းမှ

မကောင်းသော ကျင့်ကြံပြုမူခြင်းကို လူတို့လျှောက်သော လမ်းခရီးကဲ့သို့ မကောင်းမှုကို ပြောဆိုခြင်းဖြစ်သည်။ (ရှု၊ figs_metaphor)

ဖြောင့်မတ်သောလမ်းကို စွန့်၍၊ မိုက်မဲသောလမ်းသို့ လိုက်သောသူ

မှန်ကန်သောအမှုကိုပြုခြင်း မရှိတော့ဘဲ မကောင်းမှု၌ကျင်လည်ရန် စိတ်ပိုင်းဖြတ်သောသူကို လမ်းမှန်ပေါ် လျှောက်လှမ်းခြင်းအား ရပ်တန့်ပြီး လမ်းမှားသို့ လိုက်လျှောက်သောသူ တစ်ယောက်ကဲ့သို့ ပြောဆိုသည်။ (ရှု၊ figs_metaphor)

စွန့်သောသူ

"သူ" ဟူသောစကားလုံးသည် ကောက်သောစကားပြောတတ်သောသူကို ရည်ညွှန်းသည်။

စွန့်ပစ်

ထွက်ခွါ၍ လုံးဝပြန်လာခြင်းမရှိသောသူ သို့မဟုတ် တစ်စုံတစ်ရာ

Proverbs 2:14-15

သူတို့သည် မွေ့လျော်၍

"သူတို့" သည် ကျမ်းချက် ၂:၁၁ ထဲမှ လူတို့ကို ရည်ညွှန်းသည်။

အဓမ္မလူ၏ ကောက်လိမ်ခြင်းကို အားရနှစ်သက်

အရင်းခံအားဖြင့် ဤအကြောင်းအရာသည် ဝါကျအစပိုင်းနှင့် အဓိပ္ပာယ်တူသည်။ အခြားသောဘာသာပြန်၊ "မကောင်းမှုဖြစ်ကြောင်း သူတို့သည် သိသော်လည်း ပြုလုပ်ရန် အားရနှစ်သက်ကြသည်" (ရှု၊ figs_parallelism)

သူတို့သည် ကောက်သောလမ်းသို့သာ လိုက်သည်

အခြားသူတို့ကို လိမ်လည်သောသူကို ကောက်သောလမ်းကို လျောက်သောသူကဲ့သို့ ပြောဆိုသည်။ အခြားသောဘာသာပြန်၊ "သူတို့သည် အခြားသောသူတို့ကို လှည့်စားသည်" (ရှု၊ figs_metaphor)

မုသားဆို၍ သူတို့၏ လမ်းကြောင်းကို ဖုံးကွယ်ထားသည်

လူတို့သည် မုသားသုံးသဖြင့် အခြားသောသူတို့သည် မည်သို့ပြုကြသည်ကို မသိကြခြင်းကို မည်သူမျှ လိုက်လျောက်၍မရနိုင်အောင် လမ်းကြောင်းကို ဖုံးကွယ်ထားသကဲ့သို့ ပြောဆိုသည်။ အခြားသောဘာသာပြန်၊ "သူတို့သည် မုသားစကားကို သုံးသောကြောင့် မည်သူကမျှ မည်သည့်အမှုပြုသည်ကို သိရှိကြမည် မဟုတ်ပါ" (ရှု၊ figs_metaphor)

Proverbs 2:16-17

ယေဘုယျအချက်အလက်၊

ဖခင်သည် သူ၏သားကို ဉာဏ်ပညာကသာ သူအားကွယ်ကာမည်ဖြစ်ကြောင်း ဆက်လက်၍ သွန်သင်ဆုံးမသည်။

ဉာဏ်ပညာနှင့် ကိုယ်ပိုင်ဆုံးဖြတ်တတ်ခြင်းတို့က သင့်ကို ကယ်တင်လိမ့်မည်

ကျမ်းပြုရေးသားသူသည် ဉာဏ်ပညာနှင့် ကိုယ်ပိုင်ဆုံဖြတ်ခွင့်တို့ကို ထိုအရာများ ပိုင်ဆိုင်ထားသောသူကို ကယ်တင်သည့် လူပုဂ္ဂိုလ်များကဲ့သို့ သုံးနှုန်းပြောဆိုသည်။ အခြားသောဘာသာပြန်၊ "သင်၌ ဉာဏ်ပညာနှင့် ကိုယ်ပိုင်ဆုံးဖြတ်ခြင်းရှိလျှင်၊ သင့်ကိုသင် ကယ်တင်နိုင်လိမ့်မည်" (ရှု၊ figs_personification)

အသက်ငယ်စဉ် ပဲ့ပြင်သော ကျေးဇူးရှင်

ဤနေရာတွင် သူမ၏ ငယ်ရွယ်စဉ်က လက်ထပ်ယူထားသော ခင်ပွန်းသည် လင်ယောက်ျားကို ရည်ညွှန်းသည်။

မိမိဘုရားသခင်၏ ပဋိညာဉ်တရားကို မေ့လျော့သော မိန်းမ

ဤနေရာတွင် သူမ၏လင်ယောက်ျားနှင့် ဘုရားရှေ့တော်မှောက်၌ ပြုကြသည့် လက်ထပ်ပဋိညာည်စာချုပ်ကို ရည်ညွှန်းဟန်ရှိသည်။

Proverbs 2:18-19

ထိုမိန်းမ၏အိမ်သည် သေခြင်းနှင့်လည်းကောင်း

ဖြစ်တန်ရာသော အဓိပ္ပာယ်များမှာ ၁) "သူမ၏အိမ်သို့ သွားခြင်းသည် သေခြင်းကိုပို့ဆောင်ပေးသည်" သိုမဟုတ် ၂) "သူမ၏အိမ်သို့ သွားသောလမ်းသည် သေခြင်းဆီသို့ သွားသောလမ်းဖြစ်သည်။"

သူလိုက်သော လမ်းတို့သည် ခေါ်ဆောင်သွားလိမ့်မည်

ဖြစ်တန်ရာသော အဓိပ္ပာယ်များမှာ ၁) "သူမ၏ အိမ်သို့သွားသောလမ်းသည် သင့်ကို ဦးဆောင်လိမ့်မည်။" ဤနေရာတွင် သူမ၏အိမ်သို့ ပို့ဆောင်သောလမ်း သို့မဟုတ် လမ်းကြောင်းကို ရည်ညွှန်းသည်, သို့မဟုတ် ၂) ဤအသုံးသည် သူမ၏ ဘဝရှင်သန်ပြုမူနေထိုင်ပုံ ကို သူမလျှောက်သော လမ်းခရီးတစ်ခုကဲ့သို့ ပြောဆို တင်စားမူပြုခြင်းဖြစ်သည်။ အခြားသောဘာသာပြန်၊ "သူမ၏ လူနေမှုဘဝသည် သင့်ကို ဦးဆောင်သွားလိမ့်မည်" (ရှု၊ figs_metaphor)

သင်္ချိုင်းသားနေရာနှင့်လည်ကောင်း

ဤနေရာတွင် သေလွန်ပြီးသောသူတို့၏ ဝိညာည်များကိုသော်လည်းကောင်း၊ လူသေတို့နေသောအရပ်ကို ဆက်စပ်၍ ရည်ညွှန်းသည်။ အခြားသောဘာသာပြန်၊ "သင်္ချိုင်းဆီသို့" (ရှု၊ figs_metonymy)

သူ၏အိမ်သို့ ဝင်သောသူ

ဤနေရာတွင် သူမအိမ်သို့ သူမနှင့်အတူ အိပ်စက်ရန် သွားသည်ကို၊ ပြည့်တန်ဆာနှင့်အတူ ပျော်ပါးသကဲ့သို့ဖြစ်ကြောင်း ဆိုလိုသည်။ (ရှု၊ figs_euphemism)

တစ်စုံတစ်ယောက်မျှ မပြန်ရ၊ အသက်လမ်းကို မမှီရ

ဖြစ်တန်ရာသော အဓိပ္ပာယ်များမှာ ၁) "သူတို့သည် အသက်ရှင်ရာအရပ်ဒေသသို့ ပြန်လာမည် မဟုတ်" သို့မဟုတ် ၂) "သူတို့သည် ပျော်ရွှင်စရာဘဝ၌ နောက်ထပ်တစ်ဖန် နေထိုင်ရလိမ့်မည် မဟုတ်။"

Proverbs 2:20-22

ထို့ကြောင့်

ကျမ်းစာရေးသောသူသည် ဉာဏ်ပညာနှင့် ကိုယ်ပိုင်ဆုံးဖြတ်ခွင့် ရှိခြင်း၏ ရလဒ်ကို ပြောပြသည်။

လမ်းခရီးထဲက မထွက်ဘဲ ... အစဉ်တစိုက်လိုက်ရမည်

လူတစ်ဦး၏ ပြုမူဆောင်ရွက်ချက်ကို ခရီးလမ်းတစ်ခု လျောက်ခြင်းကဲ့သို့ ပြောဆိုသည်။ အခြားသောဘာသာပြန်၊ "သင်သည် လမ်းခရီးကို လိုက်ရမည် ... ပုံဆောင်ခြင်းနောက်ကိုလိုက်၍" (ရှု၊ figs_metaphor)

အဓမ္မလူတို့မူကား၊ ပြည်တော်မှပယ်ရှင်းခြင်း ခံရကြလိမ့် မည်

ကျမ်းရေးသားသူက ထာဝရဘုရားသည် လူတို့အား ပြည်တော်မှ နှင်ထုတ်မည့်အကြောင်းကို သူသည် လူတစ်ယောက်မှ သစ်ပင်ကိုင်းကို ချိုင်သကဲ့သို့ ပြောဆိုသည်။ဤနေရာတွင် ကတ္တားကို ဝါကျအစ၌ ဖော်ပြနိုင်သည်။ အခြားသောဘာသာပြန်၊ "ထာဝရဘုရားသည် အဓ္ဓမလူတို့အား ပြည်တော်မှ နှင်ထုတ်တော်မူလိမ့်မည်" (ရှု၊ figs_metaphor နှင့် figs_activepassive)

အဓ္ဓမလူ ... လွန်ကျူးသောသူ

ဤစကားလုံးများသည် နာမ်နှင့်ဆိုင်သော နာမဝိသေသနများဖြစ်ကြပြီး နာမဝိသေသနအဖြစ်လည်း ဖော်ပြနိုင်သည်။ အခြားသောဘာသာပြန်၊ "အဓ္ဓမအမှုကိုပြုသောသူ ... လွန်ကျူးခြင်းကိုပြုသောသူ" သို့မဟုတ် "အဓ္ဓမလူများ ... လွန်ကျူးသောသူများ" (ရှု၊ figs_nominaladj)

လွန်ကျူးသော သူတို့သည် နှုတ်ပစ်ခြင်းကို ခံရကြလိမ့်မည်

ကျမ်းရေးသားသူက ထာဝရဘုရားသည် လူတို့အား ပြည်တော်မှ နှင်ထုတ်မည့်အကြောင်းကို သူသည် လူတစ်ယောက်မှ သစ်ပင်ကိုင်းကို ချိုင်သကဲ့သို့ ပြောဆိုသည်။ဤနေရာတွင် ကတ္တားကို ဝါကျအစ၌ ဖော်ပြနိုင်သည်။ အခြားသောဘာသာပြန်၊ "ထာဝရဘုရားသည် လွန်ကျူးသောသူတို့အား ဖယ်ရှားတော်မူလိမ့်မည်" (ရှု၊ figs_metaphor နှင့် figs_activepassive)

Proverbs 3

Proverbs 3:1-2

ယေဘုယျအချက်အလက်၊

ကျမ်းရေးသားသူသည် ဖခင်မှ သူ၏သားသမီးတို့ကို ကဗျာလင်္ကာသုံး၍ သင်ပေးနေသကဲ့သို့ ပြောဆိုသည်။ (ရှု၊ figs_parallelism)

ငါပေးသောတရားကို မမေ့နှင့်

"စေခိုင်းခြင်းများ" ဟူသောစကားလုံးကို ကြိယာကဲ့သို့ အနက်ပြန်နိုင်သည်။ အခြားသောဘာသာပြန်၊ "ငါစေခိုင်းသည်ကို မမေ့နှင့်" (ရှု၊ figs_abstractnouns)

ငါ့ပညတ်တို့ကို သင်၏နှလုံးစောင့်ရှောက်ပါစေ

ဤပုဒ်စုသည် ပထမပုဒ်စုမှ အငြင်းစကားရပ်အသုံးကို အဟုတ်စကားရပ်ဖြင့် ပြောသည်။ ဤနေရာတွင် "နှလုံး" သည် စိတ်ကို ကိုယ်စားပြုသည်။ "သင်ကြားခြင်းများ၊ ပညတ်တို့" ကို ကြိယာကဲ့သို့ အနက်ပြန်နိုင်သည်။ အခြားသောဘာသာပြန်၊ "ငါ သင်ကြားပေးသည်တို့ကို အစဉ်အမြဲ သတိရကြပါ" (ရှု၊ figs_parallelism နှင့် figs_metonymy နှင့် figs_abstractnouns)

အသက်တာရှည်သော ကာလနှစ်ပေါင်းများ

ဤပုဒ်စုနှစ်ခုတို့သည် တူညီသော အနက်အဓိပ္ပာယ် ရိကြပြီး အသက်တာရှည်စွာ နေထိုင်ခြင်းကို ဆိုလိုသည်။ အခြားသောဘာသာပြန်၊ "အသက်တာ ရှည်စွာ" (ရှု၊ figs_doublet)

Proverbs 3:3-4

ကရုဏာတရားနှင့် သစ္စာတရားကို သင်နှင့် မကွာစေနှင့်

အငြင်းစေခိုင်းချက်ကို အဟုတ်ဖြင့်လည်း ဖော်ပြနိုင်သည်။ အခြားသောဘာသာပြန်၊ "ကရုဏာတရားနှင့် သစ္စာတရားကို ပြုကျင့်ရန် အစဉ်တစိုက် သေချာစွာလုပ်ဆောင်ပါ" (ရှု၊ figs_personification)

ထိုတရားတို့ကို သင်၏လည်ပင်း၌ ဆွဲထားလော့

ကျမ်းရေးသူသည် "ကရုဏာတရား" နှင့် "သစ္စာတရား" တို့ကို လည်ပင်း၌ ဆွဲထားရသောလည်ဆွဲရတနာပစ္စည်းကဲ့သို့ ပြောဆိုထားသည်။ ဤပုံသဏ္ဌာန်က ယင်းအရာများသည် လူတို့မှ ယူတင်၍ဝတ်ဆင်ရမည့် အဖိုးထိုက်သော ရတနာပစ္စည်းဖြစ်ကြောင်း ဖော်ပြသည်။ အခြားသောဘာသာပြန်၊ "တစ်ယောက်သောသူမှ လည်ပင်း၌ ဆင်မြန်းထားသကဲ့သို့ ဂုဏ်ယူစွာ ယူတင်ဝတ်ဆင်ပါ" (ရှု၊ figs_metaphor)

နှလုံးအင်းစာရင်း၌ ရေးသွင်းလော့

ဤနေရာတွင် နှလုံးသည် လူတစ်ယောက်၏ စိတ်ကို ရည်ညွှန်းသည်။ စိတ်ကို တစ်စုံတစ်ယောက်က အချက်အလက်နှင့် စေခိုင်းချက်များကို ၎င်းအပေါ်တွင် ရေးသားနိုင်သော အချပ်အပြားတစ်ခုကဲ့သို့ ပြောဆိုထားသည်။ အခြားသောဘာသာပြန်၊ "ကျောက်စာတိုင်ပေါ်တွင် ရာသက်ပန်မပျက်စီးစေရန် ရေးသားသကဲ့သို့ ၎င်းတို့ကို အစဉ်အမြဲ သတိရအောက်မေ့ပါ" (ရှု၊ figs_metonymy and figs_metaphor)

ဘုရားသခင်ရှေ့ လူတို့ရှေ့မှာ

ဤနေရာတွင် ရှေ့ သည် တရားစီရင်ခြင်း သို့မဟုတ် ဝေဖန်ချင့်တွက်ခြင်းကို ရည်ညွှန်းသည်။ အခြားသောဘာသာပြန်၊ "ဘုရားသခင်နှင့် လူတို့၏ တရားစီရင်ခြင်းတွင်" (ရှု၊ figs_metaphor)

Proverbs 3:5-6

စိတ်နှလုံးအကြွင်းမဲ့

ဤနေရာတွင် "နှလုံး" ဟူသော စကားလုံးသည် လူ၏အတွင်းသဏ္ဌာန်ကို ကိုယ်စားပြုသည်။ အခြားသောဘာသာပြန်၊ "သင်၏ တစ်ကိုယ်လုံး" (ရှု၊ figs_metonymy)

ကိုယ်ဉာဏ်ကို အမှီမပြုနှင့်

ကျမ်းရေးသားသူသည် တစ်စုံတစ်ယောက်၏ ကိုယ်ပိုင်ဉာဏ်အပေါ် အားကိုးခြင်းကို "ဉာဏ်" သည် လူတစ်ယောက်က မှီ၍ရသော ဝတ္ထုပစ္စည်းတစ်ခုကဲ့သို့ ပြောဆိုသည်။ အခြားသောဘာသာပြန်၊ "သင်၏ ကိုယ်ပိုင်ဉာဏ်ကို အားမကိုးပါနှင့်" (ရှု၊ figs_metaphor)

သွားလေရာရာ၌

ကျမ်းရေးသားသူသည် တစ်စုံတစ်ယောက်၏ ပြုမူဆောင်ရွက်ချက်ကို ထိုသူသည် လူသွားလမ်းပေါ်တွင် ရှိနေသကဲ့သို့ ပြောဆိုသည်။ အခြားသောဘာသာပြန်၊ "သင်လုပ်ဆောင်သမျှအရာ၌" (ရှု၊ figs_metaphor)

သင်၏လမ်းခရီးတို့ကို ပဲ့ပြင်တော်မူမည်

ကျမ်းရေးသူသည် ဘုရားသခင်မှ လူ၏ ပြည့်စုံသောဆောင်ရွက်ခွင့် ပြုတော်မူသည်ကို ထိုသူ၏ ပြုမူဆောင်ရွက်ချက်သည် သူလျှောက်ရသောလမ်းကဲ့သို့လည်းကောင်း၊ ဘုရားသခင်သည် အခက်အခဲများစွာထဲမှ လွတ်ခွင့် ပြင်ဆင်တော်မူကြောင်းကိုလည်းကောင်း ပြောဆိုသည်။ အခြားသောဘာသာပြန်၊ "သူသည် သင့်ကို အောင်မြင်ခြင်း ပေးသနားတော်မူလိမ့်မည်" (ရှု၊ figs_metaphor)

Proverbs 3:7-8

ငါသည်ပညာရှိ၏ဟု ကိုယ်ကို မမြင်နှင့်

ကျမ်းရေးသူသည် လူတစ်ဦး၏ထင်မြင်ချက်ကို တစ်စုံတစ်ခုကို သူ၏မျက်လုံးဖြင့် မြင်တွေ့နေသကဲ့သို့ ပြောဆိုထားသည်။ အခြားသောဘာသာပြန်၊ "ပညာရှိသည်ဟု ကိုယ့်ကိုယ်ကို မထင်နှင့်" (ရှု၊ figs_metaphor)

ဒုစရိုက်ကို ရှောင်လော့

ကျမ်းရေးသူသည် မကောင်းသောအမှု ကျူးလွန်ခြင်းကို မကောင်းမှုမှ ရှောင်လွဲရသကဲ့သို့ ပြောဆိုသည်။ အခြားသောဘာသာပြန်၊ "မကောင်းသောအမှုကို ကျူးလွန်ခြင်းမပြုပါနှင့်" (ရှု၊ figs_metaphor)

သို့ပြုလျှင် သင်၏အကြောတို့သည် အားသန်၍၊ အရိုးတို့သည် ခြင်ဆီနှင့် ပြည့်စုံကြလိမ့်မည်

"သို့" ဟူသော စကားလုံးသည် ကျမ်းရေးသူမှ အရင်ကျမ်းချက်တွင် ပေးထားသော လမ်းညွှန်ချက်တို့ကို ပြန်လည်ရည်ညွှန်းသည်။ ပြီးပြည့်စုံသော အဓိပ္ပာယ်ကို ရှင်းလင်းစွာ ပေးနိုင်သည်။ "အသွေးအသား" ဟူသောစကားလုံးသည် လူတစ်ကိုယ်လုံးကို ကိုယ်စားပြုသည်။ အခြားသောဘာသာပြန်၊ "ထိုသို့ပြုလျှင်၊ သင်၏ခန္ဓာကိုယ်သည် အနာရောဂါပျောက်ကင်းလိမ့်မည်" (ရှု၊ figs_explicit and figs_metonymy)

Proverbs 3:9-10

ရှိသမျှ၊ ထွက်သမျှ

"ရိတ်သိမ်းသမျှ"

သင်၏စပါးကျီတို့သည် ကြွယ်ဝလိမ့်မည်

ဤနေရာတွင် ကတ္တားကို ပြုသူအဖြစ် ဖော်ပြနိုင်သည်။ အခြားသောဘာသာပြန်၊ "သင်၏ စပါးကျီတို့သည် ပြည့်လိမ့်မည်" (ရှု၊ figs_activepassive)

စပါးကျီ၊ ဘဏ္ဍာသိုက်

စားစရာတို့ကို သိုလှောင်ထားသော အဆောက်အအုံ သို့မဟုတ် အခန်း

စပျစ်သီးနယ်ရာ တန်ဆာတို့ကို အသစ်သော စပျစ်ရည် လျှံလိမ့်မည်

သင်၏ စပျစ်ထည့်သောစည်တို့သည် ကွဲထွက်လုမတတ် ပြည့်လျှံနေလိမ့်မည်။

Proverbs 3:11-12

ယေဘုယျအချက်အလက်၊

ကျမ်းရေးသူသည် ဖခင်တစ်ဦးမှ သူ၏သားကို သွန်သင်ပေးသကဲ့သို့ ရေးသားထားသည်။

နှစ်သက်တော်မူသော သူကို

"သူက နှစ်သက်တော်မူသော သားတစ်ဦး။" ဤနေရာတွင် သားအပေါ်ထားသော ချစ်ခြင်းမေတ္တာကို ရည်ညွှန်းပြီး၊ သား၏ အမူအကျင့်ကို ဖခင်၏ ခွင့်ပြုမှုမျိုးမဟုတ်ပါ။ အခြားသောဘာသာပြန်၊ "သူချစ်တော်မူသော သားတစ်တယောက်ကို" (ရှု၊ figs_explicit)

Proverbs 3:13-14

ဉာဏ်ပညာကို ရှာ၍ရသောသူသည်

ကျမ်းရေးသူသည် "ဉာဏ်ပညာ" ကို ရှာဖွေ၍ရသော ဝတ္ထုပစ္စည်းကဲ့သို့ ပြောဆိုထားသည်။ အခြားသောဘာသာပြန်၊ "ဉာဏ်ပညာကို ကြိုးပမ်းရရှိသူ" (ရှု၊ figs_metaphor)

ငွေကုန်သွယ်ခြင်း

ဤနေရာတွင် အကျိုးအမြတ်တွက် ငွေကို ကုန်သွယ်ခြင်း သိုမဟုတ် ရင်းနှီးမြှပ်နှံခြင်းတို့ ပြုလုပ်နိုင်ကြောင်း ရည်ညွှန်းသည်။

Proverbs 3:15-16

ယေဘုယျအချက်အလက်၊

ကျမ်းစာရေးသူသည် ဉာဏ်ပညာကို အမျိုးသမီးကဲ့သို့ ပြောဆိုထားသည်။ (ရှု၊ figs_personification)

အဖိုးထိုက်

"အဖိုးတန်သော" သိုမဟုတ် "တန်ဖိုးကြီးသော"

သူ၏လက်ျာလက်၌ အသက်တာရှည်သော ကာလ၊ လက်ဝဲလက်၌ စည်းစိမ်နှင့် ဂုဏ်အသရေရှိ၏

ကျမ်းစာရေးသူသည် ဉာဏ်ပညာရှိခြင်းမှ ရရှိသော အကျိုးအမြတ်များကို သူ၏လက်၌ ဤအရည်အသွေးများ ဝတ်ဆင်ပြီး လူအများကို မျှဝေပေးသည့် အမျိုးသမီးကဲ့သို့ ဉာဏ်ပညာကို ပြောဆိုသည်။ အခြားသောဘာသာပြန်၊ "ဉာဏ်ပညာသည် လူကို အသက်ရှည်ခြင်း၊ ချမ်းသာခြင်းနှင့် ဂုဏ်အသရေကို ပေးသည်" (ရှု၊ figs_personification နှင့် figs_metaphor)

အသက်တာရှည်သော ကာလ

ဤဥပစာစကားသည် အသက်ရှည်ခြင်းကို ဆိုလိုသည်။ အခြားသောဘာသာပြန်၊ "အသက်ရှည်ခြင်း" (ရှု၊ figs_idiom)

Proverbs 3:17-18

ပညာလမ်းတို့သည် သာယာသောလမ်း၊ ပညာလမ်းခရီးရှိသမျှတို့သည် ငြိမ်ဝပ်လျက်ရှိကြ၏

ကျမ်းရေးသူသည် ဉာဏ်ပညာကို အမျိုးသမီးတစ်ဦးနှင့် လူတစ်ဦးကို ဉာဏ်ပညာမှပေးသော အကျိုးအမြတ်ကဲ့သို့လည်းကောင်း၊ ထိုသူ၏ လမ်းခရီးတစ်လျှောက် ဉာဏ်ပညာမှ ဦးဆောင်နေသကဲသို့လည်းကောင်း ပြောဆိုထားသည်။ အခြားသောဘာသာပြန်၊ "ဉာဏ်ပညာသည် အစဉ်အမြဲ သင်တို့ကို ကြင်နာစွာ ပြုစု၍ ငြိမ်ချမ်းခြင်းကို ပေးလိမ့်မည်" (ရှု၊ figs_personification နှင့် figs_metaphor)

ပညာကို ကိုင်ဆွဲသောသူသည် အသက်ပင်ကို ရပြီ

ကျမ်းရေးသူသည် ဉာဏ်ပညာကို အသက်အသီး သီးသော သစ်ပင်တစ်ပင်အဖြစ်နှင့် ဉာဏ်ပညာမှ အကျိုးအမြတ်ရရှိသော လူတစ်ဦးကဲ့သို့လည်းကောင်း၊ ထိုသူသည် အသီးကို စားသကဲ့သို့လည်းကောင်း ပြောဆိုရေးသားသည်။ အခြားသောဘာသာပြန်၊ "ဉာဏ်ပညာသည် သူ၏အသီးကို စားသုံးသောသူအား အကျိုးပြုတတ်သော သစ်ပင်ကဲ့သို့ဖြစ်သည်"

အသက်ပင်

"အသက်ကို ပေးသောအပင်" သို့မဟုတ် "သူ့အသီးမှ အသက်ကို အကျိုးပြုသောအပင်"

လက် မလွှတ်သောသူ

"သူ့အသီးကို လက်မလွတ်သောသူ"

Proverbs 3:19-20

ထာဝရဘုရားသည် မြေကြီးကိုတည်၍၊ မိုးကောင်းကင် ကို ပြင်ဆင်တော်မူပြီ

ကျမ်းရေးသူသည် ထာဝရဘုရားမှ မြေကြီးနှင့် ကောင်းကင်ကို ဖန်ဆင်းသောအကြောင်းကို သူသည် အဆောက်အအုံ အုတ်မြစ်ချသကဲ့သို့ ရေးသားထားသည်။ အခြားသောဘာသာပြန်၊ "ထာဝရဘုရားသည် မြေကြီးကို ဖန်ဆင်း၍ ... ကောင်းကင်တို့ကို ဖန်တီးတော်မူ၏" (ရှု၊ figs_metaphor)

နက်နဲသောအရပ် အက်ကွဲ၍

မြေကြီးအောက်ထဲတွင် ရေတည်ရှိသည်ဟု ရှေးကာလ၌ တွေးခေါ်ယုံကြည်ခဲ့ကြသည်။ ဤပုဒ်စုသည် ဘုရားသခင်က မြေအောက်မှရေထွက်လာစေရန် ပြုလုပ်တော်မူပြီး သမုဒ္ဒရာနှင့် မြစ်တို့ဖြစ်တည်လာရန် ပြုလုပ်တော်မူကြောင်းကို ရည်ညွှန်းသည်။ အခြားသောဘာသာပြန်၊ "သူသည် မြစ်တို့ကို စီးဆင်းစေတော်မူသည်" သို့မဟုတ် "သူသည် သမုဒ္ဒရာတို့ကို ဖြစ်တည်စေတော်မူသည်" (ရှု၊ figs_explicit)

နှင်းရည်

ညဉ့်အချိန်၌ မြေကြီးပေါ်တွင် စုစည်းဖြစ်ပေါ်လာသော ရေ

Proverbs 3:21-22

မျက်မှောက်မှ မကွာစေဘဲ

ကျမ်းရေးသူသည် တစ်စုံတစ်ရာကို မေ့လျော့ခြင်းမရှိရန်အလို့ငှာ ထိုအရာကို မျက်စိဖြင့် အမြဲတမ်းမြင်တွေ့နေရသကဲ့သို့ ပြောဆိုထားသည်။ အခြားသောဘာသာပြန်၊ "ထိုအရာများကို မမေ့နှင့်" (ရှု၊ figs_metaphor)

ထိုရတနာတို့သည် သင်၏ဝိညာဉ်၌ အသက်ဖြစ်လိမ့်မည်

ဤနေရာတွင် "ဝိညာည်" ဟူသောစကားလုံးသည် လူကို ကိုယ်စားပြုသည်။ အခြားသောဘာသာပြန်၊ "ထိုအရာတို့သည် သင်အတွက် အသက်ဖြစ်လိမ့်မည်" (ရှု၊ figs_synecdoche)

သင်၏လည်ပင်း၌ ဂုဏ်အသရေ

ကျမ်းရေးသူသည် "သမ္မာသတိ" နှင့် "ပညာရတနာ" ကို လူတစ်ယောက်သည် လည်ပင်းတွင်ရစ်ပတ်၍ ဆင်မြန်းနိုင်သော လည်ဆွဲကဲ့သို့ ဝတ္ထုပစ္စည်းကဲ့သို့ ပြောဆိုထားသည်။ ပုံဆောင်မှုမှ ဤအရာများသည် လူ၏ အပြင်ပန်း၌ ဖော်ပြသော အဖိုးထိုက်သည့် အရာများကို ညွှန်ပြသည်။ အခြားသောဘာသာပြန်၊ "လည်ဆွဲရတနာနှင့် သူ့ကိုယ်သူ တန်ဆာဆင်ထားသောသူကဲ့သို့ ဂုဏ်အသရေဖြစ်လိမ့်မည်" (ရှု၊ figs_metaphor)

ဂုဏ်အသရေ

ဖြစ်တန်ရာသော အဓိပ္ပာယ်များမှာ ၁) "ဂုဏ်သရေရှိသော အဆင်တန်ဆာ" သို့မဟုတ် ၂) ထာဝရဘုရား၏ ဂုဏ်အသရေကို ဖော်ပြနိုင်သည့် အဆင်တန်ဆာ။"

Proverbs 3:23-24

သင်သည်ခရီးသွားရာ၌ ဘေးမရှိ

ကျမ်းရေးသူသည် လူတစ်ယောက်၏ အသက်ရှင်နေထိုင်ခြင်းကို လမ်းခရီးတစ်ခုကို လျောက်လှမ်းနေသကဲ့သို့ ပြောဆိုသည်။ အခြားသောဘာသာပြန်၊ "သင်၏ဘဝ၌ လုံခြုံစွာ နေထိုင်ရလိမ့်မည်" (ရှု၊ figs_metaphor)

ခြေမတိုက်မိဘဲ သွားလိမ့်မည်

"ခြေ" ဟူသောစကားသည် လူတစ်ကိုယ်လုံးကို ကိုယ်စားပြုသည်။ ကျမ်းရေးသူသည် မှားယွင်းမှုပြုသည်ကို လမ်း၌ အရာဝတ္ထုတစ်ခုအား ခလုတ်တိုက်သကဲ့သို့ ပြောဆိုသည်။ အခြားသောဘာသာပြန်၊ "မှားယွင်းသောအမှုတို့ကို မပြုဘဲနေရမည်" (ရှု၊ figs_synecdoche နှင့် figs_metaphor)

အိပ်သောအခါ

ဤနေရာတွင် လူတစ်ယောက် အိပ်စက်ရန် လဲလျောင်းနေသည်ကို သွယ်ဝိုက်ညွှန်းဆိုသည်။ ယင်းအဓိပ္ပာယ်ကို ရှင်းလင်းစွာ ဖော်ပြနိုင်သည်။ အခြားသောဘာသာပြန်၊ "အိပ်စက်ရန် လဲလျောင်းသောအခါ" (ရှု၊ figs_explicit)

ကောင်းမွန်စွာ အိပ်ပျော်ရလိမ့်မည်

ကျမ်းရေးသူသည် ငြိမ်းချမ်းစွာနှင့် ရွှင်လန်းနှစ်ခြိုက်စွာ အိပ်စက်ခြင်းကို ချိုမြိန်သော အရသာရှိစွာ အိပ်စက်သကဲ့သို့ ပြောဆိုသည်။ "အိပ်စက်ခြင်း" ကို ကြိယာအဖြစ် အနက်ပြန်နိုင်သည်။ အခြားသောဘာသာပြန်၊ "သင်၏အိပ်စက်ခြင်းသည် နှစ်လိုဖွယ်ဖြစ်လိမ့်မည်" သို့မဟုတ် "သင်သည် ငြိမ်းချမ်းစွာ အိပ်စက်ရလိမ့်မည်" (ရှု၊ figs_metaphor နှင့် figs_abstractnouns)

Proverbs 3:25-26

လူဆိုးတွေ့တတ်သော ပျက်စီးရာဘေး၊ ပေါ်လာသောအခါ

ဤစာကြောင်းကို ပြုလုပ်သူသည် ကံအဖြစ်ဖော်ပြနိုင်သည်။ အခြားသောဘာသာပြန်၊ "လူဆိုးက ပျက်စီးရာဘေးကို ဖြစ်စေသောအခါ" (ရှု၊ figs_activepassive)

ထာဝရဘုရားသည် သင်ယုံကြည်ကိုးစားရာဖြစ်၍

"ထာဝရဘုရားသည် သင်၏ဘေး၌ ရှိနေလိမ့်မည်။" လူတစ်ယောက်သည် အခြားတစ်ယောက်၏ နံဘေး၌ရပ်နေသည်ဟူသည်မှာ ဥပစာအသုံးတစ်ခုဖြစ်ပြီး တစ်ယောက်သောသူမှ အခြားတစ်ယောက်ကို ကူညီထောက်ပံ့သည်လိမ့်မည်ဟု အဓိပ္ပာယ်ရသည်။ အခြားသောဘာသာပြန်၊ "ထာဝရဘုရားသည် သင့်ကို ထောက်ပံ့၍ ကွယ်ကာတော်မူလိမ့်မည်" (ရှု၊ figs_idiom)

သင်၏ခြေကို မကျော့မိစေခြင်းငှာ စောင့်မတော်မူလိမ့်မည်

ကျမ်းရေးသူသည် လူတစ်ယောက် "ကြောက်ရွံ့ခြင်း" နှင့် "ပျက်စီးရာဘေး" ကြုံတွေ့နေရခြင်းကို လူတစ်ယောက် ကျော့ကွင်းထောင်ချောက်မိသကဲ့သို့ ပြောဆိုသည်။ "ခြေ" ဟူသော စကားလုံးသည် လူတစ်ကိုယ်လုံးကို ကိုယ်စားပြုသည်။ အခြားသောဘာသာပြန်၊ "သင့်ကို ဒုက္ခပေးချင်သောသူတို့ထံမှ ကွယ်ကာတော်မူလိမ့်မည်" (ရှု၊ figs_metaphor နှင့် figs_synecdoche)

Proverbs 3:27-30

မပြုဘဲမနေနှင့်

"ကောင်းသောအရာတို့ကို မပြုဘဲနေနှင့်" သို့မဟုတ် "ကောင်းသောကျင့်ကြံခြင်းကို မပြုဘဲမနေနှင့်"

ကျေးဇူးပြုရ သော အခွင့်ရှိလျှင်

"ကျေးဇူးပြုနိုင်သော အခွင့်ရရှိလျှင်"

အိမ်နီးချင်းကို ပေးစရာရှိလျက်

"သင်၏လက်ထဲတွင် ပိုက်ဆံရှိနေသောအချိန်၌။" ဤနေရာတွင် လူတစ်ယောက်သည် ကူညီရန် ယနေ့တွင် ပိုက်ဆံရှိပါလျက်နှင့်၊ သူ၏အိမ်နီးခြင်းအား မနက်ဖြန်မှလာရန်ပြောဆိုသည်ဟု အဓိပ္ပာယ်ရသည်။

Proverbs 3:31-32

သူလိုက်သော လမ်းတစ်စုံတစ်ခုကိုမျှ အလိုမရှိနှင့်

အဓ္ဓမလူတို့ ပြုကျင့်သည်အတိုင်း အတုမခိုးရန်အလို့ငှာ ရွေးချယ်ခြင်းမပြုမည်အကြောင်း သွယ်ဝိုက်ပြောဆိုသည်။ အခြားသောဘာသာပြန်၊ "သူတို့လိုက်သောလမ်းများကို အတုခိုးရန် ရွေးချယ်ခြင်း ... မပြုနှင့်" (ရှု၊ figs_explicit)

ထာဝရဘုရားသည် သဘောကောက်သော သူတို့ကို စက်ဆုပ်ရွံ့ရှာတော်မူ၏

"ထာဝရဘုရားသည် စဉ်းလဲသောသူကို စက်ဆုပ်ရွံရှာသည်"

သဘောကောက်သော သူ

မရိုးသားသော သို့မဟုတ် လိမ်လည်လှည့်ဖြားတတ်သော သူ

ဖြောင့်မတ်သောသူတို့မူကား၊ ကိုယ်တော်နှင့် မိတ်သဟာယ ဖွဲ့ရသောအခွင့်ရှိကြ၏

ထာဝရဘုရားသည် မှန်ကန်သောအမှုပြုသူနှင့် နီးကပ်စွာ၊ ယုံကြည်ရသည့် သူငယ်ချင်းအဖြစ် စိတ်တူကိုယ်တူ မျှဝေနေထိုင်တော်မူသည်။ အခြားသောဘာသာပြန်၊ "ထာဝရဘုရားသည် သမာဓိရှိသောသူနှင့် ရင်းနှီးသော သူငယ်ချင်း ဖြစ်ကြသည်" (ရှု၊ figs_explicit)

Proverbs 3:33-34

မတရားသောသူ၏ နေရာသည် ထာဝရဘုရား ကျိန်တော်မူခြင်းကို တွေ့တတ်၏

ကျမ်းရေးသူသည် ထာဝရဘုရား၏ ကျိန်ခြင်းကို မတရားသောသူ၏ အိမ်ဦးအရပ်ရှိ ဝတ္ထုတစ်ခုကဲ့သို့ ပြောဆိုသည်။ "နေရာ၊ အိမ်" ဟူသော စကားလုံးသည် မိသားစုကို ဆိုလိုသည်။ အခြားသောဘာသာပြန်၊ "ထာဝရဘုရားသည် မတရားသောသူ၏ မိသားစုကို ကျိန်ခြင်းပြုတော်မူသည်" (ရှု၊ figs_metaphor နှင့် figs_metonymy)

တရားသောသူ၏ နေရာကိုကား ကောင်းကြီးပေးတော်မူ၏

"နေရာ၊ အိမ်" ဟူသော စကားလုံးသည် မိသားစုကို ဆိုလိုသည်။ အခြားသောဘာသာပြန်၊ "သူသည် တရားသောသူတို့၏ မိသားစုဝင်များကို ကောင်ကြီးပေးတော်မူသည်" (ရှု၊ figs_metonymy)

စိတ်နှိမ့်ချသောသူတို့အားကား၊ ကျေးဇူးပြုတော်မူ၏

ကျမ်းရေးသူသည် ထာဝရဘုရား၏ ကျေးဇူးပြုတော်မူခြင်းကို လူတို့အား ပေးတော်မူသော ပစ္စည်းကဲ့သို့ ပြောဆိုထားသည်။ အခြားသောဘာသာပြန်၊ "သူသည် စိတ်နှလုံးနှိမ့်ချသောသူတို့ထံတွင် ကျေးဇူးတော်ကို ပြတော်မူသည်" သို့မဟုတ် "သူသည် စိတ်နှလုံးနှိမ့်ချသောသူတို့အပေါ်တွင် သနားခြင်းကရုဏာ ထားရှိတော်မူသည်" (ရှု၊ figs_metaphor)

Proverbs 3:35

ပညာရှိသောသူတို့သည် ဘုန်းအသရေကို အမွေခံရ၍

ကျမ်းရေးသူသည် ပညာရှိသောသူတို့ ရရှိထားသော ဘုန်းအသရေနှင့် ဂုဏ်သိက္ခာကို သူတို့သည် ရာသက်ပန်ပိုင်ဆိုင်ထားသည့် ဂုဏ်သိက္ခာကို အမွေခံစားသကဲ့သို့ ပြောဆိုသည်။ အခြားသောဘာသာပြန်၊ "ပညာရှိသောသူတို့သည် ဂုဏ်သိက္ခာရှိကြလိမ့်မည်" သို့မဟုတ် "ပညာရှိသောသူသည် လေးစားလောက်သော ဘုန်းအသရေကို ရရှိလိမ့်မည်" (ရှု၊ figs_metaphor)

မိုက်သောသူတို့မူကား၊ အရှက်ကွဲခြင်းကို ထမ်းသွားရကြလိမ့်မည်

ကျမ်းရေးသူသည် ထာဝရဘုရားမှ မိုက်သောသူ၏ အရှက်ရစေခြင်းအား အယောက်တိုင်းမြင်သာစေရန် ပြုတော်မူသည်ကို ထာဝရဘုရားသည် မိုက်သောသူတို့ကို အများမြင်စေရန် ထမ်းသွားသကဲ့သို့ ပြောဆိုထားသည်။ ဤစာကြောင်းကို ပြုသူကို ကတ္တားနေရာ၌ထား၍ ဖော်ပြနိုင်သည်။ အခြားသောဘာသာပြန်၊ "ထာဝရဘုရားသည် မိုက်သောသူတို့ အရှက်ကွဲခြင်းကို အယောက်စီတိုင်းရှုမြင်ရန်အလို့ငှာ ပြုတော်မူလိမ့်မည်" (ရှု၊ figs_metaphor နှင့် figs_activepassive)

Proverbs 4

Proverbs 4:1-2

ယေဘုယျအချက်အလက်၊

ကျမ်းရေးသူသည် ဖခင်တစ်ဦးမှ သူ၏သားကို သွန်သင်ပေးနေသကဲ့သို့ ပြောဆိုထားသည်။

စေ့စေ့ မှတ်ကြလော့

"သေချာစွာ နားထောင်ကြပါ"

ဉာဏ်သဘောကို နားလည်ခြင်းငှာ

"သင်သည် မည်ကဲ့သို့ သဘောပေါက်ရမည်ကို သိရှိလာလိမ့်မည်" သို့မဟုတ် "သင်သည် ဉာဏ်သဘောကို ဆည်းပူးမိလာလိမ့်မည်"

ကောင်းသောဩဝါဒကို ငါပေး၏

"ငါသွန်သင်ပေးနေသောအရာသည် ကောင်း၏"

Proverbs 4:3-4

ငါမူကား၊ အဘ၏ရင်နှစ် အချစ်ဆုံးသောသားဖြစ်၏

ဤအရေးအသားသည် ဖခင်၏အုပ်ထိန်းမှုအောက်တွင် ကျမ်းရေးသူ နေခဲ့ရသော ငယ်ရွယ်စဉ်အချိန်အခါကို ရည်ညွှန်းသည်။ အခြားသောဘာသာပြန်၊ "ဖခင်၏သွန်သင်မှုကို ခံယူနေစဉ် ကျွန်ုပ်၏ ငယ်စဉ်တောင်ကျေးဘဝတွင်" (ရှု၊ figs_explicit)

နူးညံ့၍ အချစ်ဆုံးသော သား

ဤနေရာတွင် "နူးညံ့" ဟူသော စကားလုံးသည် ကလေးငယ် ခွန်အားမပြည့်စုံမီ ငယ်စဉ်တောင်ကျေးဘဝကို ဆိုလိုသည်။ "... ဆုံးသော" ဟူသော စကားလုံးဖြင့် အနက်တူ ဖွင့်ဆိုရေးသားခြင်းဖြစ်သည်။ အခြားသောဘာသာပြန်၊ "အနူးညံ့ဆုံးသော သား" (ရှု၊ figs_hendiadys)

ငါ့စကားကို သင်၏နှလုံး၌ သွင်းမိ၍

ဤနေရာတွင် "နှလုံး" ဟူသော စကားလုံးသည် လူ၏စိတ်ကို ကိုယ်စားပြုသည်။ ကျမ်းရေးသူသည် စကားလုံးများမှတ်မိသည်ကို နှလုံး၌သွင်းသကဲ့သို့ ပြောဆိုထားသည်။ အခြားသောဘာသာပြန်၊ "သင့်အား ငါသင်ပေးသည်တို့ကို အစဉ်အမြဲ သတိရပါ" (ရှု၊ figs_metonymy and figs_metaphor)

Proverbs 4:5-6

ယေဘုယျအချက်အလက်၊

ဖခင်သည် သူ့အဘသွန်သင်ပေးသည်တို့ကို သူ၏သားအား ဆက်လက်၍ သွန်သင်ပေးသည်။

ပညာကို ဆည်းဖူးလော့

"ဉာဏ်ပညာရရှိရန် သင်ကိုယ်တိုင် ကြိုးစားအားထုတ်ပါ" သို့မဟုတ် "ပညာယူပါ"

သတိမလစ်စေနှင့်

"သတိရပါ"

မလွှဲမရှောင်နှင့်

"လက်ခံပါ"

ငါ၏ နှုတ်ထွက်စကားကို

ဤနေရာတွင် "နှုတ်" သည် စကားပြောသောသူကို ကိုယ်စားပြုသည်။ အခြားသောဘာသာပြန်၊ "ငါပြောသောအရာများကို" (ရှု၊ figs_synecdoche)

ပညာကိုမစွန့်နှင့် သူသည်သင့်ကို ထိန်းသိမ်းလိမ့်မည်၊ သူ့ကိုချစ်လော့ သင့်ကို စောင့်မလိမ့်မည်

ကျမ်းရေးသူသည် ဉာဏ်ပညာကို သစ္စာစောင့်သိသောသူကို ကာကွယ်စောင့်ရှောက်သော အမျိုးသမီးကဲ့သို့ ပြောဆိုသည်။ (ရှု၊ figs_personification and figs_metaphor)

ပညာကို မစွန့်နှင့်

ဤစာကြောင်းကို အဟုတ်ဝါကျအဖြစ် ဖော်ပြနိုင်သည်။ အခြားသောဘာသာပြန်၊ "ဉာဏ်ပညာကို သေချာစွာ ဆုပ်ကိုင်ထားပါ" သို့မဟုတ် "ဉာဏ်ပညာအပေါ်တွင် သစ္စာရှိပါ"

သူမကိုချစ်လော့

"ဉာဏ်ပညာကို ချစ်ပါ"

Proverbs 4:7-9

ယေဘုယအချက်အလက်၊

ဖခင်သည် သူ၏အဘ သွန်သင်ပေးသည့်အရာများကို သူ့ရင်သွေးများအား သွန်သင်ပေးခြင်းကို ပြီးဆုံးသွားသည်။

ဆည်းဖူးသမျှသောဥစ္စာတို့တွင် ဉာဏ်ကိုဆည်းဖူးလော့

"သင်ပိုင်ဆိုင်သောအရာတို့ထက် ဉာဏ်ပညာသည် တန်ဖိုးထားပါ"

သူ့ကိုအမြတ်ထားလော့။ သူသည် သင့်ကို ချီးမြှောက်လိမ့်မည်

ကျမ်းရေးသူသည် ဉာဏ်ပညာကို အမျိုးသမီးတစ်ဦးကဲ့သို့လည်းကောင်း၊ ဉာဏ်ပညာမှ တစ်စုံတစ်ယောက်အား ကြီးစွာသောဂုဏ်ပြုခြင်းကို မြင့်သောနေရာသို့ မြှှင့်တင်ပေးသကဲ့သို့လည်းကောင်း ပြောဆိုထားသည်။ အခြားသောဘာသာပြန်၊ "ဉာဏ်ပညာကို အလေးအမြတ်ထားလျှင်၊ သူမသည် သင့်ကို ကြီးစွာသောဂုဏ်ပြုခြင်း ပေးလိမ့်မည်" (ရှု၊ figs_personification နှင့် figs_metaphor)

အမြတ်ထားသည်

တစ်ယောက်ယောက်ကို သို့မဟုတ် တစ်ခုခုကို ကိုယ်နှင့်ထပ်တူခံစား သို့မဟုတ် ကြီးစွာချစ်ခင်မြတ်နိုးမှုကို ပြသသည်

သူ့ကိုဖက်ယမ်းလျှင်၊ ဂုဏ်အသရေကို ပေးလိမ့်မည်

ကျမ်းရေးသူသည် ဉာဏ်ပညာကို အမျိုးသမီးတစ်ဦးအဖြစ်သော်လည်းကောင်း၊ တစ်ယောက်ယောက်မှ ဉာဏ်ပညာအား တန်ဖိုးထားခြင်းကို သူ၏လက်နှစ်ဘက်ဖြင့် သူမအား ပွေ့ဖက်သကဲ့သို့လည်းကောင်း ပြောဆိုထားသည်။ အခြားသောဘာသာပြန်၊ "သင်သည် ဉာဏ်ပညာကို အလေးအမြတ်ထား၍ ချစ်ခင်လျှင်၊ ဉာဏ်ပညာသည် လူအများက သင့်ကိုဂုဏ်ပြုရန်အကြောင်း ဖြစ်စေလိမ့်မည်" (ရှု၊ figs_personification နှင့် figs_metaphor)

သင်၏ခေါင်းကို တင့်တယ်သောဦးရစ်နှင့် ပတ်ရစ်၍

ကျမ်းရေးသူသည် ဉာဏ်ပညာဆည်ပူးခြင်းမှရရှိသော ဂုဏ်ပြုခံရခြင်းကို ဉာဏ်ပညာမှ တစ်စုံတစ်ယောက်၏ ဦးခေါင်းပေါ်တွင် ဦးရစ်တင်ပေးသကဲ့သို့ ပြောဆိုသည်။ အခြားသောဘာသာပြန်၊ "ဉာဏ်ပညာသည် သင်၏ ကြီးမားသောဂုဏ်သိက္ခာကို ပြသသည် သင်၏ဦးခေါင်းပေါ်မှ ဦးရစ်ကဲ့သို့ ဖြစ်လိမ့်မည်" (ရှု၊ figs_metaphor)

ဦးရစ်

သစ်ရွက် သို့မဟုတ် ပန်းများဖြင့် အဝိုင်းသဏ္ဌာန် ယက်လုပ်ထားသည့် အရာ

ဘုန်းကြီးသောသရဖူကို အပ်နှံလိမ့်မည်

ကျမ်းရေးသူသည် ဉာဏ်ပညာဆည်ပူးခြင်းမှရရှိသော ဂုဏ်ပြုခံရခြင်းကို ဉာဏ်ပညာမှ တစ်စုံတစ်ယောက်၏ ဦးခေါင်းပေါ်တွင် သရဖူ တင်ပေးသကဲ့သို့ ပြောဆိုသည်။ အခြားသောဘာသာပြန်၊ "ဉာဏ်ပညာသည် သင်၏ဦးခေါင်းပေါ်တွင် လှပသော သရဖူကဲ့သို့ ဖြစ်လိမ့်မည်" (ရှု၊ figs_metaphor)

Proverbs 4:10-12

ငါ့စကားကိုနားထောင်နာယူလော့

"ငါသွန်သင်ပေးသောအရာတို့ကို သေချာစွာနားထောင်ပါ"

သင့်အသက် နှစ်ပေါင်းများလိမ့်မည်

"သင်သည် နှစ်ပေါင်းများစွာ အသက်ရှင်လိမ့်မည်"

ပညာလမ်းကိုငါပြသ၍၊ မှန်သောလမ်းခရီးတို့၌ သင့်ကိုငါပို့ဆောင်၏

ကျမ်းရေးသူသည် အမြော်အမြင်ရှိစွာ နေထိုင်ရန် သူ၏သားအား သွန်သင်ခြင်းကို ဉာဏ်ပညာကို ရှာတွေ့နိုင်သောလမ်းများပေါ်၌ သူ၏သားကို လမ်းပြဦးဆောင်နေသကဲ့သို့ ပြောဆိုထားသည်။ အခြားသောဘာသာပြန်၊ "အမြော်အမြင်ရှိစွာ မည်ကဲ့သို့ နေထိုင်ရမည်အကြောင်း သင့်ကို ငါသင်ပေးသည်၊ မှန်သောလမ်းကိုလည်း ရှင်းလင်းဖော်ပြပေးသည်။ (ရှု၊ figs_metaphor)

လျှောက်သွားလျှင် ကျဉ်းမြောင်းရာသို့မရောက်၊ ပြေးသောအခါ တိုက်မိ၍ မလဲရ

ဤစာနှစ်ကြောင်းသည် တူညီသောအဓိပ္ပာယ်ကို ဆောင်ကြသည်။ ကျမ်းရေးသူသည် တစ်စုံတစ်ယောက်ပြုသော ဆုံးဖြတ်ချက်နှင့် လုပ်ဆောင်ချက်များကို ထိုသူသည် လမ်းပေါ်၌ လျှောက်နေခြင်း သို့မဟုတ် ပြေးနေခြင်း ရှိကဲ့သို့လည်းကောင်း၊ တစ်စုံတစ်ယောက် အောင်မြင်နေသည်ကို သူ့ကိုခလုတ်တိုက်စေနိုင်သော အခက်အခဲများ လမ်းခရီး၌ကင်းရှင်းသကဲ့သို့ ပြောဆိုထားသည်။ အခြားသောဘာသာပြန်၊ "သင်သည် တစ်စုံတစ်ရာကို ကြံစည်သောအခါ၊ သင်သည် လုပ်ဆောင်သမျှတို့၌ အောင်မြင်လိမ့်မည်" (ရှု၊ figs_metaphor နှင့် figs_parallelism)

Proverbs 4:13-15

ဥပဒေသကိုကိုင်ဆွဲလော့၊ မလွှတ်နှင့်

ကျမ်းရေးသူသည် တစ်စုံတစ်ယောက်မှ သင်ယူပြီးသောအရာတို့အား အမှတ်ရခြင်းကို "ဥပဒေသ" သည် တစ်စုံတစ်ဦးမှ ဆွဲကိုင်၍ရသော ဝတ္ထုပစ္စည်းတစ်ခုကဲ့သို့ ပြောဆိုထားသည်။ အခြားသောဘာသာပြန်၊ "ငါသင်ပေးသောအရာတို့ကို ဆက်လက်လိုက်နာပြီး မေ့လျော့ခြင်းမရှိပါနဲ့" (ရှု၊ figs_metaphor)

အသက်ရှင်ခြင်း၏ အကြောင်းဖြစ်၏

ကျမ်းရေးသူသည် လူ၏အသက်တာတွင် စည်းကမ်းလိုက်နာထိန်းသိမ်းနေခြင်းကို သူ၏ အသက်ရှင်ခြင်းကဲ့သို့ ပြောဆိုထားသည်။ အခြားသောဘာသာပြန်၊ "သင်၏အသက်တာကို ထိုအရာမှ ထိန်းသိမ်းပေးလိမ့်မည်" (ရှု၊ figs_metonymy)

အဓမ္မလူတို့ လမ်းထဲသို့မဝင်နှင့်။ ဆိုးယုတ်သောသူတို့နှင့်အတူ မလိုက်နှင့်

ကျမ်းရေးသူသည် တစ်စုံတစ်ယောက်၏ ပြုလုပ်ဆောင်ရွက်ချက်များကို လမ်းတစ်ခု လျှောက်လှမ်းနေသကဲ့သို့ ပြောဆိုထားသည်။ အခြားသောဘာသာပြန်၊ "အဓ္ဓမလူတို့ ပြုသကဲ့သို့ မပြုနှင့်၊ ဆိုးယုတ်သောသူတို့ ပြုကြသောအရာများ၌ ပါဝင်ခြင်း မပြုနှင့်" (ရှု၊ figs_metaphor)

လွှဲ၍သွားလော့

"အဓ္ဓမလူတို့၏ လမ်းကို ရှောင်ပါ"

Proverbs 4:16-17

သူတို့သည်သူတပါး၌ အပြစ်မပြုရလျှင် မအိပ်တတ်

ကျမ်းရေးသူသည် အဓ္ဓမလူတို့၏ မကောင်းသောအမှုလွန်ကျူးရန် ဆန္ဒရှိသည်ကို ချဲ့ကားသောပြောဆိုခြင်း အသုံးပြုထားသည်။ (ရှု၊ figs_hyperbole)

အိပ်၍ မပျော်တတ်

ကျမ်းရေးသူသည် လူတို့ အိပ်မပျော်နိုင်သည်ကို အိပ်စက်ခြင်းသည် သူတို့ထံမှ တစ်စုံတစ်ယောက်မှ ခိုးယူ၍ရသော ဝတ္ထုပစ္စည်းကဲ့သို့ ဖြစ်ကြောင်း ပြောဆိုထားသည်။ အခြားသောဘာသာပြန်၊ "သူတို့သည် အိပ်၍ မပျော်နိုင်ကြပါ" (ရှု၊ figs_metaphor)

တစုံတယောက်သောသူကို မလဲစေလျှင်

ကျမ်းရေးသူသည် အခြားသောသူအား ထိခိုက်နစ်နာစေခြင်း ဖြစ်စေသည်ကို လူတစ်ယောက် ခလုတ်တိုက်၍လဲသကဲ့သို့ ပြောဆိုထားသည်။ အခြားသောဘာသာပြန်၊ "သူတို့သည် တစ်စုံတစ်ယောက်အား ထိခိုက်နာကြင်စေသည် တိုင်အောင်" (ရှု၊ figs_metaphor)

ဒုစရိုက်နှင့်ဆိုင်သောမုန့်ကိုစား၍ ညှဉ်းဆဲခြင်းနှင့်ဆိုင်သော စပျစ်ရည်ကို သောက်တတ်ကြ၏

ဖြစ်တန်ရာသော အဓိပ္ပာယ်များမှာ ၁) တင်စားခြင်းတစ်ခုဖြစ်ပြီး ကျမ်းရေးသူသည် အဓ္ဓမအမှုနှင့် ရက်စက်ကြမ်းကြုတ်မှု ကျူးလွန်နေကြသော ဤလူများကို မုန့်နှင့် စပျစ်ရည် စားသောက်နေကြသကဲ့သို့ ပြောဆိုထားသည်။ အခြားသောဘာသာပြန်၊ "အဓ္ဓမပြုခြင်းကို သူတို့စားသော မုန့်ကဲ့သို့လည်းကောင်း၊ ရက်စက်ကြမ်းကြုတ်ခြင်းကို သူတို့သောက်သော စပျစ်ရည်ကဲ့သို့လည်းကောင်း" သို့မဟုတ် ၂) ဤလူတို့သည် အဓ္ဓမမှုနှင့် ရက်စက်ကြမ်းကြုတ်မှုတို့ ကျူးလွန်ကြခြင်းအားဖြင့် သူတို့၏ အစားအသောက်ကို ရှာဖွေရယူကြသည်။ အခြားသောဘာသာပြန်၊ "သူတို့သည် အဓ္ဓမမှုပြုခြင်းမှ ရရှိသော မုန့်ကို စား၍ ရက်စက်ကြမ်းကြုတ်ခြင်းမှ ရရှိသော စပျစ်ရည်ကို သောက်သုံးကြသည်" (ရှု၊ figs_metaphor)

Proverbs 4:18-19

ဖြောင့်မတ်သောသူတို့၏လမ်းသည် ... မတရားသောသူတို့၏လမ်းမူကား

ကျမ်းရေးသူသည် ဖြောင့်မတ်သောသူနှင့် မတရားသောသူတို့၏ ပြုလုပ်ချက်နှင့် ဘဝနေပုံထိုင်ပုံတို့ကို သူတို့လျှောက်နေသော "လူသွားလမ်း" သို့မဟုတ် "လမ်းခရီး" ကဲ့သို့ ပြောဆိုထားသည်။ အခြားသောဘာသာပြန်၊ "ဖြောင့်မတ်သောသူတို့၏ ဘဝနေပုံထိုင်ပုံ ... မတရားသောသူ၏ ဘဝနေပုံထိုင်ပုံ" (ရှု၊ figs_metaphor)

ဖြောင့်မတ်သောသူတို့၏လမ်းသည် တက်သော အရုဏ်ကဲ့သို့ဖြစ်၍၊ နေထွက်သည်တိုင်အောင် တိုးပွား ထွန်းလင်းတတ်၏

ကျမ်းရေးသူသည် ဖြောင့်မတ်သောသူ၏ လမ်းခရီးသည် အရုဏ်ဦးနှင့် နှိုင်းယှဉ်ထားပြီး၊ ထိုသူတို့သည် လုံခြုံစွာနေရသည်ဟု အဓိပ္ပာယ်ရသည်၊ အဘယ်ကြောင့်ဆိုသော် ထိုသူတို လမ်းလျှောက်ရာတွင် အလင်းရှိသည်။ အခြားသောဘာသာပြန်၊ "ဖြောင့်မတ်သောသူတို့သည် လုံခြုံစွာ သူတို့၏လမ်းခရီးကို လျှောက်လှမ်းကြသည်၊ အဘယ်ကြောင့်ဆိုသော် နံနက် အရုဏ်ဦးသည် သူတိုအပေါ်တွင် ထွန်းလင်း၍ အလင်းရောင် တို့ပွားလာသည်" (ရှု၊ figs_simile)

အာရုဏ်

အရုဏ်ဦး၌ ထွက်သောနေကို ရည်ညွှန်းသည်။

နေထွက်သည်တိုင်အောင် တိုးပွါး

နေရောင်အတောက်ပဆုံး နေ့လည်ခင်းအချိန်ကို ရည်ညွှန်းသည်။ အခြားသောဘာသာပြန်၊ "နေရောင်ခြည် အတောက်ပဆုံးအချိန် တိုင်အောင်" သို့မဟုတ် "နေ့လည်ခင်းတိုင်အောင်" (ရှု၊ figs_idiom)

မတရားသောသူတို့၏လမ်းမူကား၊ မှောင်မိုက် ကဲ့သို့ဖြစ်၍

ကျမ်းရေးသူသည် မတရားသောသူတို့၏ လမ်းခရီးကို မှောင်မိုက်ခြင်းနှင့် နှိုင်းယှဉ်ထားပြီး၊ သူတို့သည် အန္တရာယ်ထဲတွင် ရှိနေကြသည်၊ အဘယ့်ကြောင့်ဆိုသော် သူတို့လျှောက်နေသောလမ်းခရီးတွင် အလင်းရောင်ကို မြင်တွေ့ရခြင်း မရှိပါ။ အခြားသောဘာသာပြန်၊ "မတရားသောသူသည် သူတို့၏လမ်းခရီးကို အန္တရာယ်ရှိစွာ လျှောက်လှမ်းကြသည်၊ အဘယ်ကြောင့်ဆိုသော် ထိုသူတို့သည် မြင်နိုင်ရန် အလင်းရောင်မရှိ" (ရှု၊ figs_simile)

အဘယ်အရာကို တိုက်မိသည်ဟု မသိရကြ

ကျမ်းရေးသူသည် အန္တရာယ် ကိုယ်တွေ့ကြုံရသည်ကို လူတို့လျှောက်ရာ လမ်းခရီးတွင် အရာဝတ္ထုတစ်ခုကို ခလုတ်တိုက်မိသကဲ့သို့ ပြောဆိုသည်။ အခြားသောဘာသာပြန်၊ "သူတို့သည် အဘယ်ကြောင့် အန္တရာယ်နှင့် ကံဆိုးခြင်းတို့ကို တွေ့ကြုံကြကြောင်း မသိကြ" (ရှု၊ figs_metaphor)

Proverbs 4:20-21

နားထောင်လော့

"သေချာစွာ နားထောင်ပါ"

ငါ ဟောပြောချက်တို့ကို နားသွင်းလော့

ဤနေရာတွင် "နား" ဟူသောစကားလုံးသည် နားထောင်နေခြင်းကို ကိုယ်စားပြုသည်။ ကျမ်းရေးသူသည် တစ်ယောက်သောသူကိုစကားကို အာရုံစိုက်လျက် နားထောင်ခြင်းအား ပြောနေသောသူဘက်သို့ နားကို ပို၍နီးကပ်စေလျက် ဆက်လက်သင်ယူနေသကဲ့သို့ ပြောဆိုထားသည်။ "ပြောဆိုခြင်း" ကို ကြိယာအဖြစ် အသုံးပြုနိုင်သည်။ အခြားသောဘာသာပြန်၊ "ကျွန်ုပ်ပြောဆိုနေသော အရာတို့ကို အာရုံစိုက်လျက် နားထောင်ကြပါ" (ရှု၊ figs_synecdoche နှင့် figs_metaphor နှင့် figs_abstractnouns)

သင့်မျက်မှောက်မှ မကွာစေနှင့်

ကျမ်းရေးသူသည် တစ်စုံတစ်ရာအား အမြဲတမ်း စဉ်းစားနေခြင်းကို မြင်တွေ့နိုင်သောနေရာတွင် သိမ်းဆည်းထားသကဲ့သို့ ပြောဆိုသည်။ အခြားသောဘာသာပြန်၊ "ထိုအရာတို့အား စဉ်းစားခြင်းကို မရပ်တန့်ပါနှင့်" (ရှု၊ figs_metaphor)

နှလုံးတွင်း၌ စောင့်ထားလော့

ကျမ်းရေးသူသည် တစ်စုံတစ်ခုကို အောက်မေ့သတိရနေခြင်းအား တစ်ယောက်သောသူ၏ နှလုံးသားထဲသို့ ထိန်းသိမ်းထားသကဲ့သို့ ပြောဆိုသည်။ အခြားသောဘာသာပြန်၊ "အစဉ်အမြဲ သတိရပါ" (ရှု၊ figs_metaphor)

Proverbs 4:22-23

အသက်ရှင်ခြင်း

ကျမ်းရေးသူသည် သူ၏တရားစကားတို့သည် လူတို့၏ အသက်ကို ကာကွယ်စောင်းရှောက်နေသည်ကို ထိုသူ၏ အသက်ရှင်ခြင်းကဲ့သို့ ပြောဆိုသည်။ အခြားသောဘာသာပြန်၊ "ငါ၏တရားစကားတော်တို့သည် အသက်ကို ပေးသည်" (ရှု၊ figs_metonymy)

တွေ့ရ သောသူတို့သည်

ကျမ်းရေးသူသည် သူ၏တရားစကားတို့ကို အပြည့်အဝ နားလည်သဘောပေါက်ခြင်းကို တစ်စုံတစ်ယောက်မှ ထိုအရာတို့အား ရှာဖွေပြီး တွေ့ရှိခြင်းကဲ့သို့ ပြောဆိုထားသည်။ အခြားသောဘာသာပြန်၊ "ထိုအရာတို့ကို နားလည်သဘောပေါက်သောသူနှင့် ပြုကျင့်သောသူတို့သည်" (ရှု၊ figs_metaphor)

တကိုယ်လုံးကျန်းမာ ခြင်းအကြောင်း

"သူတို့" ဟူသောစကားလုံးသည် "ရှာဖွေတွေ့ရှိသောသူတို့" ကို ရည်ညွှန်းသည်။ ဤပုဒ်စုအတွက် ကတ္တားအဖြစ် ရှေ့ဖော်ပြပြီးသော ပုဒ်စုကို ဖြည့်စွက်နိုင်သည်။ အခြားသောဘာသာပြန်၊ "ငါ၏တရားစကားတို့သည် ရှာဖွေသောသူ၏ ခန္ဓာကိုယ်တစ်ကိုယ်လုံးကို ကျန်းမာခြင်း ပေးလိမ့်မည်" (ရှု၊ figs_ellipsis)

သင်၏နှလုံးကို ... စောင့်ရှောက်လော့

ဤနေရာတွင် "နှလုံး" ဟူသော စကားလုံးသည် လူတစ်ဦး၏ စိတ်နှင့် အတွေးအခေါ်တို့ကို ကိုယ်စားပြုသည်။ အခြားသောဘာသာပြန်၊ "သင်၏စိတ်ကို ထိန်းသိမ်းပြီး သင်၏အတွေးအခေါ်တို့ကို စောင့်ရှောက်ပါ" (ရှု၊ figs_metonymy)

အထူးသဖြင့်

အစဉ်မပြတ်နှင့် ထက်သန်သော ကြိုစားမှုတို့ဖြင့်

ထိုနေရာမှ သက်စမ်းရေ စီးဆင်းစေပါ

"ထို" ဟူသော စကားလုံးသည် နှလုံးကို ရည်ညွှန်းပြီး စိတ်နှင့် အတွေးခေါ်တို့ကို ဆက်စပ်နှိုင်းယှဉ်ထားခြင်းဖြစ်သည်။ ကျမ်းရေးသူသည် လူတစ်ယောက်၏ ဘဝအသက်တာကို နှလုံးသားမှ အစပြုစီးဆင်းလာသော စမ်းရေကဲ့သို့ ပြောဆိုရေးသားသည်။ အခြားသောဘာသာပြန်၊ "သင်၏ အတွေးအခေါ်မှ သင်ပြောသမျှနှင့် ပြုသမျှတို့ စတင်လာသည်" သို့မဟုတ် "သင်၏ အတွေးအခေါ်တို့သည် သင်၏ ဘဝလမ်းကြောင်းကို ဖန်တီးသည်" (ရှု၊ figs_metonymy နှင့် figs_metaphor)

Proverbs 4:24-25

ကောက်သောစကားတို့ကို၎င်း၊ ငြင်းဆန်တတ် သော နှုတ်ခမ်းတို့ကို၎င်း ဝေးစွာ ပယ်ရှောင်လော့

ကျမ်းရေးသူသည် လိမ်လည်ခြင်း သို့မဟုတ် လှည့်ဖြားခြင်းတို့ကို ကောက်သောစကားကဲ့သို့လည်းကောင်း၊ လူတစ်ယောက်သည် ဤကဲ့သို့သောစကား အသုံးမပြုရမည်ကို ထိုလူထံမှ ဝေးစွာ ပယ်ရှားခြင်းပြုရမည်ကဲ့သို့ ပြောဆိုထားသည်။ အခြားသောဘာသာပြန်၊ "မလိမ်လည်ပါနှင့်၊ လှည့်ဖြားသောစကားတို့ကို မပြောပါနှင့်" (ရှု၊ figs_metaphor)

သင်၏မျက်စိသည် ရှေ့ရှုကြည့်၍၊ မျက်ခမ်းတို့ သည် တည့်တည့်အာရုံပြုစေလော့

ဤနေရာတွင် "မျက်စိ" ဟူသောစကားလုံးသည် ကြည့်သောသူကို ကိုယ်စားပြုသည်။ ကျမ်းရေးသူသည် လူတစ်ယောက်သည် ကောင်းသောအမှုကိုပြုရန် ဆုံးဖြတ်ပြီးဖြစ်သည်ကို ထိုသူသည် အခြားဘက်သို့ လှည့်မကြည့်ဘဲ ရှေ့တည့်တည့်ကို အစဉ်တစိုက် ကြည့်နေခြင်းကဲ့သို့ ပြောဆိုထားသည်။ အခြားသောဘာသာပြန်၊ "အစဉ်တစိုက် ရှေ့တည့်တည့်ကိုသာကြည့်ပြီး၊ သင်၏ရှေ့တည့်တည့်ကိုသာ အာရုံစိုက်ကြည့်ရှုပါ" (ရှု၊ figs_synecdoche နှင့် figs_metaphor)

Proverbs 4:26-27

သင်သွားရာလမ်းကို

ဤနေရာတွင် "ခြေထောက်" ဟူသောစကားလုံးသည် လမ်းလျှောက်နေသူကို ရည်ညွန်သည်။ ကျမ်းရေးသူသည် လူတစ်ယောက်၏ လုပ်ဆောင်ချက်ကို လမ်းခရီးတစ်ခု လျှောက်နေသကဲ့သို့လည်းကောင်း၊ ထိုလုပ်ဆောင်ချက်တို့အား သေချာစွာ ကြိုတင်ပြင်ဆင်ခြင်းကို သွားရာလမ်းကို စူးစမ်းသကဲ့သို့လည်းကောင်း ပြောဆိုထားသည်။ အခြားသောဘာသာပြန်၊ "လျှောက်ရမည့်လမ်းကို စူးစမ်းလေ့လာပါ" သို့မဟုတ် "သင်လုပ်ချင်သောအရာကို ကောင်းမွန်စွာ ပြင်ဆင်ပါ" (ရှု၊ figs_synecdoche နှင့် figs_metaphor)

သင်သွားရာလမ်းကို စူးစမ်း၍

"ချောမွေ့သောလမ်း" သို့မဟုတ် "ညီညာပြန့်ပြူးသောလမ်း"

သွားလေ ရာရာ၌ တည်ကြည်ခြင်းရှိစေလော့

ကျမ်းရေးသူသည် တစ်ယောက်သောသူ၏ လုပ်ဆောင်ချက်ကို လမ်းခရီးတစ်ခုလျှောက်နေသကဲ့သို့လည်းကောင်း၊ ထိုလုပ်ဆောင်ချက်တို့အား အောင်မြင်စွာဆောင်ရွက်ခြင်းကို လမ်းခရီးသည် လုံခြုံပြီး စိတ်ချရသကဲ့သို့ ပြောဆိုထားသည်။ အခြားသောဘာသာပြန်၊ "ထို့နောက် သင်ပြုသမျှသောအရာတို့သည် ဖြောင့်မတ်မှန်ကန်ခြင်းရှိလိမ့်မည်" (ရှု၊ figs_metaphor)

လက်ျာဘက်၊လက်ဝဲဘက်သို့ မတိမ်းမလွှဲနှင့်

"လက်ယာဘက်" နှင့် "လက်ဝဲဘက်" လမ်းညွှန်ချက်တို့သည် အရပ်မျက်နှာအားလုံးကို ဆိုလိုခြင်းဖြစ်ပြီး၊ လူတစ်ယောက်သည် အခြားသောအရပ်မျက်နှာရှိ လမ်းများ၌ လိုက်လျှောက်မသွားဘဲနေခြင်း ဟု အဓိပ္ပာယ်ရသည်။ အခြားသောဘာသာပြန်၊ "ရှေ့သို့ တည့်မတ်စွာသွား၍ လမ်းခရီးကို မလွဲနှင့်" (ရှု၊ figs_merism)

ဒုစရိုက်ပြုရာ လမ်းကိုရှောင်လော့

ဤနေရာတွင် "ခြေထောက်" သည် လမ်းလျှောက်နေသောသူကို ကိုယ်စားပြုသည်။ ကျမ်းရေးသူသည် မကောင်းသောအမှုများပြုခြင်းကို ဒုစရိုက်လမ်း၌လျှောက်လှမ်းနေသကဲ့သို့ ပြောဆိုထားသည်။ အခြားသောဘာသာပြန်၊ "ဒုစရိုက်ကို ရှောင်ပါ" သို့မဟုတ် "ဒုစရိုက်မှ ဝေးအောင်နေပါ" (ရှု၊ figs_synecdoche နှင့် figs_metaphor)

Proverbs 5

Proverbs 5:1-2

ယေဘုယျအချက်အလက်

ကျမ်းရေးသူသည် ဖခင်တစ်ဦ်းမှ သားသမီးတို့အကို သွန်သင်နေသကဲ့သို့ ပြောဆိုသည်။

ငါပေးသောဉာဏ်သို့ သင့်နားကို လှည့်လော့

ဤနေရာတွင် "နား" သည် နားထောင်သောသူကို ဆိုလိုသည်။ ကျမ်းရေးသူသည် တစ်ယောက်သောသူ၏ ပြောစကားအား အာရုံစိုက်စွာ နားထောင်ခြင်းကို စကားပြောသူဘက်သို့ သူ၏နားကို နီးကပ်စွာစွင့်လျက် ကိုယ်ကို ကိုင်းညွတ်နေခြင်းကဲ့သို့ ပြောဆိုသည်။ ကျမ်းချက် ၄:၂၀ တွင် သင် မည်ကဲ့သို့ အနက်ပြန်သည်ကို ကြည့်ပါ။ အခြားသောဘာသာပြန်၊ "အာရုံစိုက်လျက် နားစွင့်ပါ" (ရှု၊ figs_synecdoche နှင့် figs_metaphor)

သမ္မာသတိရှိ၍

သမ္မာသတိရှိခြင်းသည် တစ်စုံတစ်ယောက်၏ လုပ်ဆောင်ခြင်းများနှင့် စကားပြောခြင်းနှင့် ပတ်သက်၍ သတိထားတတ်သော စွမ်းရည်ဖြစ်သည်။ ကျမ်းချက် ၁:၄ တွင် သင် မည်သို့ အနက်ပြန်သည်ကို ကြည့်ပါ။

သင့်၏နှုတ်ခမ်းသည် သိပ္ပံအတတ်ကို စောင့်မည်အကြောင်း

ဤနေရာတွင် "နှုတ်ခမ်း" သည် စကားပြောသောသူကို ကိုယ်စားပြုသည်။ ကျမ်းရေးသူသည် မှန်သောအရာကို ပြောဆိုရာတွင် စဉ်းစဉ်းစားစားရှိနေရမည်ကို တစ်ယောက်သောသူ၏ နှုတ်ခမ်းအား ဉာဏ်ပညာဖြင့် ကွယ်ကာသကဲ့သို့ ပြောဆိုထားသည်။ အခြားသောဘာသာပြန်၊ "သင်သည် မှန်ကန်သောသောအရာကိုသာလျှင် ပြောဆိုရမည်" (ရှု၊ figs_synecdoche နှင့် figs_metaphor)

Proverbs 5:3-4

အမျိုးပျက်သောမိန်းမ၏ နှုတ်ခမ်းသည် ပျားလပို့ကဲ့သို့ယိုတတ်၍

ဖြစ်တန်ရာသော အဓိပ္ပာယ်များမှာ ၁) "နှုတ်ခမ်း" ဟူသော စကားလုံးသည် အမျိုးပျက်သောမိန်းမ၏စကားကို ကိုယ်စားပြုပြီး၊ ကျမ်းရေးသူသည် သူမ၏ ဆွဲဆောင်မှုကောင်းသော စကားတို့ကို သူမ၏ နှုတ်ခမ်းမှ ပျားရည်ယိုစိမ့်သကဲ့သို့ ပြောဆိုထားသည်။ အခြားသောဘာသာပြန်၊ "အမျိုးပျက်သောမိန်းမ၏ စကားတို့သည် ပျားရည်ယိုစိမ့်နေသကဲ့သို့ ချိုမြိန်သည်" သို့မဟုတ် ၂) "ကျမ်းရေးသူသည် အမျိုးပျက်သောမိန်းမ၏ နှစ်သက်ဖွယ်ရာ အနမ်းကို သူမ၏နှုတ်ခမ်းမှ ပျားရည်ယိုစိမ့်သကဲ့သို့ ပြောဆိုထားသည်။ အခြားသောဘာသာပြန်၊ "အမျိုးပျက်သောမိန်းမ၏ အနမ်းသည် သူမူ၏ နှုတ်ခမ်းမှ ယိုစိမ့်တတ်သော ပျားရည်ကဲ့သို့ ချိုမြိန်သည်" (ရှု၊ figs_metonymy နှင့် figs_metaphor)

သူပြောသောစကား သည် ဆီထက်ချောသော်လည်း

ဖြစ်တန်ရာသော အဓိပ္ပာယ်များမှာ ၁) "နှုတ်ခမ်း" ဟူသော စကားလုံးသည် အမျိုးပျက်သောမိန်းမ၏စကားကို ကိုယ်စားပြုပြီး၊ ကျမ်းရေးသူသည် သူမ၏ အပြောစကား ဆွဲဆောင်အားကို သူမ၏နှုတ်ခမ်းတို့သည် ဆီထက်ချောကြောင်း ပြောဆိုသည်။ အခြားသောဘာသာပြန်၊ "သူမ၏ အပြောသည် ဆွဲဆောင်မှုကောင်းပြီး သံလွင်ဆီထက်ချောသည်" သို့မဟုတ် ၂) "ကျမ်းရေးသူသည် အမျိုးပျက်သောမိန်းမ၏ နှစ်သက်ဖွယ်ရာ အနမ်းကို သူမူ၏ နှုတ်ခမ်းသည် ဆီထက်ချောသကဲ့သို့ ပြေဆိုထားသည်။ အခြားသောဘာသာပြန်၊ "သူမ၏ အနမ်းများသည် သံလွင်ဆီထက် ချောသည်" (ရှု၊ figs_metonymy နှင့် figs_metaphor)

အဆုံး၌ကား၊ သူသည် တင်းခါးရွက်ကဲ့သို့ခါး၍

ကျမ်းရေးသူသည် အမျိုးပျက်သောမိန်းမနှင့် ဆက်ဆံမှုပြုလုပ်နေခြင်းမှ ရရှိသော ထိခိုက်နစ်နာခြင်းကို သူမသည် တင်းခါးရွက်ကဲ့သို့ အရသာရှိကြောင်း ပြောဆိုထားသည်။ အခြားသောဘာသာပြန်၊ "အဆုံးသတ်တွင်မူ၊ သူမသည် ခါးသက်သောအရသာရှိသည့် တင်းခါးကဲ့သို့လည်းကောင်း၊ သင့်ကို ထိခိုက်နစ်နာခြင်း ဖြစ်စေလိမ့်မည်" (ရှု၊ figs_metaphor)

တင်းခါးရွက်

ခါးသက်သောအရသာရှိသည့် အပင် (သစ်နံကိုင်းပင်)

သန်လျက်နှင့်အမျှ ထက်၏

ကျမ်းရေးသူသည် အမျိုးပျက်သောမိန်းမနှင့် ဆက်ဆံသောသူတို့ ခံစားရမည့် နာကျင်ခြင်းကို သူမသည် လူကိုပြတ်ရှစေနိုင်သည့် ထက်လှစွာသောလက်နက်ကဲ့သို့ဖြစ်ကြောင်း ပြောဆိုထားသည်။ အခြားသောဘာသာပြန်၊ "သူမသည် ထက်လှသည့် ဓားကဲ့သို့ လူကို ဒဏ်ရာရစေသည်" (ရှု၊ figs_metaphor)

Proverbs 5:5-6

သူ၏ခြေတို့သည် သေခြင်းသို့ဆင်း၍

ဤနေရာတွင် "သူမ၏ခြေ" သည် အမျိုးပျက်သောမိန်းမ လမ်းလျှောက်နေသည်ကို ကိုယ်စားပြုသည်။ ကျမ်းရေးသူသည် သူမ၏အပြုအမူကို လမ်းတစ်ခုလျှောက်လှမ်းနေသကဲ့သို့ ပြောဆိုထားသည်။ အခြားသောဘာသာပြန်၊ "သူမသည် သေခြင်းသို့ ပို့ဆောင်သောလမ်းကို လျှောက်နေသည်" သို့မဟုတ် "သူမ၏ ဘဝနေထိုင်သည့်ပုံစံသည် သေခြင်းသို့ ပို့ဆောင်ပေးသည်" (ရှု၊ figs_synecdoche နှင့် figs_metaphor)

သူသွား ရာလမ်းသည် မရဏာနိုင်ငံသို့ ရောက်တတ်၏

ကျမ်းရေးသူသည် သူမ၏အပြုအမူကို လမ်းတစ်ခုလျှောက်လှမ်းနေသကဲ့သို့ ပြောဆိုထားသည်။ အခြားသောဘာသာပြန်၊ "သူမသည် မရဏာနိုင်ငံသို့ သွားသောလမ်းကို လျှောက်လှမ်းသည်" သို့မဟုတ် "သူမ၏ ဘဝနေထိုင်သည့်ပုံစံသည် သူမကို မရဏာနိုင်ငံသို့ ခေါ်ဆောင်သည်" (ရှု၊ figs_metaphor)

သင်သည်အသက်လမ်းကို မဆင်ခြင်ရအောင်

ကျမ်းရေးသူသည် နေထိုင်ပြုမူပုံမှ လူတစ်ဦး၏ အသက်တာရှည်ခြင်းကို ပေးပိုင်သည်ကို အသက်လမ်းခရီးသို့ ပို့ဆောင်သကဲ့သို့ ပြောဆိုထားသည်။ အခြားသောဘာသာပြန်၊ "သူမသည် အသက်ရှင်ရာသို့ ပို့ဆောင်ပေးသောလမ်းကို လျှောက်လှမ်းမည်အကြောင်း မစဉ်းစားပါ" သို့မဟုတ် "သူမသည် အသက်ရှင်ရာသို့ ပို့ဆောင်မည့် နေထိုင်ပြုမူသည့်ပုံစံကို စိတ်မဝင်စားပါ" (ရှု၊ figs_metaphor)

သူ့ထုံးစံဓလေ့တို့သည် တရွေ့ရွေ့ပြောင်းလဲသဖြင့်

ဖြစ်တန်ရာသော အဓိပ္ပာယ်များမှာ ၁) "သူမသည် သူမလမ်းပျောက်သည့်အကြောင်း စဉ်းစားသည်" သို့မဟုတ် ၂) "သူမသည် မှာယွင်းသောလမ်းကို လျှောက်လှမ်းသည်။"

Proverbs 5:7-8

သို့ဖြစ်၍

ဤနေရာတွင် ဆရာသည် အကြံဉာဏ်ပေးရန် အမျိုးပျက်သောမိန်းမအကြောင်းမှ စကားကြောင်းပြောင်းသည်။

ငါ့စကားကို နားထောင်ကြ လော့။ ငါဟောပြောချက်တို့ကို မပယ်ကြနှင့်

ဤစကားအသုံးအနှုန်းနှစ်ရပ်တို့သည် ကျောင်းသူကျောင်းသားများ စိတ်ပါဝင်စားလာစေရန် ပြုလုပ်ရာ၌ တူညီသော စိတ်ကူးကို ဖော်ပြပြောဆိုခြင်းဖြစ်သည်။ (ရှု၊ figs_parallelism)

ငါဟောပြောချက်တို့ကို မပယ်ကြနှင့်

ကျမ်းရေးသူသည် ပြုလုပ်နေသည်ကို ရပ်ဆိုင်းခြင်းကို လူတစ်ယောက်၏ ခန္ဒာကိုယ် နောက်ပြန်လှည့်သကဲ့သို့ ပြောဆိုသည်။ အခြားသောဘာသာပြန်၊ "နာထောင်ခြင်းကို မရပ်ပါနှင့်" (See: figs_metaphor)

ငါဟောပြောချက်တို့ကို

ဤနေရာတွင် "နှုတ်ခမ်း" ဟူသောစကားလုံးသည် စကားပြောသောသူကို ရည်ညွှန်းသည်။ အခြားသောဘာသာပြန်၊ "ငါ့စကားများ" သို့မဟုတ် "ငါဟောပြောချက်တို့" (ရှု၊ figs_synecdoche)

ထိုသို့သောမိန်းမကို ဝေးစွာရှောင်သွားလော့

ဤနေရာတွင် "လမ်း" ဟူသော စကားလုံးသည် လူတစ်ယောက်၏ နေ့စဉ်ပြုမူနေထိုင်ပုံနှင့် ပတ်ဝန်းကျင်တို့ကို ကိုယ်စားပြုသည်။ အခြားသောဘာသာပြန်၊ "သူမထံမှ သင့်ကိုယ်ကို ဝေးကွာစွာနေပါ" သို့မဟုတ် "သူမနှင့် ဝေးရာတွင်နေပါ" (ရှု၊ figs_metonymy)

သူ့နေရာတံခါးဝသို့ မချဉ်းနှင့်

ဤနေရာတွင် "တခါးဝ" သည် အိမ်ကို ကိုယ်စားပြုသည်။ "လာ" ဟူသောစကားလုံးထက် "သွား" ကိုသုံးလျှင်ပိုမို သင့်လျှော်ပြီး ဒုတိယစာလုံးသည် စကားပြောသောသူအား အိမ်တံခါးဝတွင် ရှိနှင့်သကဲ့သို့ ပေါ်လွင်သည်။ အခြားသောဘာသာပြန်၊ "သူမ၏ အိမ်တံခါးဝအနီးသို့ မသွားနှင့်" သို့မဟုတ် "သူမအိမ်အနီးကိုပင်လျှင် မသွားနှင့်" (ရှု၊ figs_synecdoche နှင့် figs_go)

Proverbs 5:9-10

ထိုကဲ့သို့

"သင်သည် ဤသို့ပြုလျှင်။" ဤအသုံးအနှုန်းသည် ရှေ့ယခင်ကျမ်းပိုဒ်တို့တွင် ပြောဆိုထားသည့်အကြောင်းကို ရည်ညွှန်းသည်။

သင်သည် ကိုယ်ဂုဏ်အသရေကို သူတပါး၌၎င်း

"ဂုဏ်အသရေ" ၏ ဖြစ်တန်ရာသော အဓိပ္ပာယ်များမှာ ၁) လူတစ်ယောက်၏ ဂုဏ်သိက္ခာကို ရည်ညွှန်းသည်။ အခြားသောဘာသာပြန်၊ "သင်သည် အခြားလူတို့ကြားထဲတွင် သင်၏ဂုဏ်သိက္ခာကို မဆုံးရှုံးပါ" သို့မဟုတ် ၂) လူတစ်ယောက်၏ ချမ်းသာခြင်းနှင့် စည်းစိမ်ဥစ္စာကို ရည်ညွှန်းသည်။ အခြားသောဘာသာပြန်၊ သင်သည် အခြားသောသူတို့ကို သင်ချမ်းသာသမျှကို ပေးလိမ့်မည်မဟုတ်ပါ" သို့မဟုတ် ၃) ခွန်အားကို ရည်ညွှန်းပြီး၊ တစ်ယောက်သောသူ၏ အရွယ်ကောင်းသောနှစ်များကို ကိုယ်စားပြုသည်။ အခြားသောဘာသာပြန်၊ "သင်သည် အခြားသောသူတို့ကို သင့်ဘဝ၏ အကောင်းဆုံးအချိန်များကို ပေးပစ်လိမ့်မည် မဟုတ်ပေ"

ကိုယ်အသက်ကို ကြမ်းတမ်းသော သူတို့၌၎င်း အပ်လိမ့်မည်

ကျမ်းရေးသူသည် လူတစ်ယောက် အရွယ်မရောက်မီ သေဆုံးခြင်း (အသတ်ခံရပြီး) ကို သူသည် အခြားသူတစ်ယောက်အား အသက်တာတစ်ခုလုံးအား ပုံအပ်ထားသကဲ့သို့ ပြောဆိုသည်။ ကြိယာကိုမူ ရှေ့ကစာပိုဒ်မှ ဖြည့်စွက် အသုံးပြုထားသည်။ အခြားသောဘာသာပြန်၊ "ကြမ်းတမ်းသောသူတို့၌ သင်၏ အသက်တာ နှစ်များကို ပေးမည်" သို့မဟုတ် "သင်ပျိုရွယ်စဉ်တွင် ကြမ်းတမ်းသောသူတို့မှ သင့်ကို သတ်ကြလိမ့်မည်" (ရှု၊ figs_ellipsis နှင့် figs_metaphor)

ကြမ်းတမ်းသောသူ

အမျိုးပျက်သောမိန်းမ၏ ခင်ပွန်းယောက်ျားကို ရည်ညွှန်းပြီး၊ သူသည် သူမနှင့်အတူ ပျော်ပါးသောသူအား ကြမ်းတမ်းစွာ ဆက်ဆံလိမ့်မည်။

တပါးအမျိုးသားတို့သည် သင်၏စည်းစိမ်နှင့် ပြည့်ဝကြလိမ့်မည်

ကျမ်းရေးသူသည် တစ်ပါးသူ၏ စည်းစိမ်ချမ်းသာကို အခြားသူတို့က ယူ၍ပျော်ရွှင်နေကြခြင်းကို ထိုသူတို့သည် ချမ်းသာခြင်း၌ ပျော်ပွဲရွှင်ပွဲ ကျင်းပသကဲ့သို့ ပြောဆိုထားသည်။ အခြားသောဘာသာပြန်၊ "တစ်ပါးသောအမျိုးသားတို့သည် သင်၏ချမ်းသာခြင်းအားလုံးကို ယူသွားလိမ့်မည် မဟုတ်ပေ" (ရှု၊ figs_metaphor)

သင်လုပ်၍ ရသောဥစ္စာသည် တပါးအမျိုးသားအိမ်သို့ ရောက်လိမ့်မည်

ဤနေရာတွင် "အိမ်" သည် လူတစ်ယောက်၏ မိသားစုကို ကိုယ်စားပြုသည်။ အခြားသောဘာသာပြန်၊ "သင်ရှာဖွေရတတ်သမျှသော အရာတို့သည် တစ်ပါးအမျိုးသား မိသားစုပိုင်အဖြစ် အဆုံးသတ်သွားမည်မဟုတ်ပေ" (ရှု၊ figs_metonymy)

Proverbs 5:11-12

သင့်အသား၊ သင့်ကိုယ်ကာယ ဆွေးမြေ့သောအခါ

"အသား" နှင့် "ကိုယ်ကာယ" သည် အခြေခံအားဖြင့် အဓိပ္ပာယ်ချင်းတူပြီး ခန္ဓာကိုယ်တစ်ခုလုံးကို ကိုယ်စားပြုသည်။ အခြားသောဘာသာပြန်၊ "သင်၏ခန္ဓာကိုယ် ချုံးချုံးကျသော်" သို့မဟုတ် "သင် ချုံးချုံးကျသော်" (ရှု၊ figs_doublet)

ဆွေးမြေ့

"ကိုယ်ခန္ဓာ ချုံးချုံးကျ" သို့မဟုတ် "အားအင်ချိနဲ့ခြင်းနှင့် နာမကျန်းဖြစ်ခြင်း"

ငါသည် သွန်သင်ခြင်းကို မုန်းလေပြီ ... စိတ်နှလုံးထဲမှာ မထီမဲ့မြင်ပြုလေပြီ

ဤစာကြောင်းနှစ်ကြောင်းသည် တူညီသော သဘောထားကိုဖော်ပြကြပြီး ဆရာ၏ဆုံးမခြင်းကို မည်မျှနှစ်သက်ခြင်းမရှိကြောင်း အလေးပေးသည်။ (ရှု၊ figs_parallelism)

ငါသည် သွန်သင်ခြင်းကို မုန်းလေပြီ

"မည်မျှ" ဟူသောစကားလုံးသည် အာမေဋိတ်ဖြစ်ပြီး သူ၏အမုန်း အင်အား မည်မျှကြီးကြောင်း အလေးပေးသည်။ "သွန်သင်ခြင်း" ဟူသောစကားလုံးကို ကြိယာပုဒ်စုဖြင့် တွဲဖက်၍ အနက်ပြန်နိုင်သည်။ အခြားသောဘာသာပြန်၊ "တစ်ယောက်ယောက်က ကျွန်ုပ်ကို သွန်သင်ဆုံးမသောအခါ အလွန်မုန်းပါသည်" (ရှု၊ figs_exclamations နှင့် figs_abstractnouns)

ဆုံးမခြင်းကို စိတ်နှလုံးထဲမှာ မထီမဲ့မြင်ပြုလေပြီ

ဤနေရာတွင် "စိတ်နှလုံး" သည် လူပုဂ္ဂိုလ်နှင့် စိတ်ခံစားမှုအားလုံးကို ကိုယ်စားပြုသည်။ "ဆုံးမခြင်း" ကို ကြိယာပုဒ်စုဖြင့် တွဲဖက်၍ အနက်ပြန်နိုင်သည်။ အခြားသောဘာသာပြန်၊ "ကျွန်ုပ်သည် သူတို့က ဆုံးမသောအခါ လူတို့ကို စက်ဆုပ်ရွံရှာသည်။ (ရှု၊ figs_synecdoche နှင့် figs_abstractnouns)

Proverbs 5:13-14

ငါ့အား သွန်သင်သော သူတို့၏စကားကို နားမခံဘဲ

ဤနေရာတွင် "နား" ဟူသော စကားလုံးသည် နားထောင်နေသောသူကို ကိုယ်စားပြုသည်။ ကျမ်းရေးသူသည် တစ်ယောက်သောသူ၏ ပြောစကားကို အာရုံစိုက်လျက်နားထောင်နေခြင်းကို စကားပြောသောသူနှင့် နားသည်ပို၍နီးကပ်စေရန် ကိုယ်ကို ရှေ့သို့ကိုင်းနေသကဲ့သို့ ပြောဆိုထားသည်။ ကျမ်းချက် ၄:၂၀ တွင် သင်မည်ကဲ့သို့ အနက်ပြန်သည်ကို ကြည့်ပါ။ အခြားသောဘာသာပြန်၊ "ကျွန်ုပ်ကို သွန်သင်ပေးသောသူ၏ စကားအား နားထောင်ပြီး" (ရှု၊ figs_synecdoche နှင့် figs_metaphor)

စည်းဝေးသော ပရိတ်သတ်များအလယ်၌

ဤစာကြောင်းနှစ်ကြောင်းသည် အခြေခံအားဖြင့် တူညီသောအဓိပ္ပာယ်ရှိပြီး လူတို့၏ အဖွဲ့အစည်းအသိုင်းအဝိုင်းကို ၁) ဘုရားဝတ်ပြုရန် သို့မဟုတ် ၂) သူ၏ ရိုင်းပြခြင်းအတွက် တရားစီရင်ရန် စုဝေးနေကြကြောင်း ရည်ညွှန်းသည်။ (ရှု၊ figs_parallelism)

Proverbs 5:15-17

ကိုယ်ဆိုင်သော ရေအိုး ... ကိုယ်ရေတွင်း ထဲက ထွက်သော စမ်းရေ

ဤစာကြောင်းနှစ်ကြောင်းသည် အခြေခံအားဖြင့် အကြောင်းအရာ တူညီကြသည်။ ကျမ်းရေးသူက ယောက်ျားသည် သူ၏ဇနီးခင်ပွန်းနှင့်သာ အတူအိပ်ရမည်ကို သူသည် ရေကို သူပိုင်ဆိုင်သော ရေအိုး သို့မဟုတ် ရေတွင်းမှ သောက်ရမည်ဟု ပြောဆိုထားသည်။ (ရှု၊ figs_parallelism နှင့် figs_metaphor)

ထွက်သော စမ်းရေကို

ကျမ်းရေးသူသည် သန့်သော သို့မဟုတ် စီးဆင်းနေသောရေကို ရေထွက်နေသည်ဟု ပြောဆိုထားသည်။ အခြားသောဘာသာပြန်၊ "ရေသန့်" သို့မဟုတ် "စီးဆင်းနေသည် ရေ" (ရှု၊ figs_metaphor)

သင်၏ စမ်းရေများပြား၍၊ လမ်းများအနားမှာ စီးသော မြစ်များ ဖြစ်စေလော့

ကျမ်းရေးသူသည် ဤအဖြေမတောင်းသောမေးခွန်းကို သူ၏သားက ဤအရာတို့ကို မပြုလုပ်ရန် အလေးပေး မေးမြန်းထားသည်။ အခြားသောဘာသာပြန်၊ "သင်၏ စမ်းရေနှင့် ... စမ်းချောင်းရေတို့သည် လူအများစုဝေးရာအရပ်၌ မစီးဆင်းစေသင့်ပါ။" (ရှု၊ figs_rquestion)

သင်၏ စမ်းရေများပြား၍၊ လမ်းများအနားမှာ စီးသော မြစ်များ ဖြစ်စေလော့

ဤနေရာတွင် "စမ်း" နှင့် "စမ်းချောင်းရေ" တို့သည် ယောက်ျား လိင်အင်္ဂါမှှ သုတ်ရည်၏ စကားလှ ဖြစ်ကောင်းဖြစ်နိုင်သည်။ ဖြစ်တန်ရာသော အဓိပ္ပာယ်များမှာ ၁) အခြားသောမိန်းမတို့နှင့် အတူနေသည်ထက် သူ၏မိန်းမဖြင့်သာ အိပ်ရမည်ကို လူအများစုဝေးရာလမ်းတွင် သူ၏ရေကို စီးဆင်းခွင့် ပြုသကဲ့သို့ ပြောဆိုသည် သို့မဟုတ် ၂) အခြားသောမိန်းမတို့နှင့် သားသမီးရခြင်းထက် သူ၏မိန်းမဖြင့်သာ ရမည့်အကြောင်း သူ၏ရေကို လူအများစုဝေးရာလမ်းတွင် စီးဆင်းခွင့်ပေးသကဲ့သို့ ပြောဆိုထားသည်။ (ရှု၊ figs_euphemism နှင့် figs_metaphor)

လမ်းများအနားမှာ

လမ်းနှစ်လမ်း သို့မဟုတ် နှစ်လမ်းနှင့်အထက်ဆုံတွေ့ရာ မြို့တော် သို့မဟုတ် မြို့၌ရှိသော ရင်ပြင်ကျယ်။ လူအများတို့ ဆုံတွေ့၍ တစ်ယောက်နှင့်တစ်ယောက် စကားစမြည်ပြောကြသည့် အများနှင့်ဆိုင်သော နေရာ။

ထိုအရာကို ... မဆိုင်စေဘဲ

"ထို" ဟူသော စကားလုံးသည် "စမ်း" နှင့် "စမ်းချောင်းရေ" ကို ရည်ညွှန်းပြီး ထိုအရာတို့ကို ကိုယ်စားပြုသည်။

တပါးအမျိုးသားနှင့်

"တစ်ခြားသောသူတို့အား ထိုအရာတို့ကို မဝေမျှပါနှင့်"

Proverbs 5:18-19

သင်၏စမ်းရေတွင်း၌ မင်္ဂလာရှိစေ၍

ကျမ်းရေးသူသည် သား၏ဇနီးမယားကို စမ်းရေကဲ့သို့ ပြောဆိုထားသည်။ ဤနေရာတွင် "မင်္ဂလာ" ဟူသော စကားလုံးသည် ယောက်ျားမှ သူ၏ဇနီးမယားအပေါ်တွင် ထားရှိသော ပျော်မွေ့ခြင်းကို ရည်ညွှန်းသည်။ အခြားသောဘာသာပြန်၊ "သင်သည် အမြဲတမ်း သင်၏ဇနီးမယားနှင့် ပျော်မွေ့နေပါစေ" (ရှု၊ figs_metaphor)

အသက် အရွယ်ပျိုစဉ်ကာလ၊ ပေါင်းဘော်သော မယား

ဖြစ်တန်ရာသော အဓိပ္ပာယ်များမှာ ၁) "သင် ပျိုရွယ်စဉ် ပေါင်းသင်းလက်ထပ်ထားသော ဇနီးမယား" သို့မဟုတ် "သင်၏ ပျိုရွယ်သောမယား။"

သူသည်စုံမက်တတ်သော သမင်မ၊ နှစ်လိုဘွယ်သော ဒရယ်မကဲ့သို့ဖြစ်၍

ကျမ်းရေးသူသည် သား၏ ဇနီးမယားကို "စုံမက်တတ်သော သမင်မ၊ နှစ်လိုဖွယ်သော ဒရယ်မ" ကဲ့သို့ ပြောဆိုသည်။ ဤနေရာတွင် "သမင်" နှင့် "ဒရယ်" တို့သည် အမဖြစ်သည်ဟု အဓိပ္ပာယ်ရသည်။ သူတို့သည် ပုံပန်းသဏ္ဌာန်အားဖြင့်သော်လည်းကောင်း၊ လှုပ်ရှားမှုအရသော်လည်းကောင်း လှပခြင်း၏ သင်္ကေတဖြစ်ကြသည်။ အခြားသောဘာသာပြန်၊ "သူမသည် သမင်၊ ဒရယ်တစ်ကောင်ကဲ့သို့ လှပပြီး နှစ်လိုဖွယ်ကောင်းသည်" သို့မဟုတ် "သူမသည် သမင်မတစ်ကောင်ကဲ့သို့ လှပပြီး နှစ်လိုဖွယ်ကောင်းသည်" (ရှု၊ figs_metaphor)

နှစ်လိုဘွယ်သော

ဤစကားလုံးသည် "ကျေးဇူးတော် ပြည့်ဝခြင်း" ကို မဆိုလိုပါ၊ သို့သော် "လှုပ်ရှားနေစဉ် လှပခြင်း" ဟူ၍ အဓိပ္ပာယ်ရပါသည်။

သူ၏သားမြတ်တို့သည် သင်၏အလိုဆန္ဒကို အစဉ်ပြေစေ၍

ဖြစ်တန်ရာသော အဓိပ္ပာယ်များမှာ ၁) ဇနီးမယား၏ ရင်သားသည် လင်ယောက်ျား၏ လိင်စိတ်ဆန္ဒကို နှိုးဆွတတ်ပြီး သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ကိုယ်စားပြုနိုင်သည်။ အခြားသောဘာသာပြန်၊ "သူ၏ ရင်သားတို့သည် သင်၏အလိုဆန္ဒကို ပြည့်စေပါ" သို့မဟုတ် ၂) ဥပစာတင်စားထားခြင်းတစ်ခုဖြစ်ပြီး ကျမ်းရေးသူသည် ဇနီးမယား၏ သားမြတ်တို့သည် ဆာလောင်သော ကလေးတစ်ယောက်ကို ရေငတ်ခြင်းမှ ပြေစေနိုင်သကဲ့သို့ လင်ယောက်ျား၏ အလိုဆန္ဒကိုလည်း ပြည့်စေတတ်ကြောင်း ပြောဆိုသည်။ အခြားသောဘာသာပြန်၊ "သူမ၏ သားမြတ်တို့သည် မိခင်၏သားမြတ်က ကလေးသူငယ်ကို အစာဖြည့်ပေးသကဲ့သို့ သင့်ကို နှစ်သိမ့်ကျေနပ်မှု ဖြည်စွမ်းပေးနိုင်ပါစေ" (ရှု၊ figs_synecdoche နှင့် figs_metaphor)

သူ့ကိုချစ်သော စိတ်နှင့် အစဉ်ယစ်မူးလျက်နေလော့

ဇနီးမယား တစ်ယောက်၏ ချစ်ရေးချစ်ရာတွင် အလွန် စိတ်လှုပ်ရှားခြင်းနှင့် ပျော်ရွင်ခြင်းကို သူသည် ထိုချစ်ခြင်း၌ ယစ်မူးသကဲ့သို့ ပြောဆိုထားသည်။ ကတ္တားကို ပြုသူအဖြစ် ဖော်ပြရေးသားနိုင်သည်။ အခြားသောဘာသာပြန်၊ "သူမ၏ အချစ်သည် သေရည်မှ သောက်သုံးသူကို မူးယစ်စေသကဲ့သို့ သင့်ကို ထိန်းချုပ်စေပါ" (ရှု၊ figs_activepassive)

သူ့ကိုချစ်သော စိတ်နှင့်

ဖြစ်တန်ရာသော အဓိပ္ပာယ်များမှာ ၁) "သူမအပေါ် သင်၏ချစ်ခြင်းဖြင့်" သို့မဟုတ် ၂) "သင်အပေါ် သူမ၏ ချစ်ခြင်းဖြင့်။"

Proverbs 5:20-21

ငါ့သား၊ သင်သည် အမျိုးပျက်သောမိန်းမနှင့် အဘယ်ကြောင့် ယစ်မူးသနည်း။ ပြည်တန်ဆာမ၏ ရင်ပတ်ကိုအဘယ်ကြောင့် ဘက်ယမ်းသနည်း

ကျမ်းရေးသူသည် ဤအဖြေမတောင်းသော မေးခွန်းတို့ကို သူ၏သားသည် ဤသို့သောအရာများကို မပြုလုပ်ရမည်အကြောင်း အလေးပေးရန် မေးမြန်းထားခြင်းဖြစ်သည်။ အခြားသောဘာသာပြန်၊ "ငါ့သား၊ အမျိုးပျက်သောမိန်းမ၏ ဖမ်းစားခြင်းကို မခံနှင့်။ ပြည့်တန်ဆာမ၏ ရင်သားတို့ကို ပွေ့ဖက်ခြင်း မပြုနှင့်။" (ရှု၊ figs_rquestion)

အမျိုးပျက်သောမိန်းမနှင့် အဘယ်ကြောင့် ယစ်မူးသနည်း

မိန်းမတစ်ယောက်၏ ဆန္ဒရမ္မက်မှ အရင်းခံသော အလွန်ပြင်းထန်သည့် စိတ်လှုပ်ရှားမှုကို သူသည် ထိုအမျိုးသမီး၏ ဖမ်းစားခြင်း ခံရသကဲ့သို့ ပြောဆိုထားသည်။ ကတ္တားကို ပြုသူအဖြစ် ဖော်ပြရေးသားနိုင်သည်။ အခြားသောဘာသာပြန်၊ "အမျိုးပျက်သောမိန်းမက ဖမ်းစားရန် ခွင့်ပြုသည်" သို့မဟုတ် "အမျိုးပျက်သောမိန်းမက ဆွဲဆောင်ရန် ခွင့်ပြုသည်" (ရှု၊ figs_activepassive)

ပြည်တန်ဆာမ၏ ရင်ပတ်ကိုအဘယ်ကြောင့် ဘက်ယမ်းသနည်း

ဤနေရာတွင် "ရင်ပတ်" ဟူသော စကားလုံးသည် ပြည့်တန်ဆာမနှင့် သူမ၏ လိင်ဆွဲဆောင်မှုကို ကိုယ်စားပြုသည်။ အခြားသောဘာသာပြန်၊ "သင်သည် အဘယ်ကြောင့် ပြည့်တန်ဆာအမျိုးသမီးတစ်ယောက်ကို ပွေ့ဖက်မည်နည်း" (ရှု၊ figs_synecdoche)

ပြည်တန်ဆာမ

ဖြစ်တန်ရာသော အဓိပ္ပာယ်များမှာ ၁) "သင်၏ ဇနီးမယား မဟုတ်သော အမျိုးသမီးတစ်ယောက်" သို့မဟုတ် ၂) "အခြားယောက်ျားတစ်ယောက်၏ဇနီးမယား မိန်းမတစ်ယောက်။"

မျက်မှောက်တော်၌ ... သွားလာသမျှသော အခြင်းအရာတို့ကို စူးစမ်းတော်မူ၏

ဤစာကြောင်းနှစ်ကြောင်းသည် တူညီသောအကြောင်းအရာနှင့် ဘုရားသခင်က မည်သူမဆို၏ ပြုသမျှသောအရာကို သိရှိတော်မူကြောင်း အလေးပေးသည်ဟု အဓိပ္ပာယ်ရသည်။ (ရှု၊ figs_parallelism)

သွားလာသမျှသော အခြင်းအရာတို့ကို

ကျမ်းရေးသူသည် လူတစ်ယောက်၏ ပြုမူခြင်းများနှင့် ဘဝနေထိုင်သည့်ပုံစံတို့ကို လူတစ်ယောက် လျှောက်သော လမ်းတစ်ခုကဲ့သို့ ပြောဆိုထားသည်။ အခြားသောဘာသာပြန်၊ "သူသွားသော နေရာတိုင်းတွင်" သို့မဟုတ် "သူပြုသမျှအရာတိုင်းတွင်" (ရှု၊ figs_metaphor)

Proverbs 5:22-23

အဓမ္မလူသည် မိမိပြုသော ဒုစရိုက်အပြစ်ဖြင့် ဘမ်းမိခြင်း ခံရလိမ့်မည်

ကျမ်းရေးသူက အဓ္ဓမလူသည် သူပြုသော ဒုစရိုက်အပြစ်၏ အကျိုးဆက်များကို ရှောင်လွဲ၍ ရနိုင်မည်မဟုတ်ကြောင်းကို ထိုဒုစရိုက်တို့သည် သက်ရှိလူများကဲ့သို့ အဓ္ဓမလူတို့အား ဖမ်းဆီးသောသူဖြစ်သကဲ့သို့ ပြောဆိုထားသည်။ ကတ္တားကို ပြုသူအဖြစ် ဖော်ပြရေးသားနိုင်သည်။ အခြားသောဘာသာပြန်၊ "အဓ္ဓမလူ၏ ပိုင်ဆိုင်သော ဒုစရိုက်သည် သူ့ကို ဖမ်းဆီးလိမ့်မည်" သို့မဟုတ် "အဓ္ဓမလူသည် သူပြုသော ဒုစရိုက်တို့၏ အကျိုးဆက်ကို ရှောင်လွဲနိုင်မည် မဟုတ်ပေ" (ရှု၊ figs_personification နှင့် figs_metaphor နှင့် figs_activepassive)

မိမိအပြစ်ကြိုးတို့ဖြင့် ချည်နှောင်ခြင်းကို ခံရလိမ့်မည်

ကျမ်းရေးသူက အဓ္ဓမလူသည် သူပြုသော ဒုစရိုက်အပြစ်၏ အကျိုးဆက်များကို ရှောင်လွဲ၍ ရနိုင်မည်မဟုတ်ကြောင်းကို ထိုအပြစ်သည် လူကို မိအောင်ဖမ်းတတ်သည့် ကြိုးဖြင့်ပြုလုပ်ထားသော ထောင်ချောက်ကဲ့သို့ဖြစ်ကြောင်း ပြောဆိုထားသည်။ အခြားသောဘာသာပြန်၊ "သူ၏ အပြစ်ကြောင့်၊ သူသည် ထောင်ချောက်တွင် မိနေသော တိရစ္ဆာန်ကဲ့သို့ ဖြစ်လိမ့်မည်" (ရှု၊ figs_metaphor)

သူသည် အလွန်မိုက်သောကြောင့်မှားယွင်း၍

ကတ္တားကို ပြုသူအဖြစ် ဖော်ပြရေးသားနိုင်သည်။ အခြားသောဘာသာပြန်၊ "သူ၏ အလွန်မိုက်မဲမှုသည် သူ့ကို လမ်းမှားသို့ ပို့ဆောင်ပေးမည်" (ရှု၊ figs_activepassive)

အလွန်မိုက်သောကြောင့်

"သူသည် လွန်စွာမိုက်မဲသောသူဖြစ်သောကြောင့်"

Proverbs 6

Proverbs 6:1-2

သင်၏ ငွေကိုစုပါ

ဤနေရာတွင် သင်၏ကတိပြုခြင်းကို ညွှန်ပြပြီး ပတ်ဝန်းကျင်က သင့်ငွေကိုစုရန် အတင်းအကြပ် စေခိုင်းသည်။ အခြားသောဘာသာပြန်၊ "သင်၏ငွေအချို့ကို စုထားရမည်" (ရှု၊ figs_explicit)

အဆွေခင်ပွန်းအတွက် အာမခံမိသော်

ဖြစ်တန်ရာသော အဓိပ္ပာယ်များမှာ ၁) သင်၏ အိမ်နီးချင်းတို့သည် ချေးငှားရန်အတွက် သင့်ထံသို့ လာကြလိမ့်မည် သို့မဟုတ် ၂) သင်၏ အိမ်နီးချင်းတို့သည် သူတစ်ပါးထံတွင် ချေးယူချင်ကြလိမ့်မည်၊ သို့သော် အကယ်၍ သင်၏အိမ်နီးချင်းသည် ပြန်မဆပ်နိုင်ပါက သင်သည် ချေးငှားသူအား ပြန်လည်ပေးဆပ်မည်ဟု ကတိပြုသည်။

အဆွေခင်ပွန်း (အိမ်နီးချင်း)

ဤစကားလုံးသည် ဟေဗြဲဘာသာစကားတွင် "သူငယ်ချင်း၊ အဆွေခင်ပွန်း" ဟူ၍လည်း အဓိပ္ပာယ်ရသည်။

ကိုယ်နှုတ်ထွက်စကားဖြင့် ကျော့မိပြီ

စကားပြောသည့် ပုံစံတစ်ခုဖြစ်ပြီး သင်သည် ကိုယ်တိုင်ထောင်ထားသော ကျော့ကွင်း၌ မိမည့်အကြောင်း ပြောဆိုခြင်းဖြစ်သည်။ အခြားသောဘာသာပြန်၊ "သင်သည် ကိုယ့်ကိုယ်ကို ပြန်မိမည့် ကျော့ကွင်းကို ထောင်သည်" ("ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းစွပ်သည်") (ရှု၊ figs_idiom)

ကိုယ် ပြောသောစကားကြောင့်

"သင်ပြောခဲ့သည့် စကား" သို့မဟုတ် "သင်ပြုရန် ပေးထားခဲ့သော ကတိ"

Proverbs 6:3

ကိုယ့်ကိုယ်ကို ကယ်တင်ပါ

"ကိုယ့်ကိုယ်ကို ကာကွယ်ပါ" သို့မဟုတ် "ဤပြဿနာထဲမှ ကိုယ့်ကိုယ်ကို ရုန်းထွက်ပါ"

သင်သည် အဆွေခင်ပွန်းလက်သို့ ရောက်မိလျှင်

စကားပြောသည် ပုံစံတစ်ခုဖြစ်ပြီး "လက်" ဟူသောစကားလုံးသည် "ဒုက္ခပေးသည်" ဟု အဓိပ္ပာယ်ရသည်။ အခြားသောဘာသာပြန်၊ "သင်၏ အိမ်နီးချင်းတို့သည် သူအလိုရှိသည်အတိုင်း ဒုက္ခကို ဆောင်ယူလာနိုင်သည်" သို့မဟုတ် "သင်၏ အိမ်နီးချင်းတို့သည် သင့်ကို လွှမ်းမိုးနိုင်စားမည်" (ရှု၊ figs_idiom)

အဆွေခင်ပွန်း (အိမ်နီးချင်း)

"သူငယ်ချင်း၊ အဆွေခင်ပွန်း"

Proverbs 6:4-5

အိပ်မပျော်နှင့်။ မျက်စိမှိတ်၍ မငိုက်နှင့်

"သင်၏ မျက်စိကိုမှိတ်ပြီး အိပ်မပျော်နှင့်၊ သင်၏မျက်ခွံကို ပိတ်ပြီး အိပ်မပျော်နှင့်။" ဤစာကြောင်းနှစ်ကြောင်းသည် အကြောင်းအရာတူညီပြီး ပြင်းရိခြင်းမရှိရန် မည်မျှအရေးကြီးကြောင်း အလေးပေး ထပ်ဆင့်ပြောဆိုခြင်းဖြစ်သည်။ ပိုမို အလေးပေထင်ရှားစေရန်အတွက် အငြင်းပုံစံဖြင့်လည်း ဖော်ပြနိုင်သည်။ အခြားသောဘာသာပြန်၊ "နိုးကြားစွာနေပြီး၊ သင်လုပ်နိုင်သောအရာကို လုပ်ပါ" (ရှု၊ figs_parallelism နှင့် figs_litotes)

သင့်မျက်လုံး ... သင့်မျက်တောင်

ဤအသုံးတွင် သင်၏မျက်နှာအစိတ်အပိုင်းတို့ကိုအသုံးပြုပြီး သင်၏ခန္ဓာကိုယ်တစ်ခုလုံးအား စကားပြောဆိုပုံဖော်ခြင်းဖြစ်သည်။ အခြားသောဘာသာပြန်၊ "သင့်ကိုယ်ကို ... သင့်ကိုယ်ကို" (ရှု၊ figs_synecdoche)

မုဆိုးလက်မှ သမင်ဒရယ်ကို၎င်း

"မုဆိုးလက်မှှ ထွက်ပြေးသော သမင်ဒရယ်ကဲ့သို့ သင်၏အိမ်နီးချင်းလက်မှ လွတ်မြောက်ရန်ကြိုးစားပါ"

သမင်ဒရယ်

အကောင်ကြီးသော၊ အသားများသော တိရစ္ဆာန်ဖြစ်ပြီး မျက်စားကာ လူတို့သည် အသားစားရန်အတွက် အမဲလိုက်ကြသည်။ လျင်မြန်စွာ ပြေးနိုင်သည့်အတွက် လူသိများသည်။

မုဆိုးလက်မှ

မုဆိုး၏လက်မှဟု ဆိုရာတွင် မုဆိုး၏ ချုပ်ကိုင်မှုအောက်မှဟူ၍ ရည်ညွှန်းသည်။ အခြားသောဘာသာပြန်၊ "မုဆိုး၏ ချုပ်ကိုင်မှုအောက်မှ" (ရှု၊ figs_metonymy)

ငှက်ကို၎င်း နုတ်ရသကဲ့သို့

"ငှက်မုဆိုးတို့လက်ထဲမှ ပျံသန်းသွားသောငှက်ကဲ့သို့ ထွက်ပြေးလွတ်မြောက်ပါ"

Proverbs 6:6-8

ဆင်ခြင်သဖြင့် ပညာရှိစေလော့

"သင်ယူပါ ,,, ဆင်ခြင်ပါ" သို့မဟုတ် "သေချာစွာ စူးစမ်းဆင်ခြင်ပါ"

ပရွက်ဆိတ်

ပုရွက်ဆိတ်သည် သေးငယ်သော အကောင်ဖြစ်ပြီး မြေကြီးထဲတွင် နေထိုင်ကြသည် သို့မဟုတ် ကိုယ်တိုင် အုံဖွဲ့၍နေကြသည်။ သူတို့သည် ထောင်ချီသောအုပ်စုများဖြင့် ဖွဲ့စည်းနေထိုင်ပြီး သူတို့၏ခန္ဓာကိုယ်ထက် လွန်စွာကြီးမားသော အရာဝတ္ထုတို့ကို မ,ယူနိုင်သည်။

သူ၏ အပြုအမူတို့ကို ဆင်ခြင်သဖြင့်

သရုပ်ဖော် စကားပြောဆိုပုံဖြစ်ပြီး ပုရွက်ဆိတ်တစ်ကောင်၏ "နည်းလမ်း" သည် ပုရွက်ဆိတ်တို့၏ အပြုအမူကို ရည်ညွှန်းသည်။ အခြားသောဘာသာပြန်၊ "ပုရွတ်ဆိတ်တို့ မည်ကဲ့သို့ပြုမူသည်ကို ဆင်ခြင်ပါ" (ရှု၊ figs_metonymy)

ဆရာမရှိ၊ ပဲ့ပြင်သောသူမရှိ၊ မင်းမရှိဘဲလျက်

ဤစကားသုံးလုံးတို့သည် အခြေခံအားဖြင့် တူညီသောအကြောင်းအရာရှိကြပြီး ပုရွက်ဆိတ်တစ်ကောင်ချင်းအပေါ်တွင် မည်သူကမျှ နည်းလမ်းကျသောအခွင့်အာဏာမရှိခြင်းကို အလေးပေးရာတွင် အသုံးပြုသည်။ (ရှု၊ figs_doublet)

နွေကာလနှင့် စပါးရိတ်ရာကာလ၌ မိမိ စားစရာအစာကို ရှာဖွေသိုထားတတ်၏

ဤစာကြောင်းနှစ်ကြောင်းသည် အခြေခံအားဖြင့် တူညီသော အဓိပ္ပာယ်ရှိကြပြီး ပုရွက်ဆိတ်သည် မည်သို့သော တာဝန်များထမ်းဆောင်ကြောင်း ပြသရန် ပြန်ကျော့ခြင်းဖြစ်သည်။ (ရှု၊ figs_parallelism)

နွေကာလ

နွေကာလသည် အချို့သစ်ပင်တို့မှ အသီး သီးသောအချိန်ဖြစ်သည်။

Proverbs 6:9-11

သင်သည် အဘယ်မျှကာလပတ်လုံး အိပ်လျက်နေလိမ့်မည်နည်း။ အဘယ်သောအခါ နိုးလိမ့်မည်နည်း

ဆရာက လူပျင်းအား တစ်ချိန်လုံးအိပ်နေသည့်အတွက် ဤမေးခွန်းတို့ကို ဆူပူကြိမ်းမောင်းရန် အသုံးပြုခြင်းဖြစ်သည်။ အခြားသောဘာသာပြန်၊ "နိုးပါ၊ အသင်လူပျင်း။ အိပ်ယာမှ ထပါ။" (ရှု၊ figs_parallelism နှင့် figs_rquestion)

ခဏအိပ်လျက် ... ခဏလက်ချင်းပိုက်လျက် နေစဉ်တွင်

ဤအရာတို့သည် လူပျင်းတို့ ပြောနေကျ စကားအရာမျိုးဖြစ်သည်။

ခဏပျော်လျက်၊ အိပ်ပျော် အံ့သောငှါ

ဤကြောင်းအရာနှစ်ခုလုံးသည် တူညီသော အဓိပ္ပာယ်ရှိကြသည်။ ပြည့်စုံသော ဝါကျအဖြစ် ဖော်ပြရေးသားနိုင်သည်။ အခြားသောဘာသာပြန်၊ "ခဏလေးကြာအောင် ထပ်အိပ်လိုက်မည်။ "ကျွန်ုပ် နည်းနည်းလေး ထပ်အိပ်ပါရစေ။" (ရှု၊ figs_parallelism နှင့် figs_ellipsis)

ခဏလက်ချင်းပိုက်လျက် နေစဉ်တွင်

လူတို့သည် လဲလျှောင်းနေစဉ် ပို၍သက်တောင့်သက်သာဖြစ်စေရန် တစ်ခါတရံ သူတို့၏လက်များကို ပိုက်ထားလေ့ရှိသည်။ အခြားသောဘာသာပြန်၊ "ကျွန်ုပ်သည် သက်တောင့်သက်သာစွာ လက်ပိုက်လျှက် ခေတ္တခဏအနားယူမည်" (ရှု၊ figs_metonymy)

ဆင်းရဲခြင်းသည် ... ရောက်လာလိမ့်မည်

ပျင်းရိခြင်း၏ အကျိုးရလဒ်တစ်ခုဖြစ်ကြောင်း ရှင်းလင်းစေရန် ဝါကျအသစ်တစ်ကြောင်းအဖြစ် ဖော်ပြရေးသားနိုင်သည်။ အခြားသောဘာသာပြန်၊ "သင်သည် ဆက်လက်၍ ပျင်းရိနေလျှင်၊ သင်၏ဆင်းရဲခြင်း ရောက်လာလိမ့်မည်" သို့မဟုတ် "သင်အိပ်ပျော်နေစဉ်၊ ဆင်းရဲခြင်း ရောက်လာလိမ့်မည်။ (ရှု၊ figs_explicit)

ဆင်းရဲခြင်းသည် ခရီးသွားသော သူကဲ့သို့၎င်း

ပျင်းရိသူသည် ရုတ်ခြည်း ဆင်းရဲခြင်းသို့ ရောက်ကြောင်းကို ခိုးသားဓားပြတို့သည် ရုတ်တရက် ချက်ချင်း ပေါ်လာပြီး ပစ္စည်းများ ခိုးယူသကဲ့သို့ ဖြစ်သည်။ အခြားသောဘာသာပြန်၊ "ခိုးသားဓားပြတို့သည် သင်၌ရှိသမျှသော ဥစ္စာပစ္စည်းတို့ကို လာ၍ခိုးကြသကဲ့သို့၊ သင်သည် ရုတ်ခြည်း ဆင်းရဲသွားလိမ့်မည်။ (ရှု၊ figs_simile)

ဥစ္စာပြုန်းတီးခြင်းသည် သူရဲကဲ့သို့

ပျင်းရိသူသည် ရုတ်ခြည်း ဝတ္ထုပစ္စည်း ချို့တဲ့သွားခြင်းကို လက်နက်ကိုင် စစ်သားများက လူတစ်ယောက်၏ ပိုင်ဆိုင်သောအရာအာလုံးကို လုယူသွားကြသကဲ့သို့ ဖြစ်သည်။ ပြည့်စုံသော ဝါကျတစ်ကြောင်းအဖြစ် ဖော်ပြရေးသားနိုင်သည်။ အခြားသောဘာသာပြန်၊ "သင်၏ လိုအပ်ချက်တို့သည် သင့်ထံသို့ လက်နက်ကိုင် စစ်သားကဲ့သို့ ရောက်လာလိမ့်မည်" သို့မဟုတ် "သင်၏ ပစ္စည်းတို့သည် လက်နက်ကိုင်စစ်သားများက လုယက်ခိုးယူသွားသကဲ့သို့ သင်သည် ချို့တဲ့သောသူ ဖြစ်လာလိမ့်မည်" (ရှု၊ figs_simile နှင့် figs_ellipsis)

သူရဲ

"လက်နက်ကိုင်သော စစ်သား" သို့မဟုတ် "လက်နက်ကိုင်သော လူ"

Proverbs 6:12-13

ဆိုးယုတ်သောသူ—မတရားသောသူ

ဤစလုံးနှစ်လုံးသည် တူညီသောအဓိပ္ပာယ်ရှိကြပြီး ဤသူသည် မည်မျှဆိုးကြောင်းကို ‌အလေးပေး ဖော်ပြသည်။ အခြားသောဘာသာပြန်၊ "တန်ဖိုးမရှိသောသူ—ဆိုးယုတ်သောသူ" (ရှု၊ figs_doublet)

ကောက်လိမ်သော စကား၌ ကျင်လည်တတ်၏

"အဆက်မပြတ် မုသားပြောဆိုသည်" (ရှု၊ figs_metonymy)

မျက်တောင်ခတ်လျက်၊ ခြေဖြင့် အမှတ်ပေး လျက်၊ လက်ချောင်းတို့ဖြင့် သွန်သင်လျက်

ဤစာကြောင်းသုံးကြောင်းတို့သည် ဆိုးယုတ်သောသူက အခြားသောသူတို့ကို လိမ်လည်ဖို့အလို့ငှာ လျှို့ဝှက်စွာ ဆက်သွယ်မှုပြုသည့် လမ်းကြောင်းတစ်ခုကို ဖော်ပြသည်။

မျက်တောင်ခတ်လျက်

တစ်စုံတစ်ယောက် မျက်တောင်ခတ် (မျက်စပစ်) လျှင်၊ သူ၏ မျက်စိတစ်ဖက်ကို အခြားသောသူတစ်ယောက်အား လျှို့ဝှက်အချက်ပြသကဲ့သို့ တဒင်္ဂခဏလေးမှိတ်ပြသည်။ အတည်ပြုခြင်းအတွက် ယုံကြည်မှု အမှတ်အသားတစ်ခု ဖြစ်နိုင်ပြီး၊ သို့မဟုတ် အခြားသောအဓိပ္ပာယ်လည်း ရှိနိုင်သည်။

Proverbs 6:14-15

မကောင်းသော အကြံကို အစဉ်ကြံစည်တတ်၏

"သူသည် မကောင်းသောအကြံကို စီစဉ်သည်" သို့မဟုတ် "မကောင်းသောအမှုတို့ ပြုရန် ပြင်ဆင်သည်"

သူတပါးချင်းရန်တွေ့စေခြင်းငှါ ပြုတတ်၏

"သူသည် အမြဲတမ်း ရန်ဖြစ်စေသည်" သို့မဟုတ် "သူသည် ပဋိပက္ခကို အရှိန်မြင့်လာစေရန် အစဉ်မပြတ် ရှာဖွေတတ်သည်"

ထိုကြောင့်

"ထိုအကြောင်းကြောင့်"

ကိုးကွယ်ရာမရဘဲ ချက်ခြင်းကျိုးပဲ့ပျက်စီးရလိမ့်မည်

ဤနေရာတွင် လူနှင့် တိရစ္ဆာန်တို့ကဲ့သို့ အန္တရာယ်က လိုက်လံဖမ်းဆီးသည်ကို သွယ်ဝိုက်၍ ဖော်ပြပြီး၊ များမကြားမီ သူ့အား ဖမ်းမိလိမ့်မည်။ အခြားသောဘာသာပြန်၊ "သူ့အန္တရာယ်သည် သူ့ကို ဖမ်းမိလိမ့်မည်" (ရှု၊ figs_personification)

သူသည် အမှတ်တမဲ့အမှုရောက်၍

အန္တရာယ်သည် သူ့အပေါ်တွင် ကျရောက်ဖြစ်ပေါ်လာလိမ့်မည်၊ သို့သော် သူကိုယ်တိုင်ပြုသော အန္တရာယ်သည် သူ့ကို ဒုက္ခပေးလိမ့်မည်။

အမှတ်တမဲ့ ... ချက်ချင်း

နှစ်ခုစလုံးသည် အဓိပ္ပာယ်တူညီပြီး၊ တစ်ခု သို့မဟုတ် နှစ်ခုစလုံးကို "ချက်ချင်းလက်ငင်း" သို့မဟုတ် "အလွန် လျင်မြန်စွာ" ဟူ၍ အစားထိုးနိုင်သည်။

Proverbs 6:16

ထာဝရဘုရား မုန်းတော်မူသောအရာ ခြောက်ပါး ... ခုနှစ်ပါးဟူမူကား

ဤကျမ်းပိုဒ်တစ်ခုလုံးသည် ထာဝရဘုရားက တစ်ခုထက်မက အချို့သောအရာများအပေါ်တွင် မုန်းတော်မူကြောင်း အလေးပေးတင်ပြသည့် အလားတူပြုမှုတစ်ခုဖြစ်သည်။ အခြားသောဘာသာပြန်၊ "ထာဝရဘုရားမုန်းတီးတော်မူ သောအရာ ခြောက်ပါး၊ ခုနှစ်ပါး သောအရာတို့မှာ" (See: figs_parallelism)

စက်ဆုပ်ရွံ့ရှာတော်မူသော

"ထိုအရာတို့သည် သူ့ကို စက်ဆုပ်ရွံရှာခြင်း ခံစားစေသည်" သို့မဟုတ် "သူ၏အဆိုအရ ထိုအရာတို့သည် သင့်ကို စက်ဆုပ်ရွံရှာဖွယ်ဖြစ်စေသည်"

Proverbs 6:17-19

ဆက်စပ်သော ဖော်ပြချက်

ကျမ်းချက် ၆:၁၆ တွင် နိဒါန်းပျိုးထားသော ထာဝရဘုရား မုန်းတော်မူသည့်အရာများ၏ စာရင်းဖြစ်သည်။

မျက်နှာ ... လျှာ ... လက် ... နှလုံး ... ခြေ

ဤခန္ဓာအစိတ်အပိုင်းများသည် လူတစ်ကိုယ်လုံးကို ရည်ညွှန်းသည်။ သင်သည် ဤအရာတို့ကို "လူ၊ သူ" ဟု အနက်ပြန်နိုင်သည်။ (ရှု၊ figs_synecdoche)

အသက်ကို သတ်သော

"သတ်သည်" သို့မဟုတ် "လူသတ်မှု ကျူးလွန်သည်"

မကောင်းသော အကြံ

"မကောင်းသော အစီအစဉ်"

မုသာစကားကိုပြော၍

ဤတင်စားချက် "ထွက်သက်" ကို အမြဲတမ်းလိမ်လည်နေခြင်းအာ ရည်ညွှန်းရန် အသုံးပြုထားခြင်းဖြစ်သည်။ အခြားသောဘာသာပြန်၊ "အမြဲတမ်း လိမ်လည်သည်" (ရှု၊ figs_idiom)

ရန်တွေ့စေခြင်း

ကျမ်ချက် ၆:၁၄ ကဲ့သို အနက်ပြန်ပါ။

ရန်တွေ့စေခြင်းငှါ ပြုတတ်သောသူ တပါးတည်း

ဤတင်စားချက် "ပျိုး" က ရန်တွေ့ခြင်းကို ဖြစ်စေသည် သို့မဟုတ် ဆောင်ယူလာကြောင်း ရည်ညွှန်းရန် အသုံးပြုသည်။ အခြားသောဘာသာပြန်၊ "ရန်တွေ့ခြင်းကို ဖြစ်စေသောလူတစ်ယောက်" (ရှု၊ figs_metaphor)

Proverbs 6:20-21

အဘ၏ပညတ်စကားကို နားထောင် လော့။ အမိပေးသော တရားကို မပယ်နှင့်

ဤစာကြောင်းနှစ်ကြောင်းသည် တစ်ဖက်တွင် တူညီသည့်အဓိပ္ပယ်ရှိသည်။ အခြားတစ်ဖက်တွင်မူ၊ "ဖခင်" နှင့် "မိခင်" တို့အား ထပ်ဆင့်၍ အလေးပေးထားကြောင်း သင်ပေးခြင်း/သင်ယူခြင်းကဏ္ဍအားလုံးကို ပြုကြရာတွင် အမျိုးသမီးတို့သည် ပွင့်လင်းမြင်သာစွာ ထည့်သွင်းပါဝင်ထားကြသည်။

အမိပေးသော တရားကို မပယ်နှင့်

ဤတင်စားမှုတွင် အဟုတ် "နာထောင်သည်" ဟူသော စကားလုံးကို အငြင်း "ပယ်သည်" ဟူ၍ အသုံးပြုထားသည်။ အခြားသောဘာသာပြန်၊ "သင်၏ မိခင် သွန်သင်ပေးသောအရာတို့ကို နားထောင်ပါ" (ရှု၊ figs_litotes)

နှလုံးပေါ်မှာ အမြဲချည်၍ လည်ပင်း၌ ဆွဲထားလော့

ဤစာကြောင်းနှစ်ကြောင်းသည် အခြေခံအားဖြင့် တူညီသောအဓိပ္ပာယ်ရှိကြသည်။ ပညတ်ချက်နှင့် လမ်းညွှန်ချက်တို့ကို ချရေးထားပြီး သင့်ကိုယ်ကိုသင် သတိပေးရန် သင်၏ခန္ဓာကိုယ်ပေါ်တွင် ရေးထိုးထားသကဲ့သို့ ဖော်ပြထားသည်။ (ရှု၊ figs_metaphor)

နှလုံးပေါ်မှာ အမြဲချည်၍

"ထိုအရာတို့ကို ချစ်ပါ" သို့မဟုတ် "ထိုအကြောင်းကို ဆင်ခြင်စဉ်းစားပါ"

Proverbs 6:22-23

သင်သည် သွားသောအခါ ... အိပ်သောအခါ ... နိုးသောအခါ

ဤစာကြောင်းသုံးကြောင်းကို ပညတ်တရားသင်ခန်းစာများသည် အစဉ်အမြဲ အဘိုးတန်ကြောင်း အလေးပေးရန် အတူတကွ အသုံးပြုထားသည်။ (ရှု၊ figs_parallelism)

ထိုပညတ် တရားသည် လမ်းပြလိမ့်မည် ... စောင့်လိမ့်မည် ... နှုတ်ဆက်လိမ့်မည်

ထပ်ဆင့်ရေးသားထားသော ဤစာကြောင်းတို့က ပညတ်တရားတို့သည် အမျိုးအစား အရာရာတို့အတွက် တန်ဘိုးရှိကြောင်း ပြသသည်။ ထိုပညတ်တို့ကိုလည်း လူကဲ့သို့ ပြောဆိုသုံးနှုှုန်းထားသည်။ (ရှု၊ figs_parallelism and figs_personification)

ပညတ်တော်သည် ... တရားတော်သည်... အပြစ်ကို ပြတတ်သော ဩဝါဒစကား

ဤစာကြောင်းသုံးကြောင်းတို့သည် အခြေခံအားဖြင့် တူညီသောအဓိပ္ပာယ်ရှိကြပြီး၊ ၎င်းတို့သည် ဖခင်တစ်ဦးနှင့် မိခင်တစ်ဦးတို့၏ အမျိုးမျိုးသော သွန်သင်ချက်တို့ကို ပြသသည်။ (ရှု၊ figs_parallelism)

မီးခွက် ... အလင်း ... အသက်လမ်း

ဤစာကြောင်းသုံးကြောင်းတို့သည် အခြေခံအားဖြင့် တူညီသောအဓိပ္ပာယ် ရှိကြပြီး၊ တကယ်တမ်းတွင် သွန်သင်ချက်များသည် ရှင်သန်ရာဘဝကို ပိုမိုကောင်းစေလျက် ပို၍လွယ်ကူစေကြောင်း အလေးပေးရန် ထပ်ဆင့်တင်ပြခြင်းဖြစ်သည်။ အခြားသောဘာသာပြန်၊ "မီးအိမ်ကဲ့သို့ အသုံးဝင်၍ ... အလင်းကဲ့သို့ အမှောင်တွင် အကူအညီရ၍ ... ဘဝလမ်းခရီးတွင် လိုက်လျှောက်ရန် လိုအပ်၍" (ရှု၊ figs_metaphor နှင့် figs_parallelism)

အသက်လမ်း

"ဘဝရှင်သန်ရန် ဦးဆောင်သောလမ်း" သို့မဟုတ် "ဘုရားသခင် နှစ်သက်တော်မူသော ဘဝရှင်သန်ရာလမ်း"

Proverbs 6:24-25

သင့်ကို စောင့်ဘို့ရာ

ဤနေရာတွင် "ထို" ဟူသော စကားလုံးသည် ကျမ်းချက် ၆:၂၀ တွင်ပါရှိသည့် ဖခင်နှင့် မိခင်တို့၏ သွန်သင်ပေးသော သင်ခန်းစာတို့ကို ရည်ညွှန်းသည်။ အခြားသောဘာသာပြန်၊ "ထိုအရာတို့မှ သင့်ကိုကယ်တင်ဖို့ရန်" သို့မဟုတ် "ထိုအရာတို့မှ သင့်ကိုကာကွယ်ဖို့ရန်" (ရှု၊ figs_123person)

ဆိုးသောမိန်းမ ... အမျိုးပျက်သော မိန်းမ

ဤစာကြောင်းနှစ်ကြောင်း၏ အဓိပ္ပာယ်မှာ အခြေခံအားဖြင့် တူညီကြသည်။ ကျမ်းချက် ၅:၃ တွင် "အမျိုးပျက်သောမိန်းမ" ဟူသောစကားလုံးအား သင်မည်ကဲ့သို့ ဘာသာပြန်သည်ကို ကြည့်ပါ။

ဆိုးသောမိန်းမ

"ကိုယ်ကျင့်တရား ဆိုးယုတ်သော"

ထိုသို့သောမိန်းမသည် အဆင်းလှသော်လည်း (သူမ၏ အလှ)

"သူမ၏ အလှတရားကို" သို့မဟုတ် "သူမ" (ရှု၊ figs_metonymy)

ကျော့မိ

"ထိန်းချုပ်မှုခံရသည်"

သူသည် မျက်ခမ်းတို့ဖြင့်

"မျက်ခမ်း" (မျက်တောင်တို့) သည် လူယောက်ျား၏ အာရုံကို ဖမ်းစားရန်အတွက် အသုံးပြုသည့် သူမ၏ လှပသောခန္ဓာကိုယ် အစိတ်အပိုင်းတို့ကို ကိုယ်စားပြုသည်။ အခြားသောဘာသာပြန်၊ "သူမ၏ လှပသော မျက်လုံးများ" (ရှု၊ figs_synecdoche)

Proverbs 6:26-27

မုန့်တလုံးကိုသာ ရတတ်၏

ရုပ်ပိုင်းဆိုင်ရာ တန်ဖိုးကို ပြောဆိုခြင်းဖြစ်ပြီး၊ ဝိညာဉ်ပိုင်းဆိုင်ရာ သို့မဟုတ် ကိုယ်ကျင့်တရားဆိုင်ရာ တန်ဖိုးကို ပြောဆိုခြင်းမဟုတ်ပါ။ အခြားသောဘာသာပြန်၊ "အနည်းငယ်"

မြတ်သောအသက်ကို ဘမ်းတတ်၏

ဖြစ်တန်ရာသော အဓိပ္ပာယ်များမှာ ၁) အခြားသောယောက်ျား၏ မိန်းမသည် သင်၏ ဘဝကို ဖျက်ဆီးလိမ့်မည်၊ အဘယ်ကြောင့်ဆိုသော် သူမသည် အမြဲတမ်း အလိုရမ္မက် ကြီး၏ သို့မဟုတ် ၂) အခြားသောမိန်းမ၏ ခင်ပွန်းယောက်ျားသည် သင့်ကို အမဲလိုက်၍ အသေသတ်လိမ့်မည်။

လူသည်အဝတ်မလောင်ဘဲ မီးကို ပိုက်ဘက်နိုင် သလော

ဤပြုလုပ်ချက်သည် အလွန်အန္တရာယ်များပြီး ထိခိုက်စေလိမ့်မည်။ မေးခွန်းအား သွယ်ဝိုက်ညွှန်းဆိုချက်၏ အဖြေမှာ "မဖြစ်နိုင်" ဟူ၍ဖြစ်သည်။ အခြားသောဘာသာပြန်၊ "မီးကို သူ၏ရင်ပတ်တွင် ပွေ့ဖက်သယ်ဆောင်သောသူသည် သူ၏အဝတ် လောင်ကျွမ်းလိမ့်မည်။" (ရှု၊ figs_rquestion)

မလောင်ဘဲ

"ပျက်ဆီးခြင်း မရှိဘဲ" သို့မဟုတ် "မပျက်ဘဲ"

လူသည်အဝတ်

သူ၏ အဝတ်သည် လူခန္ဓာတစ်ခုလုံးကို ကိုယ်စားပြုသည်။ (ရှု၊ figs_metonymy)

Proverbs 6:28-29

ခြေမလောင်ဘဲ မီးခဲပေါ်မှာ နင်းနိုင်သလော

ပူသော မီးသွေခဲပေါ်တွင် လမ်းလျှောက်ခြင်းသည် လူတစ်ယောက်၏ခြေကို မီးသင့်စေလိမ့်မည်၊ ထို့ကြောင့် သွယ်ဝိုက်ညွှန်းဆိုချက်၏ အဖြေမှာ "မဖြစ်နိုင်" ဟူ၍ဖြစ်သည်။ အခြားသောဘာသာပြန်၊ "ပူသော မီးသွေးခဲပေါ်တွင် နင်းလျှောက်သောသူတိုင်း၏ ခြေထောက်သည် မီးသင့်လိမ့်မည်။" (ရှု၊ figs_rquestion)

မီးခဲပေါ်မှာ နင်း

သူ့မယားကို ပြစ်မှားသောသူကို ကိုယ်စားပြုသည်။ (ရှု၊ figs_metaphor)

နင်း (လျှောက်)

ဝေးကွာသော ခရီးတစ်ခုကို လက်လှည့် သို့မဟုတ် မျက်လှည့်စွမ်းရည်ကို အသုံးမပြုဘဲ ဖြည်းညင်းစွာလျှောက်ခြင်း ဖြစ်သည်။

လောင်

"မီးသင့်"

Proverbs 6:30-31

ခိုးသောသူ ပင်

"သူခိုးကို အထင်သေးဖွယ်ရာအဖြစ် မသတ်မှတ်ပါနှင့်" သို့မဟုတ် "သူခိုးကို ယုတ်ညံ့သောသူဟု မထင်ပါနှင့်"

တွေ့မိလျှင်

ဤစာကြောင်း၌ ကတ္တားသည် ပြုသူအဖြစ် ဖော်ပြနိုင်သည်။ အခြားသောဘာသာပြန်၊ "တစ်ယောက်ယောက်က သူ့ကို ဖမ်းမိလျှင်" (ရှု၊ figs_activepassive)

ကိုယ်အိမ်၌

ဤစကားပြော တင်စားချက်သည် ကိုယ်အိမ်၌ ဟူ၍ပြောသည်မှာ သူ၏အိမ်တွင် ပိုင်ဆိုင်သမျှသောအရာအားလုံးကို ဆိုလိုခြင်းဖြစ်သည်။ အခြားသောဘာသာပြန်၊ "သူပိုင်ဆိုင်သမျှတို့ကို" (ရှု၊ figs_idiom)

Proverbs 6:32-33

သူ

"လူ" သို့မဟုတ် "ယောက်ျား"

ခံရ

"သူပြုခဲ့သောအမှုအတွက် သင့်လျော်သည် အပြစ်စီရင်ခြင်း"

အရှက်ကွဲခြင်း

ဤစကားပြော တင်စားချက်၌ "အရှက်ကွဲခြင်း" သည် သူပြုသောရှက်ဖွယ် အမှုအပေါ်တွင် ခံစားချက်ကို ရည်ညွှန်းသည်။ အခြားသောဘာသာပြန်၊ "သူပြုခဲ့သည့် ရှက်ဖွယ်အမှုကို သတိရခြင်း" (ရှု၊ figs_metonymy)

မပြေနိုင်

ဤစကားပြော တင်စားချက်၌ "မပြေနိင်" ဟူသော အငြင်းစာကားက ထိုအရာသည် အစဉ်အမြဲ ရှိနေမည့်အကြောင်း ရည်ညွှန်းသည်။ အခြားသောဘာသာပြန်၊ "အစဉ်အမြဲ ကျန်ရစ်နေလိမ့်မည်" (ရှု၊ figs_litotes)

Proverbs 6:34-35

ပြင်းထန်စွာ အမျက်ထွက်

"အလွန် စိတ်ဆိုး"

(သူသည်) သနားခြင်းမရှိ

"သူ" ဟူသည်မှာ သူ့မယားသည် တစ်ခြားယောက်ျား ကာမပိုင်ရှိသူနှင့် ဖောက်ပြန်သောသူ အိမ်နီးချင်းဖြစ်သည်။ (ရှု၊ figs_litotes)

အပြစ်ပေးချိန် ရောက်သောအခါ

"သူက လက်တုံ့ပြန်သောအချိန်တွင်" သို့မဟုတ် "သူ၏ လက်တုံ့ပြန်သောအချိန် ရောက်လာသောအခါ"

အပြစ်ပေး

တစ်ယောက်ယောက်က လက်တုံ့ပြန်လျှင်၊ ထိုသူကို အရင်ဦးစွာ နာကျင်အောင်ပြုသောသူကို နာကျင်စေခြင်းဖြစ်သည်။

လျော်ပြစ်ငွေ

"ပေးချေသည့်ငွေ"

စိတ် မပြေတတ်

ကတ္တားကို ပြုသူအဖြစ် ဖော်ပြရေးသားနိုင်သည်။ အခြားသောဘာသာပြန်၊ "သူ၏ စိတ်ကို ပြောင်းလဲစေရန် လုံလောက်သောငွေကို သင်သည် ပေးချေနိုင်မည်မဟုတ်" (ရှု၊ figs_activepassive)

ပေး သော်လည်း

"ပေး။ ဤအရာတို့သည် မှန်ကန်စေကာမူ"

ပေး

"ပေးသည်" သို့မဟုတ် "ကတိပြုသည်"

Proverbs 7

Proverbs 7:1-3

ငါ့စကားကို စေ့စေ့နားထောင်၍

ဤနေရာတွင် စေ့စေ့နားထောင်ခြင်းသည် နာခံခြင်းကို ကိုယ်စားပြုသည်။ အခြားသောဘာသာပြန်၊ "ငါ့စကားတို့ကို နာခံပါ" (ရှု၊ figs_metaphor)

ငါ့ပညတ်တို့ကို သင်၌ သိုထားလော့

ဤနေရာတွင် ဘုရားသခင်၏ ပညတ်ချက်တို့ကို တစ်စုံတစ်ယောက်က သိုထားနိုင်သော ဝတ္ထုပစ္စည်းကဲ့သို့ ပြောဆိုသည်။ အခြားသောဘာသာပြန်၊ "ငါ့ပညတ်တို့ကို မှတ်သားထားပါ" (ရှု၊ figs_metaphor)

ငါ့ပညတ်တို့ကို စောင့်ရှောက်၍

ဤနေရာတွင် စောင့်ရှောက်ခြင်းသည် နာခံခြင်းကို ကိုယ်စားပြုသည်။ အခြားသောဘာသာပြန်၊ "ငါ့လမ်းညွှန်ချက်တို့ကို နာခံပါ" (ရှု၊ figs_metaphor)

ကိုယ်မျက်ဆန်ကဲ့သို့

မျက်စိအတွင်းမှ မျက်ဆံဖြစ်ပြီး၊ လူတို့သည် သူတို့၏မျက်နှာရှေ့တွင် အရာဝတ္ထုတစ်ခုခု ပျံသန်းလာလျင် အလိုလိုကာကွယ်ပြီးသား ဖြစ်သည်။ ဤနေရာတွင် "မျက်ဆံ" သည် လူ၏တန်ဖိုးထားသောအရာနှင့် အဓိကကာကွယ်ပေးတတ်သော အရာတို့ကို ကိုယ်စားပြုသည်။ အခြားသောဘာသာပြန်၊ "သင်၏ အလွန်တန်ဖို့ရှိသော ပိုင်ဆိုင်မှု" (ရှု၊ figs_idiom)

သင်၏လက်ချောင်းတို့၌ ချည်ထား၍

ဖြစ်တန်ရာသော အဓိပ္ပာယ်များမှာ ၁) ကျမ်းရေးသူသည် သူ၏သားကို ဘုရားသခင်၏ ပညတ်တော်တို့ကို လက်စွပ်ပေါ်တွင် ထွင်ထုပြီး ဝတ်ဆင်စေချင်သည်၊ သို့မဟုတ် ၂) ကျမ်းရေးသူသည် သူ၏သားကို ဘုရားသခင်၏ ပညတ်တော်တို့အား အစဉ်အမြဲ အမှတ်ရစေချင်သည်ကို၊ သူသည် လက်စွပ်ကို အစဉ်အမြဲ ဝတ်ဆင်သကဲ့သို့ ဖြစ်စေချင်သည်။ (ရှု၊ figs_metaphor)

သင်၏ နှလုံးအင်းစာရင်း၌ ရေးမှတ်လော့

ဤနေရာတွင် နှလုံးသည် လူ၏ စိတ်ကို ကိုယ်စားပြုပြီး၊ တစ်စုံတစ်ခုကို သတိရအောက်မေ့ခြင်းကို ကျောက်ပြားပေါ်တွင် ရေးသားထားသကဲ့သို့ ပြောဆိုထားသည်။ ကျမ်းချက် ၃:၃ တွင် သင် မည်ကဲ့သို့ အနက်ပြန်သည်ကို ကြည့်ပါ။ အခြားသောဘာသာပြန်၊ "ငါ့ပညတ်တို့ကို ကျောက်ပေါ်တွင် ရေးသားသကဲ့သို့ ကောင်းမွန်စွာသတိရပါ" (ရှု၊ figs_metaphor)

Proverbs 7:4-5

ပညာကို ကိုယ်နှမဟူ၍၎င်း

ဤနေရာတွင် ပညာကို လူပုဂ္ဂိုလ်တစ်ဦးကဲ့သို့ ပြောကြားခြင်းဖြစ်သည်။ အခြားသောဘာသာပြန်၊ "သင်၏ နှမကိုချစ်သကဲ့သို့ ပညာကို တန်ဖိုးထားပါ" (ရှု၊ figs_personification)

ဉာဏ်ကို ကိုယ်ပေါက်ဘော်ဟူ၍၎င်း ခေါ်လော့

ဤနေရာတွင် ဉာဏ်၏အရည်အသွေးကို ပေါက်ဖော် သို့မဟုတ် ဆွေမျိုးကဲ့သို့ ပြောကြားခြင်းဖြစ်သည်။ အခြားသောဘာသာပြန်၊ "သင်၏ ဆွေမျိုးကို ဆက်ဆံသကဲ့သို့ ဉာဏ်ကို ဆက်ဆံပါ" (ရှု၊ figs_personification)

ပေါက်ဘော်

"ဆွေမျိုး" သို့မဟုတ် "မိသားစုဝင်"

အမျိုးပျက်သောမိန်းမ

သူမကို လက်ထပ်သည့်ယောက်ျား မရှိသော မည်သည့်အမျိုးသမီးကိုမဆို ရည်ညွှန်းသည်။ အခြားသောဘာသာပြန်၊ "သူမနှင့်အတူ သင်မည်သို့မျှ မပြုမည့် အမျိုးသမီး"

ချော့မော့တတ်သော ပြည့်တန်ဆာမိန်းမ

သူမကို လက်ထပ်သည့်ယောက်ျား မရှိသော မည်သည့်အမျိုးသမီးကိုမဆို ရည်ညွှန်းသည်။ အခြားသောဘာသာပြန်၊ "သူမနှင့်အတူ သင်မည်သို့မျှ မပြုမည့် အမျိုးသမီး"

နှုတ်နှင့် ချော့မော့တတ်သော

လိမ်လည်ရန် ရည်ရွယ်ထားသည် စကားတို့ကို ချောမွေ့သော ဝတ္ထုပစ္စည်းကဲ့သို့ ပြောဆိုထားခြင်းဖြစ်သည်။ အခြားသောဘာသာပြန်၊ "နှစ်သက်ဖွယ်စကားအရာတို့ကို ပြောဆိုသော်လည်း၊ သင့်ကို လိမ်လည်ချင်သောသူ"

Proverbs 7:6-7

ပြတင်း

သစ်သားကို ချောစေပြီး ခပ်စောင်းစောင်းယှက်ထားသည့် စတုရန်းပုံသဏ္ဌာန်ရှိ မှန်ကူကွက်များဖော်ထားသော ပြတင်းပေါက်

ဥာဏ်တိမ်သော

"အတွေ့အကြုံမရှိသော" သို့မဟုတ် "မရင့်ကျက်သေးသော"

Proverbs 7:8-9

မိန်းမနေရာလမ်းထောင့်

ဤနေရာတွင် "မိန်းမ" သည် ကျမ်းပိုဒ် ၇:၄ ထဲတွင် ညွှန်းခဲ့သည့်အတိုင်း မည်သည့်သူစိမ်းမိန်းမကိုမဆို ရည်ညွှန်းသည်။ သူမသည် သင့်တော်သည် ယောက်ျားတစ်ယောက် ဖြတ်လျှောက်မည်ကို စောင့်လျက်၊ လမ်းထောင့်တစ်နေရာရာတွင် မတ်တတ်ရပ်နေသည်။ အခြားသောဘာသာပြန်၊ "သူစိမ်းအမျိုးသမီး မတ်တတ်ရပ်လျက်ရှိနေသော လမ်းထောင့်"

လမ်းထောင့်

လမ်းနှစ်သွယ် ဆုံတွေ့သောနေရာကို ရည်ညွှန်းသည်။

ညဦးအချိန်

တစ်နေ့တာတွင် တဖြည်းဖြည်းမှောင်လာပြီး ညဉ့်ကာလရောက်လာတော့မည့် ညနေရီတရောအချိန်

Proverbs 7:10-12

ဆန်းပြားသော မိန်းမသည်

ဤနေရာတွင် "နှလုံး" သည် ပြုလိုခြင်း သို့မဟုတ် ကြိုတင်ကြံဆခြင်းများကို ဆိုလိုသည်။ အခြားသောဘာသာပြန်၊ "သူမသည် တစ်ယောက်ယောက်ကို လိမ်လည်ရန် ကြိုတင်ကြံဆထားသည်" (ရှု၊ figs_metaphor)

ထိုမိန်းမသည် ကျယ်သောအသံနှင့် ခိုင်မာသော စိတ်သဘောရှိ၏

"ထိုမိန်းမသည် ကျယ်လောင်စွာ စကားပြောတတ်ပြီး သူမ စိတ်ဆန္ဒရှိသည့်အတိုင်း ပြုမူတတ်သည်"

ကိုယ်အိမ်၌မနေ၊ လည်တတ်၏

"သူမ၏ ခြေထောက်" ဟူသောပုဒ်စုသည် ထိုမိန်းမကို ရည်ညွှန်းသည်။ အခြားသောဘာသာပြန်၊ "ထိုမိန်းမသည် အိမ်တွင် မနေပါ" (ရှု၊ figs_synecdoche)

ချောင်းမြောင်း၍ကြည့်တတ်၏

ဤနေရာတွင် ထိုမိန်းမကို လူသားထောင်ချောက်တစ်ယောက် သို့မဟုတ် တိရစ္ဆာန်တစ်ကောင်ကဲ့သို့ ပြင်ဆင်နေကြောင်း ပြောဆိုသည်။ ထိုနည်းတူ၊ ဤနေရာတွင် ထောင်ချောက်ဆင်သည် ဟူ၍ဆိုရာ၌ တစ်စုံတစ်ယောက်ကို အပြစ်ကျူးလွန်ရန် သွေးဆောင်ဖြားယောင်းခြင်းကို ကိုယ်စားပြုသည်။ အခြားသောဘာသာပြန်၊ "သူမသည် တစ်စုံတစ်ယောက်ကို ထောင်ချောက်ဆင်လျက် စောင့်ဆိုင်းနေသည်" သို့မဟုတ် "သူမသည် တစ်စုံတစ်ယောက်ကို အပြစ်ပြုရန် ဖြားယောင်း၍ ရလိုရငြား ရှာဖွေစောင့်စားနေသည်" (ရှု၊ figs_metaphor)

Proverbs 7:13-15

ထိုမိန်းမ

"ထိုမိန်းမ" သည် ကျမ်းချက် ၇:၁၀ ထဲတွင် စတင်ဖော်ပြထားသော မိန်းမကို ရည်ညွှန်းသည်။

ဘမ်းဘက်

"သူ့ကို မြဲမြံစွာ ဖက်ယမ်းလျက်"

ရဲသောမျက်နှာနှင့်

ဤနေရာတွင် "ရဲသော" ဟူသောစကားလုံးသည် "ဇွတ်တရွတ်နိုင်သော" ဟူ၍ ဖော်ပြသည်။ "ရဲသော မျက်နှာ" သည် လူတစ်ယောက်၏မျက်နှာတွင် ဖော်ပြသည့် ဇွတ်တရွတ်နိုင်သော မျက်နှာထားဟူ၍ အဓိပ္ပာယ်ရသည်။ ၎င်းသည် ထိုမိန်းမက ဇွတ်တရွတ် ပြုလုပ်နေခြင်း၊ သူမသည် မှားမှန်းသိသောအရာကို တမင်သက်သက် ပြုခြင်းတို့ကို သွယ်ဝိုက်ညွှန်းဆိုသည်။ အခြားသောဘာသာပြန်၊ "သူမ၏မျက်နှာပေါ်တွင် အရှက်ကင်းမဲ့သော မျက်နှာထားနှင့်" (ရှု၊ figs_idiom နှင့် figs_synecdoche)

ငါ့ဂတိဝတ်ကို ငါဖြေပြီ

ဤနေရာတွင် "ကတိ၊ အဓိဋ္ဌာန်" သည် ဘုရားသခင်ကို ယဇ်ပူဇော်ရန် ကတိပြုခြင်းကို ကိုယ်စားပြုသည်။ အခြားသောဘာသာပြန်၊ "ပူဇော်သကာကို ငါပြုပြီ၊ ဘုရားသခင်ထံ အဓိဋ္ဌာန် ပြုပြီ" (ရှု၊ figs_metonymy)

သင့်မျက်နှာကို ကြိုးစားရှာ၍

ဤနေရာတွင် "မျက်နှာ" သည် လူပုဂ္ဂိုလ်နှင့် အထူးသဖြင့် သူ၏အာရုံဆွဲဆောင်ထားနိုင်မှုကို ကိုယ်စားပြုသည်။ အခြားသောဘာသာပြန်၊ "သင့်ကို ရှာနေသည်" သို့မဟုတ် "သင်ရှိမည့်နေရာကို ရှာဖွေနေသည်" (ရှု၊ figs_metonymy)

Proverbs 7:16-18

ငါ့မွေ့ရာကို ... ထုံပြီ

"အိပ်ရာပေါ်တွင် ဖြန့်ကြဲသည်"

အကျော်

သစ်ပင်မှ ရသောသစ်သားဖြစ်ပြီး ကောင်းသောရနံ့ရှိသည်။

သစ်ကြံပိုး

ဤအမွှေးအကြိုင်ကို သစ်ခေါက်နှင့်ပြုလုပ်ထားပြီး အနံ့အရသာ ကောင်းမွန်သည်။

ကာမရာဂ စိတ်ကို ဖြေကြကုန်အံ့

ဤနေရာတွင် စိတ်ကူးယဉ်ဆန်၍ ကြည်နူးဖွယ်ကောင်းသော အချစ်ကို သောက်၍ကောင်းသော အရာကဲ့သို့ ပြောဆိုထားသည်။ အခြားသောဘာသာပြန်၊ "ကျွန်ုပ်တို့ အာသာပြေသည့်တိုင်အောင် အတူတကွ ကာမရာဂစိတ်ကို ဖြေပါရစေ" (ရှု၊ figs_metaphor)

Proverbs 7:19-21

အိမ်မှာမရှိ

"အိမ်တွင် ရှိမနေ"

ပွဲနေ့ (လပြည့်နေ့)

လမင်းကြီး ဓာတ်ပြားကဲ့သို့ ဝိုင်းစက်နေပြီး၊ အတောက်ပဆုံးလင်းစက်နေသည် အချိန်ကို လသည် ပြည့်နေသည်ဟူ၍ ပြောဆိုကြသည်။

သွေးဆောင်၍

တစ်စုံတစ်ယောက်ကို ထိုထိုသောနည်းလမ်းဖြင့် သွေဆောင်ဖြား‌ယောင်းသည်ကို လူတစ်ယောက်လမ်းလျှောက်နေစဉ် ဦးတည်ချက်ပြောင်းသကဲ့သို့ ပြောဆိုထားသည်။ အခြားသောဘာသာပြန်၊ "သူမက သူ့ကို သွေဆောင်ဖြားယောင်းသည်" (ရှု၊ figs_metaphor)

သူမ၏ ... သူမ ... ထိုသူကို

လုလင်ပျိုနှင့်အတူ အိပ်ချင်သော အမျိုးသမီးသည် လက်ထပ်ထားပြီးသောသူဖြစ်သည်။

ချော့မော့တတ်သောနှုတ်ခမ်း

ဤနေရာတွင် "နှုတ်ခမ်း" သည် လူတစ်ယောက်၏ ပြောစကားကို ကိုယ်စားပြုသည်။ မရိုးသားသောအကြောင်းအရာတစ်ခုဖြင့် လူတစ်ယောက်ကို မြှောက်ပင့်ပြောဆိုသောအခါ၌ ဤစကားလုံးကို ချောမွေ့သော အရာဝတ္ထုကဲ့သို့ ပြောဆိုသည်။ အခြားသောဘာသာပြန်၊ "မြှောက်ပင့်သော၊ လိမ်လည်သော စကားလုံးများ" (ရှု၊ figs_metonymy နှင့် figs_metaphor)

နိုင်သဖြင့်

"သူမသည် ဒုစရိုက်အမှုပြုရန် သူ့ကို သွေးဆောင်ခဲ့သည်" အခြားသောဘာသာပြန်၊ "သူမသည် အတူတကွအပြစ်ကျူးလွန်ရန် သူ့ကို သိမ်းသွင်းစည်းရုံးသည်"

Proverbs 7:22-23

လူပျိုသည် ထိုမိန်းမနောက်သို့ ချက်ခြင်း လိုက်သွားတတ်၏

လူပျိုသည် သူပြုမည့်အမှုအတွက် စဉ်းစားရန် အချိန်နည်းငယ်ကိုသာ ယူသည်ဟူ၍ ပေါ်လွင်ပုံရသည်။ အခြားသောဘာသာပြန်၊ "သူသည် ထိုမိန်းမနောက်သို့လိုက်ရန် အလျင်အမြန် ဆုံးဖြတ်သည်" (ရှု၊ figs_explicit)

နွားသည်အသေခံရာသို့ လိုက်သကဲ့သို့၎င်း

အတွေ့အကြုံမရှိ၊ ရောက်လာမည် အန္တရာယ်မသိ လူပျိုလိုက်လျှောက်သည့် သူမယားနှင့်ပြစ်မှားခြင်းကို တိရစ္ဆာန် သုံးကောင်တို့သည် ကျရောက်လာမည့် အန္တရာယ်ကို မသိဘဲ ရှိနေကြသည်နှင့်တူကြောင်း နှိုင်းယှဉ်ထားသည်။ (ရှု၊ figs_simile)

အသေခံ (သားသတ်သမား)

သူ့အသားကို စားရန်အတွက် တိရစ္ဆာန်တစ်ကောင် သတ်ခြင်းကို ရည်ညွှန်းသည်။

သမင်ဒရယ်

ကျမ်းချက် ၅:၁၈ အတိုင်း ဤတိရစ္ဆာန်ကို ဘာသာပြန်ပါ။

မိမိအသည်း၌ မြှားမထိုးမှီတိုင်အောင်

ဤစာကြောင်းက မုဆိုးတစ်ဦးသည် သူ၏မြားဖြင့် ပစ်ရန်အတွက် သမင်ဒရယ်ကို ထောင်ချောက်ဆင်သည်ကို ညွှန်ပြသည်။ အခြားသောဘာသာပြန်၊ "မုဆိုးသည် သူ၏အရေးကြီးဆုံးအပိုင်းကို မပစ်မီတိုင်အောင်" (ရှု၊ figs_explicit)

အသည်း

ဤနေရာတွင် ဤခန္ဓာကိုယ်အစိတ်အပိုင်းသည် သမင်ဒရယ် ခန္ဓာကိုယ်၏ အလွန်ရေးကြီးသော အစိတ်အပိုင်းကို ကိုယ်စားပြုသည်။

မိမိအသက်ဆုံးစေခြင်းငှါ

ဤသူသည် အသက်သေဆုံးရမည့်အကြောင်း ပြောဆိုသည့် ပုံစံတစ်ခုဖြစ်သည်။ အခြားသောဘာသာပြန်၊ "ထိုကဲ့သို့ အသတ်ခံရမည်" သို့မဟုတ် "သူသည် မကြာခင် သေမည်" (ရှု၊ figs_idiom)

Proverbs 7:24-25

သို့ဖြစ်၍

ဤအာလုပ်စကားသည် သွန်သင်ခြင်း၏ နိဂုံးပိုင်းကို ပြောသောသူ၏ သားများက အာရုံစိုက် သတိပြုမိလာစေရန်အတွက်ဖြစ်သည်။

ထိုသို့သော မိန်းမနေရာလမ်းကို စိတ်မငဲ့ကွက်နှင့်

ဤနေရာတွင် "လမ်း" သည် လူတစ်ယောက် ဆက်လက်လိုက်လျှောက်ရန် ရွေးချယ်သည့်လမ်းဟူ၍ အဓိပ္မာယ်ရသည်။ လူတစ်ယောက်၏ အပြုအမူကို ကိုယ်စားပြုပြီး၊ သူ့အသက်တာတွင် ပြုလုပ်မည့်အရာကို ဆုံးဖြတ်ချက်ချသည်" အခြားသောဘာသာပြန်၊ "သင်၏ စိတ်နှလုံးကို ဇနီးခင်ပွန်းရှိ ယောက်ျားနှင့် ဖောက်ပြန်တတ်သော မိန်းမ၏ လမ်းစဉ်တို့မှ ဝေးကွာသောအရပ်တွင် နေပါ" သို့မဟုတ် "သင်၏ စိတ်နှလုံးကို မယားရှိယောက်ျားနှင့် ဖောက်ပြန်တတ်သောမိန်းမ ပြုသည်အတိုင်း မပြုချင်ပါစေနှင့်" (ရှု၊ figs_metaphor)

စိတ် (သင်၏ နှလုံးသား)

ဤနေရာတွင် "နှလုံး" သည် လူတစ်ယောက်၏ ဆန္ဒရမ္မက်ကို ကိုယ်စားပြုသည်။ အခြားသောဘာသာပြန်၊ "သင်" (ရှု၊ figs_synecdoche)

သူကျင်လည်သော လမ်းခရီးသို့ လွှဲ၍မလိုက်နှင့်

ဤစာကြောင်းသည် အထက်၌ဖော်ပြပြီးသောစာကြောင်းနှင့် အဓိပ္ပာယ် ထပ်တူကျသည်။ ပထမ သတိပေးခြင်းကို အားဖြည့်ပေးသည်။ အခြားသောဘာသာပြန်၊ "သူမ လမ်းသို့လိုက်လျှောက်ရန် သင်၏ လမ်းမှန်ကို မစွန့်ပစ်ပါနှင့်" (ရှု၊ figs_parallelism)

Proverbs 7:26-27

သူသည်စစ်သူရဲအများတို့ကို လှဲလေပြီ

မြား သို့မဟုတ် လှံ ဖောက်ဝင်ခြင်းခံရသည်ဟူသည်မှာ အသေသတ်ခြင်းခံရသည်ကို ကိုယ်စားပြုသည်။ အခြားသောဘာသာပြန်၊ "သူမသည် များပြားသောလူတို့ကို သေခြင်းသို့ ရောက်စေသည်" (ရှု၊ figs_metonymy)

သူ၏အိမ်သည် သေမင်း၏ဘုံဗိမာန်သို့ဆင်း၍၊ မရဏနိုင်ငံသို့ ရောက်သောလမ်းဖြစ်၏

ဤနေရာတွင် "လမ်း" သည် မိုက်မဲသောသူတို့ ပါဝင်ပတ်သက်ရာတွင် ပြုမူကြသည့်ပုံသဏ္ဌာန်တို့ကို ကိုယ်စားပြုသည်။ "သေမင်း၏ဘုံဗိမာန်" သည် သေလွန်သောသူတို့ နေထိုင်ကြသော ကမ္ဘာ၏ အမည်ဖြစ်သည်။

သေမင်း၏ဘုံဗိမာန်သို့ဆင်း၍၊ မရဏနိုင်ငံသို့ ရောက်သောလမ်းဖြစ်၏

ဤစာပုဒ်စုနှစ်ကြောင်းသည် အခြေခံအားဖြင့် တူညီသောအဓိပ္ပာယ်ရှိကြပြီး၊ အမျိုးသမီး၏ သားကောင်တို့သည် ဖျက်ဆီးခြင်းကို ခံရမည်အကြောင်း အလေးပေး ထပ်ဆင့်ဖော်ပြသည်။ (ရှု၊ figs_parallelism)

မရဏနိုင်ငံ

ဤစကားအသုံးအနှုန်းသည် သေမင်း၏ဘုံဗိမာန်တွင် ကွဲပြားသော အခန်းအသီးသီးတို့၌ အိပ်စက်နေကြသော သူသေကို ပုံဖော်ခြင်းဖြစ်သည်။ (ရှု၊ figs_metaphor)

Proverbs 8

Proverbs 8:1-3

ယေဘုယျအချက်အလက်၊

အခန်းကြီး ၈ တွင် ဉာဏ်ပညာသည် လူအများတို့ကို ချင့်ချိန်ဆင်ခြင်တတ်ရန် သွန်သင်ပေးသော အမျိုးသမီးတစ်ဦးကဲ့သို့ ပြောဆိုသည်။ (ရှု၊ figs_personification)

ယေဘုယျအချက်အလက်၊

အခန်းကြီး ၈ တွင် ကျမ်းပိုဒ်များသည် အလားတူမှုများရှိသည်။ (ရှု၊ figs_parallelism)

ဥာဏ်ပညာသည်ခေါ်၍ မိမိအသံကို လွှင့်သည် မဟုတ်လော

ဤမေးခွန်းကို စာဖတ်သူတို့အား သူတို့သိနှင့်ပြီးသောအရာကို ပြန်လည်အသိပေးရန် အသုံးပြုသည်။ အခြားသောဘာသာပြန်၊ "ဉာဏ်ပညာက အော်ခေါ်သည်။ (ရှု၊ figs_rquestion)

ဥာဏ်ပညာသည်ခေါ်၍ မိမိအသံကို လွှင့်သည် မဟုတ်လော

ဤနေရာတွင် ဉာဏ်ပညာကို အမျိုးသမီးတစ်ဦးဟူ၍ မှတ်ယူသည်။ ဘာသာစကားတွင် ဤကဲ့သို့သော ဥပစာတင်စားမှု ခွင့်မပြုခဲ့လျှင်၊ အခြား ဖြစ်တန်ရာသော ဘာသာပြန်များမှာ၊ ၁) "ဉာဏ်ပညာသည် အော်ခေါ်နေသော အမျိုးသမီးနှင့်တူသည် မဟုတ်ဘူးလား" သို့မဟုတ် "ဉာဏ်ပညာအမည်ရှိသော အမျိုးသမီးက အော်ခေါ်နေသည် မဟုတ်လား" (ရှု၊ figs_personification)

မိမိအသံကို လွှင့်သည်

ဤနေရာတွင် "အသိအမြင်" သည် "ဉာဏ်ပညာ" နှင့် အဓိပ္ပာယ်တူညီသည်။ (ရှု၊ figs_rquestion)

ကြီးသောတံခါးဝ၊ မြို့တံခါး၊ အိမ်တံခါးဝမှာ

ရှေးကာလာတွင်၊ မြို့ကြီးများသည် အဝင်ပေါက်ပါသော အပြင်ဘက်အကာအရံ ကျုံးမြိုရိုးများ ရှိကြသည်။

(သူမက) ကြွေးကြော်၍

ဉာဏ်ပညာကို လူပုဂ္ဂိုလ်အမျိုးသမီးတစ်ယောက်ကဲ့သို့ ဆက်လက် ရည်ညွှန်းသည်။ (ရှု၊ figs_personification)

Proverbs 8:4-5

ယေဘုယျအချက်အလက်၊

ဉာဏ်ပညာသည် အခန်းကြီး ၄-၃၆ တွင် လူတို့ကို စကားပြောသည်။

လူသားတို့အား အသံကို ငါလွှင့်၏

ဤနေရာတွင် "အသံ" သည် ပြောကြားသောစကားလုံးတို့ကို ကိုယ်စားပြုသည်။ အခြားသောဘာသာပြန်၊ "ငါ့စကားတို့သည် လူသားမျိုးနွယ်တို့အတွက်ဖြစ်သည်" (ရှု၊ figs_metonymy)

လူသားတို့

အနီးစပ်ဆုံးစကားလုံးဖြင့် အစားထိုးထားသည့် လူသားမျိုးနွယ်အားလုံးကို ဆိုလိုသည်။ အခြားသောဘာသာပြန်၊ "လူသားအားလုံး" (ရှု figs_metonymy)

ဉာဏ်တိမ်သောသူ

"အတွေ့အကြုံအရှိသောသူ၊ မရင့်ကျက်သောသူ"

ပညာတရားကို နားလည်ကြလော့

စိတ္တဇနာမ် စကားလုံး "ပညာတရား" သည် ပညာရှိသောသူ မည်သည်ကိုယုံကြည်ကြောင်း မည်သို့ ပြုမူတတ်ကြောင်းတို့ကို ရည်ညွှန်းသည်။ အခြားသောဘာသာပြန်၊ "ပညာရှိတို့ပြုမူပုံကို သင်ယူလေ့လာပါ" သို့မဟုတ် "ပညာတတ်ရန် မည်မျှအရေးကြီးကြောင်း သင်ယူပါ" (ရှု၊ figs_abstractnouns)

ထိုးထွင်းသောဥာဏ် ရှိကြလော့

အရာရာကို နားလည်သဘောပေါက်ခြင်းကို နားလည်တတ်သောစိတ် ရရှိနေသကဲ့သို့ ပြောဆိုထားသည်။ အခြားသောဘာသာပြန်၊ "သင်သည် အရာရာကိုသင်၏စိတ်ဖြင့် နားလည်ရန် အစပြုရမည်" (ရှု၊ figs_abstractnouns)

Proverbs 8:6-7

ငါနှုတ်မြွက်မည်

ဤနေရာတွင် "နှုတ်" သည် လူတစ်‌ယောက်၏ ပါးစပ်ကို ကိုယ်စားပြုသည်။ အခြားသောဘာသာပြန်၊ "ကျွန်ုပ်သည် ပါးစပ်ကိုဖွင့်၍ စကားပြောသောအခါ" (ရှု၊ figs_metonymy)

မှန်သော

"မှန်ကန်သော" သို့မဟုတ် "တရားမျှတသော"

ငါ့နှုတ်ထွက်စကား

ဤနေရာတွင် "နှုတ်" သည် ပြောသောလူပုဂ္ဂိုလ်ကို ကိုယ်စားပြုသည်။ အခြားသောဘာသာပြန်၊ "ကျွန်ုပ် စကားပြောသည်" (ရှု၊ figs_metonymy)

သမ္မာတရားနှင့်သာ ဆိုင်၍

"လူတို့ ယုံကြည်ရမည့်အကြောင်းကိုသာ"

ငါ့နှုတ်ခမ်းတို့သည် ဒုစရိုက်ကို စက်ဆုပ်ရွံ့ရှာ၏

ဤနေရာတွင် "နှုတ်ခမ်း" သည် စကားပြောသောသူကို ကိုယ်စားပြုသည်။ အခြားသောဘာသာပြန်၊ "ဒုစရိုက်သည် ကျွန်ုပ်အတွက် စက်ဆုပ်ဖွယ်ရာဖြစ်သည်" သို့မဟုတ် "ယုတ်မာသောအရာများ ပြောဆိုခြင်းသည် ကျွန်ုပ်အတွက် စက်ဆုပ်ရွံရှာဖွယ်ဖြစ်သည်" (ရှု၊ figs_metonymy)

ဒုစရိုက်

ဤနေရာတွင် စိတ္တဇနာမ် "ဒုစရိုက်" သည် ယုတ်မာသော အပြောအဆိုကို ကိုယ်စားပြုသည်။ (ရှု၊ figs_abstractnouns)

Proverbs 8:8-9

ငါဟောပြောသမျှသော စကားတို့သည်

ဤနေရာတွင် "စကား" သည် မှာကြားချက် သို့မဟုတ် သွန်သင်ချက်ကို ကိုယ်စားပြုသည်။ ထို့အတူ၊ "နှုတ်ခမ်း" သည်လည်း စကားပြောနေသောသူကို ဆိုလိုသည်။ အခြားသောဘာသာပြန်၊ "ငါသင်ပေးသော အရာများ" (ရှု၊ figs_metonymy)

ကောက်သောသဘော၊

"မှားယွင်းသော"

ရှင်းလင်း

"ရိုးသားပြီး ရှင်းလင်းသည်"

ပညာကိုရသော သူတို့အား ဟုတ်မှန်ကြ၏

ဖြစ်နိုင်ဖွယ်ရာသော အဓိပ္ပာယ်မှာ ဉာဏ်ပညာကို ရှာတွေ့သောသူက ဟောပြောသောသူ၏သွန်သင်ချက်သည် မှန်ကန်ကြောင်း လွယ်ကူစွာ သ‌ဘောပေါက်လိမ့်မည်။ ဤနေရာတွင် "စကား" သည် မှာကြားချက် သို့မဟုတ် သွန်သင်ချက်ကို ကိုယ်စားပြုသည်။ အခြားသောဘာသာပြန်၊ "အကောင်းနှင့် အဆိုးကို သိသောသူသည် ငါသွန်သင်ပေးသော မှန်ကန်ခြင်း ရှိရန်ကိုသာ စဉ်းစားမည်" (ရှု၊ figs_metonymy)

ဟုတ်မှန်

"ရိုးသား"

Proverbs 8:10-11

ငွေအရင်၊ ငါ့နည်းကို၎င်း

"သင်သည် ငွေအရင်ရရန်ထက် ငါ၏သွန်သင်ချက်တို့ကို သဘောပေါက်ရန် ပိုမိုကြိုးစားရမည်"

ပညာသည် ပတ္တမြားထက် သာ၍မြတ်၏။ နှစ်သက်ဘွယ်သမျှသော အရာတို့သည် ထိုရတနာကို မပြိုင်နိုင်ကြ

ဤနေရာတွင် အမျိုးသမီးတစ်ဦးကဲ့သို့ လူပုဂ္ဂိုလ်အဖြစ်တင်စားထားသော ဉာဏ်ပညာသည် စကားပြောနေခြင်းမဟုတ်ပါ။ သို့သော်၊ ဉာဏ်ပညာကိုယ်တိုင် စကားပြောသူအဖြစ်လည်း ဤနေရာတွင် အသုံးပြုနိုင်သည်။

Proverbs 8:12-13

ငါ့ဥာဏ်ပညာသည် သမ္မာသတိနှင့်ပေါင်း၍

သမ္မာသတိကို ဤနေရာတွင် လူပုဂ္ဂိုလ်တစ်ဦးကဲ့သို့ ကိုယ်စားပြု သုံးနှုန်းထားသည်။ (ရှု၊ figs_personification)

သမ္မာသတိ

"သတိ" သို့မဟုတ် "ကောင်းသော ဝေဖန်ပိုင်းခြားနိုင်စွမ်း"

လိမ္မာသော သိပ္ပံအတတ်များကို ဘော်တတ်၏

"သိပ္ပံအတတ်" နှင့် "ကိုယ်ပိုင်ဆုံးဖြတ်ခွင့်" တို့၏ ယေဘုယျသဘောကို အခြားနည်းလမ်းဖြင့် ဖွင့်ဆိုနိုင်သည်။ အခြားသောဘာသာပြန်၊ "ငါသည် နှံ့စပ်စွာသိပြီး ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ရှိသည်" သို့မဟုတ် "ငါသည် များပြားစွာသောအရာတို့ကို သိရှိပြီး၊ ငါသည် သတိအလွန်ထားသည်" (ရှု၊ figs_abstractnouns)

(ကိုယ်ပိုင် ဆုံးဖြတ်ခွင့်)

ကျွန်ုပ်တို့ ပြောဆိုရာတွင်နှင့် ပြုကျင့်ရာတွင် ဂရုစိုက်ခြင်း၊ အခြားသူကို နာကျင်ခြင်း သို့မဟုတ် အန္တရာယ် မဖြစ်စေရန် သတိထားခြင်း။

ကောက်သောစကားဖြင့်ပြောဆိုခြင်း

"ယုတ်မာသော အပြောအဆို"

ကောက်သော

အမှန်တရားမှ သွေဖယ်သော

Proverbs 8:14-16

(ကောင်းသော) အကြံ

"အမြော်အမြင်ရှိသော အကြံပြုချက်"

(အကြံဉာဏ်)

အခြားသူကို ကူညီရန်အတွက် အကြံဉာဏ်ပေးသည်

ကြံခိုင်သော

ကောင်းသော၊ ယုံကြည်စိတ်ချရသော

ငါသည်ဥာဏ်ဖြစ်၍

ဤနေရာတွင် ဉာဏ်ပညာသည် သူမက ထိုးထွင်းသိမြင်နိုင်သောဉာဏ်ကဲ့သို့ဖြစ်သည်။ အခြားသောဘာသာပြန်၊ "ကျွန်ုပ်တွင် ထိုးထွင်းသိမြင်နိုင်သော ဉာဏ်ရှိသည်" (ရှု၊ figs_personification)

မင်းအရာရှိတို့

တိုင်းပြည်ထဲမှ အရေးပါသောမိသားစုဝင်တို့ကို ဦးဆောင်သော ဂုဏ်သရေရှိလူကြီးမင်းများ

Proverbs 8:17-18

ချစ်

ညီအစ်ကို သို့မဟုတ် မိတ်ဆွေ သို့မဟုတ် မိသားစုဝင် အချစ်ကို ရည်ညွှန်းသည်။ မိတ်ဆွေများ သို့မဟုတ် ဆွေမျိုးများအကြား ထားရှိသော လူသားသဘာဝချစ်ခြင်းမေတ္တာဖြစ်သည်။

ကြိုးစား၍

သတိထားလျက် ဆက်လက်ကြိုးစား၍

ငါ၌စည်းစိမ်နှင့် ဂုဏ်အသရေရှိ၏

"ကျွန်ုပ်တွင် စည်းစိမ်ချမ်းသာနှင့် ဂုဏ်အသရေရှိသည်"

မြဲသော စည်းစိမ်နှင့် ဖြောင့်မတ်ခြင်းပါရမီ

"စည်းစိမ်နှင့် ဖြောင့်မတ်ခြင်းပါရမီ" က မည်သည်ကိုဆိုလိုကြောင်း ရှင်းပြသည်။ စကားစပ်ရေးရာ၌ "ထို့ကြောင့်" ကိုထည့်ပြီး ရှင်းလင်းစွာရေးသား ဖော်ပြနိုင်သည်။ အခြားသောဘာသာပြန်၊ "ထို့ကြောင့်၊ ကျွန်ုပ်ကို ရှာသောသူအား အဆုံးမရှိသော စည်းစိမ်နှင့် ဖြောင့်မတ်ခြင်းပါရမီကို ပေးမည်" (ရှု၊ writing_connectingwords)

ဖြောင့်မတ်ခြင်းပါရမီ

"ဖြောင့်မတ်စွာ နေထိုင်တတ်သော အစွမ်းအစ"

Proverbs 8:19-21

ငါပေးသောအကျိုးသည်

ဉာဏ်ပညာကထုတ်လုပ်သော သို့မဟုတ် ဖြစ်စေသော

အကျိုး

ဉာဏ်ပညာကြောင့် ရရှိသော အကျိုးအမြတ် သို့မဟုတ် တိုးတက်မှု

ငါသည် ဖြောင့်မတ်ခြင်းလမ်း ... ရှောက်သွားသည်ဖြစ်၍

ဖြောင့်မတ်စွာ နေထိုင်ခြင်းကို ဖြောင့်မတ်သောလမ်းပေါ်တွင် လျှောက်သကဲ့သို့ ပြောဆိုသည်။ အခြားသောဘာသာပြန်၊ "ငါသည် မှန်ကန်စွာ နေသည်" သို့မဟုတ် "ငါသည် မှန်သောအမှုကို ပြုသည်" (ရှု၊ figs_metaphor)

တရားသဖြင့် စီရင်ခြင်းလမ်းအလယ်၌

"ဖြောင့်မတ်ခြင်းလမ်း" ၏ဆိုလိုရင်းကို ပို၍ပြောဆိုသည်။ အခြားသောဘာသာပြန်၊ "ငါသည် လုံးဝမှန်ကန်ခြင်းကို ပြုသည်" သို့မဟုတ် "ငါသည် မှန်ကန်သောအမှုကိုသာ ပြုသည်" (ရှု၊ figs_metaphor)

ဘဏ္ဍာတိုက်

အဖိုးတန်သောအရာတို့အတွက် ကုန်လှောင်ရုံ။ ဉာဏ်ပညာသည် သူ၏နောက်လိုက်တပည့်တို့၏ ကုန်လှောင်ရုံကို အဖိုးတန်ပစ္စည်းများနှင့် ပြည့်စေတတ်သော အမျိုးသမီးကဲ့သို့ ပြောဆိုသည်။ (ရှု၊ figs_metaphor)

Proverbs 8:22-23

ရှေးအမှုတော်ကို မပြုမီ ထွက်ကြွတော်မူစကပင်

"ကျွန်ုပ်သည် သူ၏ဖန်ဆင်းတော်မူသောအချိန်ကတည်းက အရင်ဦးဆုံးသောအရာ ဖြစ်သည်"

အနန္တ ကာလ

"အလွန် ရှေးကျသောကာလ"

ကာလ

"ကာလ" ဟူသောစကားသည် အချိန်အတိုင်းအတာကို သာမန် ရည်ညွှန်းခြင်းဖြစ်သည်။

ငါသည် ဘိသိက်ခံပြီ

ကတ္တားကို ပြုသူအဖြစ် ဖော်ပြနိုင်သည်။ အခြားသောဘာသာပြန်၊ "ဘုရားသခင်က ကျွန်ုပ်ကို ပြုလုပ်ဖန်ဆင်းတော်မူသည်" (ရှု၊ figs_activepassive)

မြေကြီးမဖြစ်မှီ၊ ရှေ့ဦးစွာသော ကာလ

အစအဦး အကြောင်းကို ယေဘုယျသဘောမဆန်အောင်ဘာသာပြန်နိုင်ပါသည်။ အခြားသောဘာသာပြန်၊ "ဘုရားသခင်က ကမ္ဘာမြေကြီးကို ဖန်ဆင်းသည်အချိန်မှစ၍" (ရှု၊ figs_abstractnouns)

Proverbs 8:24-25

ယေဘုယျ အချက်အလက်၊

ဉာဏ်ပညာက ဆက်လက်ပြောဆိုသည်။ (ရှု၊ figs_personification)

တောင်ကြီးမတည်မီ

"တောင်များ၏ အခြေကို မဖြစ်စေမီ။" ကတ္တားကို ပြုသူအဖြစ် ဖော်ပြနိုင်သည်။ အခြားသောဘာသာပြန်၊ "ဘုရားသခင်က တောင်များ၏ အခြေကို ပြုလုပ်ဖန်ဆင်းပြီး နေရာတကျ ထားရှိခြင်း မတိုင်မီ" (ရှု၊ figs_activepassive)

Proverbs 8:26-27

ငါ့ကိုဖြစ်ဘွားစေ တော်မူ၏ ...

ဉာဏ်ပညာက သူမအကြောင်းကိုသူမ ပြောဆိုနေခြင်းဖြစ်သည်။ (ရှု၊ figs_personification)

ဘွားစေ (ဖွားစေ)

"ကျွန်ုပ် အသက်ရှင်လျက် ရှိခဲ့သည်"

ပြင်တော်မူသော

တစ်စုံတစ်ခုကို ဖြစ်တည်လာစေရန် ခိုင်မာသော အုတ်မြစ်ပေါ်တွင် ဖြစ်ပေါ်လာစေသည်။ အခြားသောဘာသာပြန်၊ "ဖန်ဆင်းခဲ့သည်" သို့မဟုတ် "ပြုလုပ်ခဲ့သည်"

သမုဒ္ဒရာမျက်နှာကို ကန့်ကွက်သောအမှု

ပင်လယ်ထဲက သင်္ဘောပေါ်မှလူတစ်ယောက်သည် သူ့ဘေးပတ်လည် မိုးကုတ်စက်ဝိုင်းကို မည်မျှဝေးစွာမြင်နိုင်ကြောင်း ကန့်သတ်ထားသည်ကို ရည်ညွှန်းသည်။ အခြားသောဘာသာပြန်၊ "ပင်လယ်ထဲမှ လူတစ်ယောက်သည် အရပ်မျက်နှာအားလုံးကို မည်မျှဝေးစွာမြင်နိုင်သည့်အထိ သမုဒ္ဒရာ၏ မျက်နှာပေါ်တွင် သူကအမှတ်အသားပြုသောအခါ" (UDB) (ရှု၊ figs_explicit)

(နက်ရှိုင်းခြင်း)

"သမုဒ္ဒရာ"

Proverbs 8:28-29

ယေဘုယျအချက်အလက်၊

ဉာဏ်ပညာက ဆက်လက်စကားပြောသည်။ (ရှု၊ figs_personification)

တည်စေသော

အမြဲတမ်း ဖြစ်တည်စေသော

နက်နဲ သောအရပ်၌ စမ်းရေပေါက်တို့ကို ခိုင်ခံ့စေသောအမှု

ကတ္တားကို ပြုသူအဖြစ် ရေးသားဖော်ပြနိုင်သည်။ အခြားသောဘာသာပြန်၊ "ဘုရားသခင်က နက်နဲသောအရပ်တွင် စမ်းရေတို့ကို ပြုပြင်စေသောအခါ" (ရှု၊ figs_activepassive)

နက်နဲ သောအရပ်၌ စမ်းရေပေါက်

ရှေးဟောင်းဟေဗြဲလူတို့က သမုဒ္ဒရာသည် ရေကို ပင်လယ်ကြမ်းပြင်အောက်ရှိ စမ်းရေပေါက်မှ ရသည်ဟူ၍ မှတ်ထင်ခဲ့ကြသည်။

သမုဒ္ဒရာ၌ ကန့်ကွက်သောအပိုင်းအခြားကို ရေ မလွှမ်းရမည်အကြောင်း စီရင်သောအမှု

သူသည် သမုဒ္ဒရာအတွက် ကမ်းရိုးတန်းများ ဖန်ဆင်းသည့်အချိန်တွင်။ "ပင်လယ်အတွက် အကန့်အသတ်" သည် သမုဒ္ဒရာတို့ကို ခြောက်သွေ့သောကုန်းမြေနှင့် ပိုင်းခြားထားသည်။

မြေကြီးတိုက် မြစ်တည်သော အမှုတို့ကို ပြီးစီးစေတော်မူသောအခါ

ဟေဗြဲဘာသာ စကားလုံးတွင် "မြေကြီး" သည် တစ်ခါတရံတွင် "ကုန်းမြေ" ဟူ၍လည်း အဓိပ္ပာယ်ရသည်။

မြေကြီးတိုက် မြစ်တည်သော အမှုတို့ကို ပြီးစီးစေတော်မူသောအခါ

ကတ္တားကို ပြုသူအဖြစ် ရေးသားဖော်ပြနိုင်သည်။ အခြားသောဘာသာပြန်၊ "ဘုရားသခင်က မြေကြီး၏ အခြေခံအုတ်မြစ် အကန့်အသတ်ကို တည်သောအချိန်တွင်" (ရှု၊ figs_activepassive)

Proverbs 8:30-31

အထံတော်ပါးတွင် နေ၍

ဉာဏ်ပညာသည် ဆက်လက်၍ စကားပြောနေဆဲဖြစ်သည်။ ဉာဏ်ပညာသည် ထာဝရဘုရား၏ အထံတော်ပါးတွင် သူမသည် နေကြောင်း ယခုပြောနေခြင်းဖြစ်ပြီး၊ ဆိုလိုသည်မှာ သူမသည် ကမ္ဘာကို ဖန်ဆင်းစဉ် ဘုရား၏ လက်ထောက်ဖြစ်သည်။ (ရှု၊ figs_personification)

(ကျွမ်းကျင်သော လက်မှုပညာသည်)

ပရိဘောဂ သို့မဟုတ် အိမ်များကဲ့သို့ အသုံးဝင်သော ပစ္စည်းကိရိယာတို့ကို ပြုလုပ်ရန် နှစ်ပေါင်းများစွာ လေ့ကျင့်ထားသောသူ ဖြစ်သည်။

မွေ့လျော်

"ဝမ်းမြောက်ခြင်း၏ အရင်းအမြစ်" သို့မဟုတ် "ပျော်ရွှင်ခြင်း၏ အကြောင်းအရာ"

အစဉ် မပြတ်

ပုံမှန်ပြုနေကျ သို့မဟုတ် စဉ်ဆက်မပြတ် အခြေအနေကို ဖော်ပြပြောဆိုရန် ဖြစ်သည်။ အခြားသောဘာသာပြန်၊ "အဆက်မပြတ်" သို့မဟုတ် "တစ်ချိန်လုံး" (ရှု၊ figs_idiom)

ဖန်ဆင်းတော်မူသော မြေကြီးတပြင်လုံးတွင်

"သူဖန်ဆင်းထားသော မြေတစ်ပြင်လုံး" (UDB) သို့မဟုတ် "သူဖန်ဆင်းထားသော အရာအားလုံး"

လူသားတို့နှင့်

လူသားမျိုးနွယ်အားလုံးကို ယေဘုယျ ညွှန်းဆိုခြင်းဖြစ်သည်။ အခြားသောဘာသာပြန်၊ "သူဖန်ဆင်းထားသော လူသားများ" (UDB) (ရှု၊ figs_idiom)

Proverbs 8:32-34

သို့ဖြစ်၍

ဤသွန်သင်ချက်၏ နိဂုံးပိုင်းအပေါ်တွင် သားသမီးတို့၏ အာရုံ စုစည်းရန် ပြောသောအာလုပ်စကားဖြစ်သည်။

ငါ့စကားကို နားထောင်ကြလော့

ဉာဏ်ပညာသည် သူ့ကိုယ်သူ ဆက်လက်စကားပြောနေသည်။ (ရှု၊ figs_personification)

ငါ၏လမ်းများကို စောင့်ရှောက်သောသူတို့သည်

ဤနေရာတွင် "ငါ၏လမ်းများ" သည် ဉာဏ်ပညာ၏ အပြုအမိူကု ကိုယ်စားပြုသည်။ အခြားသောဘာသာပြန်၊ "ငါသင်ပေးသည့်အတိုင်း ပြုသောသူသည်" သို့မဟုတ် "ငါ၏ ဥပမာတို့ကို လိုက်လျှောက်သောသူတို့သည်" (ရှု၊ figs_metaphor)

မပယ်ကြနှင့်

"လျစ်လျူမရှုနှင့်" အခြားသောဘာသာပြန်၊ "သေချာစွာ အာရုံစိုက်ရန်" သို့မဟုတ် "သေချာစွာ လိုက်လျှောက်ရန်" (ရှု၊ figs_litotes)

ငါ့တံခါးနားမှာ နေ့တိုင်း စောင့်လျက်၊ တံခါးတိုင်နားမှာ မြော်လင့်လျက်နေသောသူ

ဤစာကြောင်းနှစ်ကြောင်းသည် အခြေခံအားဖြင့် အဓိပ္ပာယ်တူသည်။ ဉာဏ်ပညာကို အိမ်ပိုင်ဆိုင်ထားသကဲ့သို့ ဖော်ပြထားသည်၊ "မျှော်လင့်၊ ကြည့်ရှု" ၏ ဖြစ်တန်ရာသော အဓိပ္ပာယ်များမှာ ၁) ပညာရှိတစ်ယောက်က ဉာဏ်ပညာ၏အိမ်အပြင်ဘက်မှ နံနက်စောစောတွင် သူမကိုပြုစုရန်အလို့ငှာ စောင့်ဆိုင်းသည်၊ သို့မဟုတ် ၂) ပညာရှိတစ်ယောက်က ဉာဏ်ပညာ၏အိမ်အပြင်ဘက်မှ သူမသည် လာ၍ သူ့ကို သင်ပေးမည်ကို စောင့်ဆိုင်းသည်။

Proverbs 8:35-36

ငါ့ကိုရှာ၍တွေ့သောသူသည် ... ငါ့ကိုပြစ်မှားသောသူမူကား

ဉာဏ်ပညာသည် သူ့ကိုယ်သူ ဆက်လက်စကားပြောနေသည်။ (ရှု၊ figs_personification)

ငါ့ကိုပြစ်မှားသောသူ

ဆိုလိုရင်း အပြည့်အစုံမှာ "ငါ့ကိုရှာရန် ပျက်ကွက်သူ" (ရှု၊ figs_explicit)

မိမိအသက်ဝိညာဉ်ကို

ဤနေရာတွင် "အသက်" သည် လူပုဂ္ဂိုလ်၏ အတ္တကို ကိုယ်စားပြုသည်။ (ရှု၊ figs_metonymy)

Proverbs 9

Proverbs 9:1-2

ယေဘုယျအချက်အလက်၊

ဤအခန်းတို့ကို ဉာဏ်ပညာသည် လူတို့အား ကောင်းသောအကြံဉာဏ်ပေးသော အမျိုးသမီးတစ်ဦး အဖြစ် ထင်မှတ်ထားသည့် ပုံဆောင်ဇာတ်လမ်းတစ်ခုဖြင့် အစပြုထားသည်။ (ရှု၊ figs_personification)

အိမ်ကို ဆောက်လေပြီ

ကျမ်းရေးသူက အိမ်အကြောင်းကို သူ့အိမ်ကို သူဆောက်လုပ်သော အမျိုးသမီးတစ်ဦး ဖြစ်ကဲ့သို့ ပြောဆိုထားသည်။ (ရှု၊ figs_personification)

သူ၏ အကောင်များကို သတ်၍

ဉာဏ်ပညာ တည်ခင်းပေးသော ညစာတွင် စားသောက်ကြမည့် တိရစ္ဆာန်အသားကို ရည်ညွှန်းသည်။ အခြားသောဘာသာပြန်၊ "သူမသည် ညနေစာတွင် အသားအတွက် တိရစ္ဆာန်များကို သတ်သည်" (ရှု၊ figs_metonymy နှင့် figs_explicit)

စပျစ်ရည်ကို ဘော်ပြီးမှ

ရှေးဟောင်းဣသရေလတွင်၊ လူတို့သည် စပျစ်ရည်ကို ရေဖြင့် တစ်ခါတရံ ရောခဲ့ကြသည်။ အခြားသောဘာသာပြန်၊ "သူမ၏ စပျစ်ရည်ကို ရေစပ်နှင့်ရောပြီး ပြင်ဆင်ထားသည်" (ရှု၊ figs_explicit)

စားပွဲကို ခင်းလေပြီ

"သူမသည် စားပွဲကို ခင်းသည်"

Proverbs 9:3-4

ယေဘုယအချက်အလက်၊

ဤကျမ်းပိုဒ်တို့သည် အမျိုးသမီးတစ်ဦးကဲ့သို့ လူပုဂ္ဂိုလ်အဖြစ်တင်စာသုံးနှုန်းသော ဉာဏ်ပညာ၏ အာဘော်ကို ဖော်ပြပေးရန် စတင်သည်။ (ရှု၊ figs_personification)

ကျွန်မတို့ကို စေလွှတ်၍

အမျိုးသမီးအိမ်ဖော် (ကျွန်) တို့က ဉာဏ်ပညာတည်ခင်းသော စားသောက်ပွဲတွင် လူအများတို့ လာရောက်ကြရန် သွား၍ဖိတ်ခေါ်သည်။

ကျွန်မတို့

ဉာဏ်ပညာကဲ့သို့ လေးစားဖွယ် မိန်းမကြီး၏ အစေခံဖြစ်ကြသည့် ငယ်ရွယ်သောမိန်းမများ သို့မဟုတ် အမျိုးသမီးများ။

ကြွေးကြော်လေသည်

"သူမက ကြေညာသည်" သို့မဟုတ် "သူမက ဆင့်ခေါ်သည်" အခြားသောဘာသာပြန်၊ "သူမသည် ဖိတ်ကြားခြင်းကို ကျယ်လောင်စွာ ကြွေးကြော်သည်"

မြို့တွင် အမြင့်ဆုံးသော အရပ်တို့၌

ဖိတ်ကြားခြင်းကို လူအများတို့က ကောင်းမွန်ပြတ်သားစွာကြားရမည့် အမြင့်ဆုံးသောအရပ်မှ ကြွေကြော်ခြင်းဖြစ်သည်။

ဥာဏ်တိမ်သောသူသည် ... ပညာမရှိသောသူ

ဤစာကြောင်းနှစ်ကြောင်းသည် သူတို့၏ ဘဝတွင် ဉာဏ်ပညာကို သာ၍လိုလားသည့် တူညီသော လူအုပ်ကို ဖော်ပြသည်။ ဤနေရာတွင် မေးခွန်းက ထိုကဲ့သို့သောသူအားလုံးကို လိပ်မူသည်။ အခြားသောဘာသာပြန်၊ "ဉာဏ်တိမ်သောသူ၊ ... ကောင်းသော ဆင်ခြင်တုံတရား မရှိသောသူ"

ဥာဏ်တိမ်သောသူ

"အတွေ့အကြုံ မရှိသောသူ သို့မဟုတ် မရင့်ကျက်သောသူ"

ဤအရပ်သို့ဝင်စေ

"သူ၏ လမ်းကိုစွန့်ပြီး ကျွန်ုပ်၏အိမ်ထဲသို့ ဝင်လာပါစေ"

Proverbs 9:5-6

ယေဘုယျအချက်အလက်၊

ဤကျမ်းပိုဒ်သည် ဉာဏ်ပညာ၏ အာဘော်ကို ဆက်ပြောသည်။

လာလော့ ... စားလော့ ... သောက်လော့ ... ရှောင်လော့ ... ရလော့ ... လိုက်လော့

ဤစေခိုင်းချက်အမိန့်အားလုံး အများကိန်းဖြစ်ပြီး၊ ဉာဏ်ပညာက လူအများကို တစ်ပြိုင်နက်တည်း လိပ်မူပြောဆိုနေသည်။

ငါဘော်သော စပျစ်ရည်ကို

ရှေးဟောင်းဣသရေလတွင်၊ လူတို့သည် စပျစ်ရည်ကို ရေဖြင့် ရံဖန်ရံခါ ရောခဲ့ကြသည်။ အခြားသောဘာသာပြန်၊ "သူမ၏ စပျစ်ရည်ကို ရေစပ်နှင့်ရောပြီး ပြင်ဆင်ထားသည်" (ရှု၊ figs_explicit)

မိုက်သောသူကို ရှောင်၍

ဤနေရာတွင် ဉာဏ်တိမ်သောသူ၏ အပြုအမူတို့ကို လူတစ်ယောက်က တစ်နေရာတွင် ထားခဲ့၍ရနိုင်သကဲ့သို့ပြောဆိုသည်။ အခြားသောဘာသာပြန်၊ "သင်၏ ဉာဏ်တိမ်သော အပြုအမူကို ရပ်လိုက်ပါ" (ရှု၊ figs_metaphor)

မိုက်သော

"အတွေ့အကြုံမရှိသော၊ မရင့်ကျက်သေးသော အပြုအမူများ"

ပညာလမ်းသို့

ဤနေရာတွင် ဉာဏ်ပညာကို နားလည်သဘောပေါက်သည် လုပ်ငန်းစဉ်ကို လူတစ်ယောက် လိုက်လျှောက်နိုင်သော လမ်းတစ်လမ်းကဲ့သို့ ပြောဆိုသည်။ အခြားသောဘာသာပြန်၊ "ပညာရှိသောသူ၌ရှိသော နေထိုင်ပြုမူပုံ" (ရှု၊ figs_metaphor)

Proverbs 9:7-9

ယေဘုယျအချက်အလက်၊

ဤကျမ်းပိုဒ်သည် ဉာဏ်ပညာ၏ အာဘော်ကို ဆက်ပြောသည်။

ဆုံးမသောသူ ... လူဆိုးကိုအပြစ်ပြသောသူ

ဤစာကြောင်းနှစ်ကြောင်းသည် အခြေခံအားဖြင့် တူညီသောအကြောင်းအရာကို ပြောဆိုသည်။ (ရှု၊ figs_parallelism)

မထီမဲ့မြင်ပြုသောသူ

လူတို့ကို သရော်နေကျသူ။ အခြားသောဘာသာပြန်၊ "အခြားသူတို့ အကြောင်းကို စော်ကားပြောဆိုတတ်သောသူ" (UDB) သို့မဟုတ် "အခြားသူတို့ အဆင်မပြေသည်ကို မြင်လိုသောသူ"

အရှက်ကွဲခြင်း ... ခံရလိမ့်မည်

"ဆိုးဝါးပြင်းထန်သော ဆက်ဆံခြင်းကို ခံရမည်"

အပြစ်ပြသောသူသည်

"ပြုပြင်သောသူသည်"

မဆုံးမနှင့်

"မပြုပြင်နှင့်"

ပညာရှိသော သူကိုဆုံးမလျှင်၊ သူသည် ... ဖြောင့်မတ်သောသူကို သွန်သင်လျှင်၊ သူသည်

ဤအဆိုအမိန့်နှစ်ခုစလုံးတို့သည် ချွတ်ယွင်းချက်သဘောဆောင်သော အကြောင်းကို အမှန်အကန် သရုပ်ဖော်သည်။ အခြားသောဘာသာပြန်၊ "သင်သည် ပညာရှိသောသူကို ပေးသည်ရှိသော်၊ သူသည် ... သင်သည် ဖြောင့်မတ်သောသူကို သင်ပေးသည်ရှိသော်၊ သူသည်"

ပညာရှိသော သူကိုဆုံးမ ... ဖြောင့်မတ်သောသူကို သွန်သင်

ဤစာကြောင်းနှစ်ကြောင်းသည် အခြေခံအားဖြင့် တူညီသောအကြောင်းအရာကို ပြောဆိုသည်။ (ရှု၊ figs_parallelism)

ပညာရှိသော သူကိုဆုံးမ

ပညာရှိသောသူကို သွန်သင်ပေးခြင်းကို ရည်ညွှန်းသည်။ (ရှု၊ figs_explicit)

Proverbs 9:10-18

ယေဘုယျအချက်အလက်၊

ဤကျမ်းပိုဒ်တို့သည် ဉာဏ်ပညာ၏ အာဘော်ကို အဆုံးသတ်သည်။

ထာဝရဘုရားကို ကြောက်ရွံ့သော သဘောသည်

ကျမ်းချက် ၁:၇ ကဲ့သို့ ဤစာကြောင်းကို ဘာသာပြန်ပါ။

ငါ့ကိုအမှီပြု၍၊ သင်၏ နေ့ရက်ကာလနှင့် အသက်အပိုင်းအခြား နှစ်ပေါင်းကာလ တိုးပွါးလိမ့်မည်

ကတ္တားကို ပြုသူအဖြစ်လည်း ဖော်ပြနိုင်ပါသည်။ အခြားသောဘာသာပြန်၊ "ငါသည် သင်၏နေ့ရက်များကို တိုးပွားစေမည်" သို့မဟုတ် "ငါသည် သင့်ကို နေ့ရက်ပေါင်းများကို အသက်ရှင်နေထိုင်ရန် ပိုမိုရရှိစေမည်" (ရှု၊ figs_activepassive)

ငါ့ကိုအမှီပြု၍

မိန်းမတစ်ဦးကဲ့သို့ လူပုဂ္ဂိုလ်ပြုထားသော ဉာဏ်ပညာသည် ဤနေရာတွင် ဆက်လက်၍ စကားပြောဆိုသည်။ (ရှု၊ figs_personification)

သင်၏ နေ့ရက်ကာလနှင့် အသက်အပိုင်းအခြား နှစ်ပေါင်းကာလ တိုးပွါးလိမ့်မည်

ဤစာကြောင်းနှစ်ကြောင်းသည် အခြေခံအားဖြင့် တူညီသောအဓိပ္ပာယ်ရှိပြီး၊ ဉာဏ်ပညာ၌ရှိသည် ကြီးမားသော အကျိုးအမြတ်ကို အလေးပေးရန် အသုံးပြုခြင်းဖြစ်သည်။ (ရှု၊ figs_parallelism)

သင်၏ နေ့ရက်ကာလနှင့် အသက်အပိုင်းအခြား နှစ်ပေါင်းကာလ တိုးပွါးလိမ့်မည်

ဉာဏ်ပညာသည် အသက်အပိုင်းအခြား နှစ်ပေါင်းကာလကို ရုပ်ဝတ္ထု ပစ္စည်းကဲ့သို့ ပြောဆိုသည်။ ကတ္တားကို ပြုသူအဖြစ် ဖော်ပြနိုင်သည်။ အခြားသောဘာသာပြန်၊ "ငါသည် သင်၏အသက်တာနှစ်ပေါင်းကို ဖြည့်ဆည်းပေးမည်" သို့မဟုတ် "ငါသည် သင်၏အသက်၌ နှစ်များ ဖြည့်ဆည်းပေးမည်" သို့မဟုတ် "ငါသည် သင်၏အသက်ပိုမိုရှည်လျားစွာ နေထိုင်စေရန် အထောက်အကူပေးမည်" (ရှု၊ figs_metaphor and figs_activepassive)

သင်သည်ပညာရှိလျှင်၊ ... မထီမဲ့ပြုလျှင်

ဤစာကြောင်းနှစ်ကြောင်းတို့သည် ပညာရှိသောသူတို့က သူတို့၏ ဉာဏ်ပညာကြောင့် အကျိုးကျေးဇူးများ ရရှိကြပြီး၊ မထိမဲ့မြင်ပြုသောသူက သူတို့၏ အပြုအမူကြောင့် ထိခိုက်နစ်နာမည် ဟူ၍ အဓိပ္ပာယ်ရပါသည်။

ခံရလိမ့် မည်

တစ်ယောက်သောသူ၏ ဆိုးသော အပြုအမူ၏ အကျိုးအဆက်ကို တစ်စုံတစ်ယောက်မှ သူ၏နောက်ကျောတွင် လေးလံသော ပစ္စည်းကို ထမ်းပိုးရသကဲ့သို့ ဖြစ်ကြောင်း ပြောဆိုသည်။ (ရှု၊ figs_metaphor)